Connect with us

China

သတ္တမမြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) -အချိန်နှင့်အမျှ ပိုမိုကောင်းမွန်လာ၊ CIIE ကျင်းပလာသည်မှာ ခုနစ်နှစ်ပြည့်ပြီဖြစ်

သတ္တမအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ကျင်းပရာနေရာဖြစ်သည့် ရှန်ဟိုင်းမြို့ရှိ အမျိုးသား ပြပွဲနှင့် ကွန်ဗင်းရှင်းစင်တာ အပြင်ဘက်မြင်ကွင်းကို နိုဝင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ကျင်းပလာသည်မှာ ခုနစ်နှစ်ထဲရောက်ရှိလာပြီ ဖြစ်သည်။

ကမ္ဘာ့စီးပွားရေး “အေးစက်မှု” အောက်တွင် ဤပြပွဲ၏ စိတ်အားထက်သန်မှုက လျော့နည်းသွားခြင်းမရှိပေ။ နိုင်ငံနှင့် ဒေသပေါင်း ၁၂၉ ခုမှ ကုန်သည်လုပ်ငန်းပေါင်း ၃,၄၉၆ ခုသည် တောတောင်ပင်လယ်များဖြတ်ကျော်လာရောက်ကာ ဥရောပ-အမေရိကန် ခေတ်မီနည်းပညာ ထုတ်ကုန်များမှ အာဖရိက လယ်ယာထွက်ကုန်များအထိ ထုတ်ကုန်အသစ်၊ နည်းပညာအသစ်နှင့် ဝန်ဆောင်မှုအသစ်ပေါင်း ၄၀၀ ကျော်ကို တရုတ်နိုင်ငံ စျေးကွက်ကြီးတွင် ဝေဝေဆာဆာ အပြိုင်အဆိုင် ခင်းကျင်းပြသခဲ့ကြသည်။

ကမ္ဘာတွင် တင်သွင်းခြင်း ဟူသော ခေါင်းစဉ်ဖြင့် ပထမဆုံး ကျင်းပသည့် နိုင်ငံအဆင့် ပြပွဲကြီးအနေဖြင့် CIIE သည် ၂၀၁၈ ခုနှစ် စတင်ဖွင့်လှစ်ချိန်မှစ၍ တရုတ်နိုင်ငံ၏ ကမ္ဘာတစ်ဝန်းအပေါ် ထားရှိသောကတိကဝတ်များဖြစ်သည့် “တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲကို နှစ်စဉ်ကျင်းပသွားမည်သာမက အဆင့်မြင့်မြင့်၊ ထိရောက်အောင်မြင်မှုရှိရှိ၊ ပိုမိုကောင်းမွန်သည်ထက် ကောင်းမွန်အောင် ကျင်းပသွားမည်”၊ ပေါများကြွယ်ဝသော စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုရလဒ်များဖြင့် ချည့်နဲ့နေသည့် ကမ္ဘာ့စီးပွားရေးအတွက် အနွေးဓာတ်များ ဆက်တိုက် ဖြည့်တင်းပေးသွားမည်ဟူသော ကတိကဝတ်များကို အစဉ်အမြဲဖော်ဆောင်လျက်ရှိသည်။

