Connect with us

Africa & Middle East

ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ တစ်နှစ်တာ ဓာတ်ပုံမှတ်တမ်း ပုံရိပ်များ

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ခန်ယွန်းနစ်မြို့ရှိ အစ္စရေး လေကြောင်းတိုက်ခိုက်မှုအတွင်း ပျက်စီးခဲ့သည့် ဗလီကျောင်းအနီးတွင် ရပ်နေသူများအား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ ရုတ်ခြည်း ပေါက်ကွဲဖြစ်ပွားခဲ့သည်။
စစ်မက်မီးလျှံ တစ်နှစ်ကြာ လောင်မြိုက်ပြီး ဖြစ်သလို ပါလက်စတိုင်း-အစ္စရေး ဂါဇာကမ်းမြောင်စစ်ရေးပဋိပက္ခများ ဆက်လက်ဖြစ်ပွားလျက်ရှိပေသည်။ ပဋိပက္ခအတွင်း ပါလက်စတိုင်း သေဆုံးသူ ၄၁,၀၀၀ ကျော်၊ ဒဏ်ရာရှိသူ ၉၆,၀၀၀ ကျော် ရှိခဲ့ရာ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းများဆိုးရွားခြင်း၊ အပစ်ရပ်ရေးဆွေးနွေးမှုမှာလည်း ကျဉ်းထဲကျပ်ထဲကျနေသည်။ စက်တင်ဘာလမှစ၍ လက်ဘနွန်-အစ္စရေး ပဋိပက္ခ ရုတ်ခြည်းအရှိန်မြင့်တက်လာခြင်း၊ အီရန်က အစ္စရေး နေရာအများအပြားကို ဒုံးကျည်များဖြင့် ပစ်ခတ်ခြင်းခဲ့ပြီး…ပဋိပက္ခ ပြင်ပသို့ ယိုလျှံသက်ရောက်မှုများ ဆက်တိုက်ဖြစ်ပွားလာရာ ဒေသတွင်း အခြေအနေအန္တရာယ်မြင့်တက်လာသည်။

တစ်နှစ်တာအတွင်း လူသေဆုံးသူများ၊ ခွဲခွါရသူများ၊ အပျက်အစီးများ၊ အသက်ရှင်ရေးထွက်ပြေးရသူများ၊ ကျည်ဆန်မီးလျှံများသည် ဓာတ်ပုံ၏ ပုံရိပ်တိုင်းတွင် စွဲထင်ကျန်ရစ်နေရာ အပြစ်မဲ့ပြည်သူများ၏အသက်အိုးအိမ်အပေါ် စစ်မက်မီးလျှံ၏ ရက်စက်သည့် ကြေကွဲဖွယ်ဖြစ်ရပ်များကို ဖော်ပြလျက် ရှိပေသည်။
ဓာတ်ပုံသည် စစ်မက်၏ဆုံးရှုံးမှုများကိုသာမက လူသားမျိုးနွယ်တို့၏ မျှော်လင့်ချက်ကင်းမဲ့ချိန် ငြိမ်းချမ်းရေး၏ တောင့်တမှုများကို မှတ်တမ်းတင်ခြင်းဖြစ်ပါသည်။ မိမိတို့အနေဖြင့် ဓာတ်ပုံမှတ်တမ်းများမှတစ်ဆင့် အကြမ်းဖက်မှုများ အဆုံးသတ်ရန်၊ နာကျင်မှုဒုက္ခများကို ရုပ်လွှာဓာတ်ပုံဖြင့် မှတ်တမ်းတင်ရန်မလိုအပ်သည့် အနာဂတ်ကို ဖော်ဆောင်ရန် တိုက်တွန်းအပ်ပေသည်။ (Xinhua)

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ရာဖာမြို့၌ အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း ပျက်စီးခဲ့သည့် အဆောက်အဦများကြားတွင် အမျိုးသားတစ်ဦးက မိန်းကလေးငယ်အား ချီ၍ ဖြတ်သန်းသွားသည်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်းတွင် မြောက်ပိုင်းနေရပ်သို့ ပြန်နေသည့် လူအုပ်ကြီးအား ၂၀၂၄ ခုနှစ် ဧပြီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………
(Chinese Version)
新华全媒+|回望与呼唤:巴以冲突一周年影像纪实
2023年10月7日,新一轮巴以冲突爆发。
战火持续已一年,巴以在加沙地带军事冲突不断,超过4.1万巴勒斯坦人在冲突中死亡、逾9.6万人受伤,人道危机加剧,停火谈判陷入僵局。9月以来,黎以冲突陡然升级、伊朗向以色列多地发射导弹……冲突外溢影响不断,地区局势风险升级。
一年来,死亡、分离、废墟、逃亡、炮火被定格在镜头中,展现着战火给无辜生命带来的惨烈悲剧。
影像记录的不仅是战争的代价,更是人类在绝望中对和平的渴望。透过它们,我们呼唤结束暴力,呼唤一个无需再用镜头捕捉苦难的未来。
1. 2023年10月8日,在加沙地带南部城市汗尤尼斯,人们站在一座被以色列空袭炸毁的清真寺旁。新华社发(亚西尔·库迪摄)
2. 2023年10月12日,在加沙地带南部城市拉法,一名男子抱着小女孩走在遭以色列空袭的受损建筑旁。 新华社发(哈立德·奥马尔摄)
3. 这是2024年4月14日在加沙地带中部拍摄的向北返家的人群。新华社发(里泽克·阿卜杜勒贾瓦德摄)