China
တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (၈) ကြိမ်မြောက် ခေါင်းဆောင်များအစည်းအဝေးသို့ တက်ရောက်
ကူမင်း၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (၈) ကြိမ်မြောက် ခေါင်းဆောင်များ အစည်းအဝေးကို နိုဝင်ဘာ ၇ ရက်က ကူမင်းမြို့တွင် တက်ရောက်ခဲ့သည်။
အဆိုပါအစည်းအဝေးကို ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံများ၏ ခေါင်းဆောင်များနှင့် အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (ADB) ဥက္ကဋ္ဌ တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးတွင် လီချန်က မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ယန္တရားသည် စတင်တည်ထောင်သည့် နှစ်ပေါင်း ၃၀ ကျော် ကာလတွင် တရုတ်နိုင်ငံနှင့် မဲခေါင်မြစ်ဝှမ်းနိုင်ငံများ၏ အတူဆွေးနွေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်မှု၊ ဖွံ့ဖြိုးတိုးတက်ရေး အတူမြှင့်တင်မှု အဓိကပလက်ဖောင်းအဖြစ် နေ့စဉ်နှင့်အမျှ တိုးတက်လာခဲ့သည်ဟု ပြောကြားခဲ့သည်။ လက်ရှိ ကမ္ဘာကြီး မငြိမ်မသက် လှုပ်ခတ်ပြောင်းလဲနေသည့်ကာလတွင် တရုတ်နိုင်ငံနှင့် မဲခေါင်မြစ်ဝှမ်းနိုင်ငံများသည် မိသားစုသဖွယ် ချစ်ကြည်ရင်းနှီးကြသည့် အေးအတူ ပူအမျှ အသိုက်အဝန်းဖြစ်ရာ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုများကို အနီးကပ် ပို၍ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စီးပွားရေး အပြန်အလှန် ဖြည့်စွက်မှု အားသာချက်ကို အပြည့်အဝ ဖော်ဆောင်ကာ ကဏ္ဍစုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုး နက်ရှိုင်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ်တွင် ခိုင်မာစွာ အတူလက်တွဲ ရှေ့သို့ လှမ်းချီကာ ဒေသတွင်းနှင့် ကမ္ဘာ့ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အပြုသဘောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့အပြင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေးအပေါ် လီချန်က အကြံပြုချက် ၄ ရပ် အဆိုပြုခဲ့ပါသည်။
ပထမအနေဖြင့် တံခါးဖွင့်ပူးပေါင်းဆောင်ရွက်မှုကို အခိုင်အမာ ဆောင်ရွက်ရမည်ဖြစ်ရာ ပို၍ အဆင့်မြင့်၊ ပို၍ ပမာဏကြီးမားသည့် နှစ်ဖက်တံခါးဖွင့်လှစ်မှုကို အတူတကွ တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တံခါးဖွင့်လှစ်မှုပုံစံ ဒေသတွင်း စီးပွားရေးမူဘောင် ပြည့်စုံကောင်းမွန်အောင်ဆောင်ရွက်ကာ ပိုမို ထိရောက်မှု၊ ပိုမို သက်ဝင်အားကောင်းသည့် စူပါအကြီးစားဈေးကွက်ကို တည်ဆောက်ရမည် ဖြစ်ကြောင်း၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ”ကို ဆက်လက် အရည်အသွေးမြင့် အတူတည်ဆောက်ခြင်း၊ 《ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံမှု သဘောတူစာချုပ် (RCEP)》 အရည်အသွေးမြင့် ဖော်ဆောင်ခြင်း၊ တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်ရေးဇုန် ၃.၀ အဆင့်မြှင့်တင်မှု ပရိုတိုကော လက်မှတ်ရေးထိုးမှုကို အရှိန်မြှင့် ဖော်ဆောင်ခြင်းဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှ အဆင်ပြေလွယ်ကူရေးအဆင့်ကို မြှင့်တင်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဒုတိယအနေဖြင့် ဆန်းသစ်တီထွင်မှု၏ ဦးဆောင်မှုကို ပေါ်လွင်အောင် ဆောင်ရွက်ခြင်း၊ ဆန်းသစ်ဖန်တီးမှု မူဝါဒချိတ်ဆက် တွဲဖက်ဆောင်ရွက်မှုများကို အားဖြည့်ခြင်း၊ ဆန်းသစ်ဖန်တီးမှု အဓိကအကြောင်းအရာများ စီးဆင်းမှုကို မြှင့်တင်ခြင်း၊ ဆန်းသစ်တီထွင်မှု ရလဒ်များကို လက်တွေ့အသုံးပြုသောအသွင်သို့ အရှိန်မြှင့် ပြောင်းလဲခြင်းဖြင့် ဆန်းသစ်တီထွင်မှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးများကို ပိုမိုနက်ရှိုင်းစွာ လက်တွေ့ဖော်ဆောင်ရေး အာမခံပံ့ပိုးပေးရမည် ဖြစ်ကြောင်း လီချန်က ပြောကြားခဲ့သည်။ ဒေသတွင်း မဟာဓာတ်အားလိုင်း စီမံကိန်း တည်ဆောက်ရေးနှင့် အဆင့်မြှင့်တင် ပြုပြင်တည်ဆောက်ခြင်းကို အပြုသဘော တွန်းအားပေးဆောင်ရွက်ခြင်း၊ စွမ်းအင်သစ် ဘက်ထရီ၊ မော်တော်ယာဉ်နှင့် ဆိုလာ လုပ်ငန်းပူးပေါင်းဆောင်ရွက်များကို နက်ရှိုင်းစေခြင်း၊ သန့်စင်စွမ်းအင်၊ စမတ်ကုန်ထုတ်လုပ်မှု၊ Big Data၊ စမတ်မြို့ပြ စသည့် ထွန်းသစ်စကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ခြင်းဖြင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး တွန်းအားသစ်ကို ပျိုးထောင်ပေးရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တတိယအနေဖြင့် အပြန်အလှန်ပေါင်းစည်းဆက်သွယ်မှုကဏ္ဍ တည်ဆောက်ရေးကို နက်ရှိုင်းအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း လီချန်က ပြောကြားခဲ့သည်။ ကားလမ်း၊ ရထားလမ်း၊ ဆိပ်ကမ်း စသည့် အခြေခံအဆောက်အဦ “hard connectivity” ကို ထဲထဲဝင်ဝင် တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်သလို မူဝါဒ၊ ဥပဒေ၊ ကြီးကြပ်စီမံမှု၊ စည်းမျဉ်းစည်းကမ်း၊ စံချိန်စံညွှန်းစသည့် ကဏ္ဍ “soft connectivity” ကို အားဖြည့်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နယ်စပ်ဖြတ်ကျော် ငွေပေးချေမှု၊ မိမိငွေကြေးဖြင့် စာရှင်းတမ်းပြုရာတွင် အဆင်ပြေလွယ်ကူမှုကို ကြိုးပမ်းမြှင့်တင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှု စံပြဇုန် တက်ကြွစွာ တည်ဆောက်၍ ဒေသတွင်းစီးပွားရေး တစ်သားတည်းအသွင်ဖြစ်စဉ်ကို အရှိန်မြှင့်တင်ရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မဲခေါင်မြစ်ဝှမ်း ၅ နိုင်ငံကို မျက်နှာမူသော “လန်ချန်း-မဲခေါင် ဗီဇာ” ပေးသွားမည် ဖြစ်ပြီး သတ်မှတ်တောင်းဆိုချက်နှင့် ကိုက်ညီမှုရှိသော စီးပွားရေးသမားများအတွက် တရုတ်နိုင်ငံသို့ အကြိမ်များစွာ ဝင်ထွက်သွားလာနိုင်သော ၅ နှစ် သက်တမ်းရှိသည့် ဗီဇာကို စိစစ်ခွင့်ပြုသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
စတုတ္ထအချက်အနေဖြင့် နီးကပ်စွာ ဆက်သွယ် ပူးပေါင်းဆောင်ရွက်ရန်၊ စစ်မှန်သော နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို ကျင့်သုံးရန်၊ မဟာမဲခေါင်ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ လျန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၊ မြစ်ဝှမ်းဒေသ ၃ ခု ယန္တရား၊ မဲခေါင်မြစ်ကော်မရှင်စသည့် ယန္တရားများ ညှိနှိုင်းဖွံ့ဖြိုးတိုးတက်ရေးကို အားကြိုးမာန်တက် တွန်းအားပေးရန်၊ အားလုံးပါဝင်ပြီး အပြန်အလှန်အားဖြည့်ပေးသည့် ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှု ပတ်ဝန်းကျင်ကို တည်ဆောက်ရန် ဖြစ်ကြောင်း လီချန်က ပြောကြားခဲ့သည်။ ကုလသမဂ္ဂ၊ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (ADB) ၊ အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) စသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ဆောင်ရွက်ကာ ကဏ္ဍအသီးသီး၏ အင်အားများကို စုစည်းပြီး ကုလသမဂ္ဂ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အတူတကွ အကောင်အထည်ဖော်ဆောင်ရန် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အစည်းအဝေးပွဲသို့ တက်ရောက်လာသော နိုင်ငံများမှ ခေါင်းဆောင်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်း တာဝန်ခံများက မဟာမဲခေါင်ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံက အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည့်အပေါ် အထူးတန်ဖိုးထားကြောင်း၊ဒေသတွင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများ ညှိနှိုင်းချိတ်ဆက်မှုကို အားဖြည့်ဆောင်ရွက်ရန်၊ တံခါးဖွင့် ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းထားရန်၊ ဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်ရန်၊ ကုန်သွယ်စီးပွား၊ စိုက်ပျိုးရေး၊ အပြန်အလှန် ချိတ်ဆက်ရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆေးကုသရေးနှင့် ကျန်းမာရေး၊ ခရီးသွားလုပ်ငန်း၊ လူမှုယဉ်ကျေးမှုစသည့် ကဏ္ဍများ၏ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ရန်၊ လွတ်လပ်သော ကုန်သွယ်ရေးကို ကာကွယ်ထိန်းသိမ်းပြီး ဒေသတွင်း စီးပွားရေး ပေါင်းစည်းမှုနှင့် မဟာမဲခေါင်ဒေသခွဲရှိ နိုင်ငံများ၏ အားလုံးပါဝင်ကာ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို တစ်ဆင့်တိုးမြှင့်တင်ရန်၊ ဒေသတွင်း နိုင်ငံများ၏ အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးကို စဉ်ဆက်မပြတ် နက်ရှိုင်းရေး တွန်းအားပေးရန် အတူတကွ ကြိုးပမ်းသွားလိုကြောင်း ၎င်းတို့က ပြောကြားခဲ့ကြသည်။
အဆိုပါအစည်းအဝေးတွင် 《မဟာမဲခေါင်ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ၈ ကြိမ်မြောက် ခေါင်းဆောင်များ အစည်းအဝေး ကြေညာချက်》နှင့် 《မဟာမဲခေါင်ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ၂၀၃၀ ပြည့်နှစ် ဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ》စသည့် အောင်မြင်မှုစာချုပ်များကို အတည်ပြုခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ဝူကျိန့်လုန် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………..
(Chinese Version)
李强出席大湄公河次区域经济合作第八次领导人会议
新华社昆明11月7日电(记者王慧慧 赵彩琳)11月7日,国务院总理李强在昆明出席大湄公河次区域经济合作第八次领导人会议。柬埔寨、老挝、缅甸、泰国、越南政府首脑和亚洲开发银行行长出席。
李强表示,大湄公河次区域经济合作机制成立30多年来,日益成为中国和湄公河国家共商合作、共促发展的重要平台。当前世界进入新的动荡变革期,中国和湄公河国家是亲如一家的命运共同体,更要紧密团结协作,充分发挥经济互补优势,把各领域务实合作进一步引向深入,在共同发展的道路上坚定携手前行,为地区和世界的和平安宁、发展繁荣作出积极贡献。
李强就深化区域合作提出四点建议:一是坚持开放合作,共同推进更高水平、更大规模的双向开放,完善开放型区域经济架构,打造更有效率、更富活力的超大市场。继续高质量共建“一带一路”,高质量实施《区域全面经济伙伴关系协定》,加快中国-东盟自贸区3.0版升级议定书签署实施,提升贸易投资便利化水平。
二是突出创新引领,加强创新政策对接协同,促进创新要素高效流动,加快创新成果转化应用,支撑和保障创新合作不断走深走实。积极推动区域电网规划建设和升级改造,深化新能源电池、汽车和光伏产业合作,拓展清洁能源、智能制造、大数据、智慧城市等新兴领域合作,培育壮大区域发展新动能。
三是深化融通建设,深入推进公路、铁路、港口等基础设施“硬联通”,加强在政策、法律、监管、规则、标准等领域“软联通”,努力提升跨境支付、本币结算便利,积极打造更多跨境合作示范区,加快区域经济一体化进程。中方决定面向湄公河五国颁发“澜湄签证”,为符合条件的商务人员审发5年多次来华签证。
四是密切沟通配合,践行真正的多边主义,大力推动大湄公河次区域经济合作同澜湄合作、三河流域机制、湄公河委员会等机制协调发展,构建包容互促的良好合作氛围。加强与联合国、亚洲开发银行、亚洲基础设施投资银行等机构的合作,调动各方面力量,共同落实好联合国2030年可持续发展议程。
与会各国领导人和有关机构负责人高度赞赏中国在大湄公河次区域经济合作进程中发挥的重要作用,愿共同努力,加强地区国家发展战略沟通对接,保持开放合作,聚焦创新发展,拓展经贸、农业、互联互通、数字经济、绿色发展、医疗卫生、旅游、人文等领域务实合作,维护自由贸易,进一步促进区域经济一体化和大湄公河次区域各国包容可持续发展,推动地区国家命运共同体建设不断走向深入。
会议通过《大湄公河次区域经济合作第八次领导人会议宣言》和《大湄公河次区域经济合作2030创新发展战略》等成果文件。
吴政隆参加会议。(完)
图说1:11月7日,国务院总理李强在昆明出席大湄公河次区域经济合作第八次领导人会议。这是李强同出席会议的柬埔寨、老挝、缅甸、泰国、越南政府首脑和亚洲开发银行行长合影。新华社记者 殷博古 摄
图说2:11月7日,国务院总理李强在昆明出席大湄公河次区域经济合作第八次领导人会议。新华社记者 殷博古 摄