လွန်ခဲ့သည့် ၆ နှစ်အတွင်း နှစ်စဉ်နှစ်တိုင်း နိုင်ငံနှင့် ဒေသပေါင်း ၁၀၀ ကျော်မှ ကုန်သည်များ ပါဝင်ပြသရန် လာရောက်စုစည်းခဲ့ကြရာ စုစုပေါင်း ပြည်ပကုမ္ပဏီပေါင်း သောင်းနှင့်ချီ ပါဝင်ပြသခဲ့ကြသလို အလားအလာရှိသည့် အရောင်းအ၀ယ်ပမာဏမှာ အမေရိကန်ဒေါ်လာ ၄၂၀ ဘီလီယံကျော် ရှိခဲ့ကြောင်း၊ သတ္တမအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲတွင် ပါဝင်ပြသသည့် နိုင်ငံ (ဒေသ) များနှင့် ကုမ္ပဏီလုပ်ငန်းအရေအတွက် အားလုံးမှာ ယခင်အကြိမ်ထက် ပို၍ များပြားကြောင်း သိရသည်။
အဆိုပါ နိုင်ငံတကာကုမ္ပဏီများနှင့် အဖွဲ့အစည်းများသည် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ကြပြီး တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို မျက်မြင်သက်သေပြုခဲ့ကြကြောင်း၊ ၎င်းတို့သည် တရုတ်နိုင်ငံကို ပို့ကုန်နေရာအဖြစ်သာမက အရေးကြီးသော ရင်းနှီးမြှုပ်နှံမှုနေရာ၊ လုပ်ငန်းစတင်တည်ထောင်ရာနေရာ အဖြစ်လည်း သတ်မှတ်ပြီး တရုတ်နိုင်ငံ ဈေးကွက်ကို အကောင်းမြင်ကြောင်းနှင့် ဆက်လက်၍ နက်နက်ရှိုင်းရှိုင်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လက်တွေ့ပြသခဲ့သည်။

ပါဝင်ပြသခဲ့သည့် ကုန်သည်လုပ်ငန်းရှင် ၃,၀၀၀ ကျော်အနက် ကုမ္ပဏီလုပ်ငန်းနှင့် အဖွဲ့အစည်း ၁၈၆ ခုသည် ၇ ကြိမ် ဆက်တိုက် “မပြတ်မလပ်ပါဝင်တက်ရောက်ခဲ့သူများ” ဖြစ်သည်။

“CIIE က အဖိုးတန်တဲ့ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းတွေကို ယူဆောင်လာပြီး ပြပွဲတိုင်းမှာ တရုတ်စျေးကွက်ရဲ့ တက်ကြွမှုနဲ့ အလားအလာတွေကို ခံစားရနိုင်တယ်” ဟု ၇ နှစ်ဆက်တိုက် ပြပွဲ တက်ရောက်ခဲ့သည့် Zeiss Greater China ၏ ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ Foster က ပြောကြားခဲ့သည်။ အနာဂတ်တွင် တရုတ်နိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုများကို တစ်ဆင့် ထပ်၍ တိုးချဲ့သွားမည်ဖြစ်သလို တရုတ်နိုင်ငံ ပြည်တွင်းရှိ နည်းပညာကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မိတ်ဟောင်း ဆွေဟောင်းများနှင့် မကြာခဏ တွေ့ဆုံကြသလို လူသစ်များသည်လည်း ပို၍ များပြားလို့လာခဲ့သည်။ ယခုနှစ်တွင် နိုင်ငံနှင့် ဒေသပေါင်း ၅၀ ကျော်မှ နိုင်ငံရပ်ခြား စီးပွားရေး အသင်းအဖွဲ့ ၇၀ ကျော်က အသေးစားနှင့် အလတ်စား ကုမ္ပဏီလုပ်ငန်းပေါင်း ၁,၅၀၀ ကျော်ကို ခေါ်ဆောင်၍ အဖွဲ့လိုက် CIIE သို့ ပါဝင်တက်ရောက်ခဲ့ပြီး ၎င်းအနက် အသစ်ပါဝင်လာကြသော အဖွဲ့များမှာလည်း မနည်းကြပေ။

ဇီဝသိပ္ပံ ယှဉ်ပြိုင်မှုလမ်းကြောင်းအပေါ် အာရုံစိုက်ကြည့်မည်ဆိုလျှင် ပြပွဲတွင် ပထမဆုံးအကြိမ် ပါဝင်ခဲ့သည့် Asieris Meditech (Hong Kong) သည် သားအိမ်ခေါင်းကင်ဆာရောဂါမဖြစ်မီ ခွဲစိတ်စရာမလိုသော အလင်းကုထုံးနှင့် ဆေးဝါးပေါင်းစပ်သည့် ထုတ်ကုန်ပစ္စည်း (Photodynamic therapy drug-device combination product) ကို ပြသခဲ့သည်။
“CIIE က ကမ္ဘာလုံးဆိုင်ရာ ဆန်းသစ်တီထွင်မှု ထုတ်ကုန်တွေနဲ့ နည်းပညာတွေကို ပြသတဲ့ ပြတင်းပေါက်တစ်ခုဖြစ်တယ်။ လက်ရှိအခွင့်အလမ်းတွေကို အသုံးပြုကာ ဆေးကုသမှုမှာ လိုအပ်တဲ့ ထုတ်ကုန်ပစ္စည်းတွေကို အရှိန်မြှင့် ဖြည့်ဆည်းပေးပြီး တရုတ်နိုင်ငံကို ရောက်ရှိဖို့၊ လူနာတွေကို အမြန်ဆုံး အကျိုးရှိစေဖို့အတွက် တွန်းအားပေးဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု Asia Hong Kong ၏ စတင်တည်ထောင်သူ၊ ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ ဖန်ခဲက ပြောကြားခဲ့သည်။

ပြပွဲတွင် ပါဝင်ပြသခဲ့သည့် ကုန်သည်လုပ်ငန်းပေါင်း ၃,၀၀၀ ကျော်အနက် ကုမ္ပဏီလုပ်ငန်းအများအပြားသည် ကမ္ဘာတစ်ဝန်းရှိ ထုတ်ကုန်အသစ်များ၊ နောက်ဆုံးပေါ်ခေတ်မီနည်းပညာများ၊ ဝန်ဆောင်မှု ဆန်းသစ်တီထွင်မှုများ ယူဆောင်လာခဲ့ကြသည်။

တံခါးဖွင့်ခြင်းဖြင့် ဆန်းသစ်တီထွင်မှုကို မြှင့်တင်ခဲ့သည်။ ယခင် ကျင်းပခဲ့သော CIIE ပြပွဲ ၆ ကြိမ်တွင် ကိုယ်စားပြုအဖြစ်သတ်မှတ်နိုင်သော ပထမဆုံးအကြိမ် စတင်မိတ်ဆက်ခဲ့သည့် ထုတ်ကုန်အသစ်များ၊ နည်းပညာသစ်များနှင့် ဝန်ဆောင်မှုအသစ်များ စုစုပေါင်း ၂,၅၀၀ ခန့်ကို ပြသခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာလုပ်ငန်းများအတွက် ဆန်းသစ်တီထွင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းတစ်ခုတည်ဆောက်ကာ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုဖြင့် ခြေလှမ်းများ ရှေ့သို့တက်လှမ်းနိုင်ရန် တရုတ်နိုင်ငံကို အားဖြည့်ကူညီပေးခဲ့သည်။

ဒစ်ဂျစ်တယ် စီးပွားရေး၊ အစိမ်းရောင်ကာဗွန်လျော့နည်းရေး၊ ဇီဝသိပ္ပံ၊ ထုတ်လုပ်ရေးနည်းပညာစသည့် ယှဉ်ပြိုင်မှုလမ်းကြောင်း ၄ ခု က တီထွင်ဆန်းသစ်မှု အစပျိုးရာ သီးသန့်ပြခန်းအဖြစ် အဆင့်မြှင့် ဖန်တီးခြင်း၊ ကုန်ကြမ်းအသစ်များအတွက် သီးသန့်ပြခန်း ပထမဆုံးထားရှိခြင်း၊ မော်တော်ကားပြခန်းတွင် အနာဂတ် သွားလာရေး၌ မရေမတွက်နိုင်သော ဖြစ်နိုင်ခြေများကို ပြသခြင်း စသည်တို့သည် သတ္တမအကြိမ်မြောက် CIIE က ကုန်ထုတ်စွမ်းအားသစ်ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်၍ သိပ္ပံနည်းပညာနှင့် စီးပွားရေး နက်ရှိုင်းစွာ ပေါင်းစည်းရေးကို မြှင့်တင်ခဲ့သည်။

ဂျာမနီ ကုမ္ပဏီလုပ်ငန်း Merck သည် ယခုနှစ် ကုန်ကြမ်း သီးသန့်ပြခန်း၏ ပထမဆုံးတစ်သုတ် ပြပွဲ တက်ရောက်ခဲ့သည့် ကုမ္ပဏီလုပ်ငန်းများအနက် တစ်ခုဖြစ်သည်။ “CIIE က ခေတ်မီဆန်းသစ်တီထွင်မှု ရလဒ်အဖြစ် ပြောင်းလဲခြင်းနဲ့ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးအတွက် ‘အားဆေး’ ဖြစ်တယ်” ဟု Merck Group ၏ တစ်ကမ္ဘာလုံးဆိုင်ရာ အမှုဆောင် ဒုဥက္ကဋ္ဌ၊ တရုတ်နိုင်ငံဆိုင်ရာ Merck ဥက္ကဋ္ဌ ဟယ်မုချီက ပြောကြားခဲ့သည်။ CIIE မှတစ်ဆင့် ပြည်တွင်း ဆန်းသစ်တီထွင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်၍ လုပ်ငန်းအားလုံးအတွက် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

CIIE ၏ “မိတ်ဆွေဟောင်း” ဖြစ်သော Merck Sharp & Dohme (MSD) သည် ဆေးကုသရေးစက်ကိရိယာများ၊ ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပြခန်း၏ အဓိကပြသသူဖြစ်ပြီး နောက်ဆုံးပေါ် သိပ္ပံနည်းကျ သုတေသနရလဒ်များကို ယူဆောင်လာကာ HPV ကာကွယ်ဆေးများ၊ အကျိတ်ကုသရေးအတွက် ဆေးဝါးများ စသည့် ဆန်းသစ်သောဆေးဝါးပေါင်းစပ်မှုများနှင့် ဆေးကုသရေးနည်းလမ်းများကို အဓိကထား ပြသခဲ့သည်။ “CIIE ရဲ့ ပြတင်းပေါက်ကနေတစ်ဆင့် ဆေးကုသရေးနည်းပညာဆန်းသစ်တီထွင်မှုနဲ့ နည်းပညာ ရလဒ်ပြောင်းလဲခြင်းကို အရှိန်မြှင့်တင်ကာ ဖြည့်ဆည်းထားခြင်းမရှိသေးတဲ့ ဆေးကုသရေး လိုအပ်ချက် အများအပြားကို ဖြေရှင်းပြီး တရုတ်နိုင်ငံနဲ့ ကမ္ဘာလုံးဆိုင်ရာ အများပြည်သူ ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားဖြည့်တွန်းအားပေးဖို့ မျှော်လင့်ပါတယ်” ဟု MSD ၏ ကမ္ဘာလုံးဆိုင်ရာ အကြီးတန်း ဒုဥက္ကဋ္ဌ၊ တရုတ်နိုင်ငံဆိုင်ရာ MSD ဥက္ကဋ္ဌ ထျန်အမ်းနာ့က ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံဟာ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးရဲ့ အစဉ်အမြဲ အရေးပါတဲ့ အခွင့်အလမ်း”၊ “ဘယ်နိုင်ငံတစ်ခု၊ ဘယ်တစ်ယောက်ကိုမျှ မကျန်ရစ်စေရဘူး” ဆိုသည်ကို CIIE က လက်တွေ့လုပ်ဆောင်မှုများဖြင့် ပူးပေါင်းဆောင်ရွက်မှုမှ ဘုံအကျိုးဖြစ်ထွန်း၍ ကမ္ဘာကြီးအား အကျိုးပြုခဲ့သည်။

ပြပွဲတွင် ပါဝင်ပြသခဲ့သည့် ကုန်သည်လုပ်ငန်းပေါင်း ၃,၀၀၀ ကျော်အနက် တချို့မှာ ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ဆုံးနိုင်ငံများမှ ဖြစ်သည်။

သတ္တမအကြိမ်မြောက် CIIE တွင် ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ဆုံး ၃၇ နိုင်ငံကို ပါဝင် ပြသရန် ပံ့ပိုးပေးကာ ပြပွဲဆိုင်ခန်းနေရာ ၁၂၀ ကျော်ကို အခမဲ့ပေးပြီး အာဖရိက ထုတ်ကုန်ပစ္စည်းများ သီးသန့်ပြခန်းကို တိုးချဲ့လက်ခံခဲ့သည်။

ပျားရည်ထုတ်လုပ်ရောင်းချမှု လုပ်ငန်းလုပ်ဆောင်သော တန်ဇန်းနီးယားနိုင်ငံမှ “အနာဂတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီ” သည် ယခုနှစ်တွင် ပထမဆုံးအကြိမ် CIIE ၌ ပါဝင်ခဲ့ခြင်း ဖြစ်သည်။ သတ္တမအကြိမ်မြောက် CIIE သည် တန်ဇန်းနီးယားနိုင်ငံ ပျားရည်ထုတ်ကုန် လုပ်ငန်းရှင်များအတွက် အရေးပါသော အခွင့်အလမ်းဖြစ်ပြီး အလွန်ကျယ်ပြန့်ကြီးမားသော တရုတ်နိုင်ငံ ဈေးကွက်ကို ဝင်ရောက်နိုင်ရန်နှင့် ဈေးကွက်၌ အခိုင်အမာ ခြေလှမ်း လှမ်းနိုင်ရန် မျှော်လင့်ကြောင်း ယင်းကုမ္ပဏီမန်နေဂျာက ပြောကြားခဲ့သည်။

CIIE ၏ “ပြည့်လျှံလာသည့် အကျိုးသက်ရောက်မှု” မှာ ကမ္ဘာတစ်ဝန်းတွင် သိသိသာသာ ပေါ်လွင်လျက်ရှိသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဂုန်လျှော် လက်မှုပစ္စည်း၊ အာဖဂန်နစ္စတန်၏ ကော်ဇောခင်း…စသည့် ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ဆုံးနိုင်ငံများမှလာသည့် ကုန်ပစ္စည်း ပိုမိုများပြားလာခဲ့ရာ CIIE ၏ ကျယ်ပြန့်သော ပလက်ဖောင်းမှတစ်ဆင့် တရုတ်နိုင်ငံ ဈေးကွက်သို့ ဝင်ရောက်ကာ ကမ္ဘာ့စီးပွားရေးနှင့် ပေါင်းစည်းလာသည်။

တံခါးဖွင့်လှစ်ခြင်းသည် ကမ္ဘာကြီး သာယာဝပြောရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၏ မဖြစ်မနေ လျှောက်လှမ်းရမည့်လမ်းဖြစ်သလို ယခုခေတ် တရုတ်နိုင်ငံ၏ သိသာထင်ရှားသော အမှတ်အသားလည်း ဖြစ်သည်။

ပူးပေါင်းဆောင်ရွက်မှု၏ ပထမဆုံးမျိုးစေ့မှသည် ယနေ့ အခက်အလက်များဖြင့် ဝေဆာနေသော အမြဲစိမ်းသစ်ပင်ဖြစ်သည်အထိ အချိန်နှင့်အမျှ ပိုမိုကောင်းမွန်လာသည့် CIIE သည် “တံခါးဖွင့်လှစ်ခြင်း အကျိုးကျေးဇူးများ” ကို ဆက်တိုက် ဆောင်ကြဉ်းပေးလျက်ရှိရာ တရုတ်နိုင်ငံ၏ ဈေးကွက်ကြီးကို ကမ္ဘာတစ်ဝန်း မျှဝေခံစားနိုင်သည့် စျေးကွက်ကြီး ဖြစ်စေခဲ့သည်။ (Xinhua)

သတ္တမအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ကျင်းပရာနေရာဖြစ်သည့် ရှန်ဟိုင်းမြို့ရှိ အမျိုးသား ပြပွဲနှင့် ကွန်ဗင်းရှင်းစင်တာ အပြင်ဘက်မြင်ကွင်းကို နိုဝင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………
(Chinese Version)
第七届进博会丨越办越好,进博会七岁了!
新华社上海11月5日电 新华社记者宋佳、周蕊
进博会七岁了!
世界经济“寒意”下,这里热力不减:129个国家和地区的3496家展商跨越山海前来赴约,400多项新产品、新技术、新服务密集展出,从欧美前沿科技产品到非洲农产品争相在中国大市场亮相……
作为世界上首个以进口为主题的国家级展会,进博会自2018年启幕以来,一直践行着中国对世界的承诺——“中国国际进口博览会不仅要年年办下去,而且要办出水平、办出成效、越办越好”,以丰硕的经贸合作成果为疲弱的世界经济持续注入暖意。
过去6年,年年超过100个国家和地区的参展商云集,累计超万家境外企业参展,意向成交额超过4200亿美元。第七届进博会上,企业展参展国别(地区)数和企业数都超过上届。   这些跨国企业和机构亲身参与并见证中国经济社会发展,不仅将中国作为出口地,也作为重要的投资地、创业地,用实际行动表明看好并将持续深耕中国市场。
超3000家展商中,186家企业和机构成为七届“全勤生”。
“进博会带来宝贵的发展机遇,每一次参展都能感受到中国市场的活力与潜力。”连续七年参展的蔡司大中华区总裁兼CEO福斯特表示,未来将进一步加大在华投资,扩大与中国本土科技企业合作。
老朋友常见,新面孔更多。今年,50多个国家和地区的70多个境外商协会携1500多家中小企业组团参加进博会,其中不少是新参与组团。
聚焦生命科学赛道,首次参展的亚虹香港带来一款无创治疗宫颈癌前病变的光动力药械组合产品。“进博会是全球创新产品和技术的展示窗口,希望借此推动并加速填补临床空白产品在中国落地,早日惠及更多患者。”亚虹香港创始人、董事长兼CEO潘柯说。
超3000家展商中,不少企业带来全球新品、前沿技术、创新服务。
以开放促创新。前六届进博会累计展出近2500项代表性首发新产品、新技术、新服务,为全球企业搭建了创新合作的平台,助力中国高质量发展阔步前行。
聚焦数字经济、绿色低碳、生命科学、制造技术四大赛道升级打造创新孵化专区,首设新材料专区,在汽车展区展示未来出行的N种可能……第七届进博会聚焦发展新质生产力,推动科技同经济深度融合。
德国企业默克是今年新材料专区的首批展商之一。“进博会是转化前沿创新成果和推动多方合作的‘催化剂’。”默克集团全球执行副总裁、默克中国总裁何慕麒表示,期待借力进博会拓展本土创新与合作,促进全行业高质量发展。
进博会的“老朋友”默沙东是医疗器械及医药保健展区的大展商,带来最前沿的科研成果,重点展示HPV疫苗、肿瘤治疗药物等创新药物组合及医疗方案。“希望通过进博会的窗口,加速医疗科技创新和技术成果转化,解决更多未被满足的医疗需求,助力推动中国以及全球公共卫生事业发展。”默沙东全球高级副总裁兼默沙东中国总裁田安娜说。
“中国将始终是世界发展的重要机遇”“不让任何一个国家、任何一个人掉队”,进博会以实际行动让合作共赢惠及世界。
超3000家展商中,有一些来自最不发达国家。
第七届进博会支持37个最不发达国家参展,提供120多个免费展位,扩容非洲产品专区。   从事蜂蜜生产和销售的坦桑尼亚“未来企业发展公司”今年首次参加进博会。公司经理杰克逊·姆波内拉表示,参加第七届进博会是坦桑尼亚蜂产品生厂商的重大机遇,期待能进入广袤的中国市场并在全球市场上迈出坚实一步。
进博会的“溢出效应”正在全球显现。孟加拉国的黄麻手工艺品、阿富汗的地毯……越来越多来自最不发达国家的商品,通过进博会的广阔平台进入中国市场,融入世界经济。   开放是世界繁荣发展的必由之路,也是当代中国的鲜明标识。
从最初的一粒合作种子,到如今枝叶繁茂的常青树,越办越好的进博会持续释放“开放红利”,让中国大市场成为世界共享的大市场。(完)
图说1-2:11月4日拍摄的第七届中国国际进口博览会举办场地——国家会展中心(上海)外景。
图说3:11月5日拍摄的第七届进博会中国馆。