Connect with us

China

ဒစ်ဂျစ်တယ်ပိုးလမ်းမက တရုတ်-အာဆီယံ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများမျှဝေပေးရန် အထောက်အပံ့တွန်းအား ဖြစ်စေ

ဟန်ကျိုး၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)
“ဆဝါဒီခ” တရုတ် (ကွမ်ရှီး) လွတ်လပ်သော ကုန်သွယ်ရေး စမ်းသပ်ဇုန် နန်နင်း ဧရိယာရှိ နယ်စပ်ဖြတ်ကျော် တိုက်ရိုက်ထုတ်လွှင့်မှု ရိုက်ကူးရေးအခန်းရှိ ထုတ်လွှင့်သူ ဟွမ်ယွိထိန်က သွက်လက်သည့် ထိုင်းဘာသာစကားဖြင့် ကင်မရာရှေ့တွင် အလှကုန်ပစ္စည်းများကို ကျွမ်းကျွမ်းကျင်ကျင် မိတ်ဆက်ပေးနေရာ ထိုင်းနိုင်ငံ၌ရှိသည့် အွန်လိုင်းမိတ်ဆွေများက အဝေးမှပင် ဖုန်းဖြင့် “အမှာစာ” ပေးပြီး ဤ “တရုတ်ထုတ်ကုန်များ” ကို ချက်ချင်း ဝယ်ယူနိုင်ပေသည်။

ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား စသည့် ဘာသာစကားများဖြင့် နယ်စပ်ဖြတ်ကျော် တိုက်ရိုက်ထုတ်လွှင့်ရောင်းချမှုများဖြစ်သည့် ဤသို့သော မြင်ကွင်းများက ကွမ်ရှီးဒေသ နေရာ အနှံ့အပြားတွင် မြင်နေကျ ဖြစ်ပေသည်။ ဒစ်ဂျစ်တယ်ပိုးလမ်းမတစ်လျှောက် တရုတ်-အာဆီယံ နယ်စပ်ဖြတ်ကျော် E-commerce ဖွံ့ဖြိုးတိုးတက်မှုများက အရှိန်အဟုန်မြင့် ကြီးထွားလာခဲ့သည်။

တရုတ်နှင့် အာဆီယံသည် ပထဝီအနေအထားချင်း နီးကပ်မှု၊ လူမှုယဉ်ကျေးမှုချင်း ချစ်ခင်ရင်းနှီးမှု ရှိကြသလို ကုန်သွယ်စီးပွား အသွားအလာက နေ့စဉ်နှင့်အမျှ များပြားလာပေသည်။ မကြာသေးမီရက်များက တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဝူးကျန့်မြို့၌ ကျင်းပသော ၂၀၂၄ ခုနှစ် ကမ္ဘာ့ အင်တာနက်ကွန်ဖရင့် ဝူးကျန့် ထိပ်သီးအစည်းအဝေးတွင် “ဒစ်ဂျစ်တယ် ပိုးလမ်းမ အတူတည်ဆောက်၍ ဒစ်ဂျစ်တယ် အနာဂတ်ကို အတူမျှဝေမည်” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပသည့် “တရုတ်-အာဆီယံ သတင်းအချက်အလက် ဆိပ်ကမ်း” ဖိုရမ်သည် ဖိုရမ်သို့ တက်ရောက်သူ အများအပြား၏ အာရုံကို ဖမ်းစားနိုင်ခဲ့ပေသည်။

တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ ဒစ်ဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးတက်ခြင်းအသစ်များ အတူတကွ ဖန်တီးရေးကို တွန်းအားပေး၍ ဒစ်ဂျစ်တယ်ပိုးလမ်းမ အနာဂတ်သစ်ကို အတူပိုင်ဆိုင်နိုင်ရန် ရည်ရွယ်ကာ လာအို၊ မလေးရှား၊ မြန်မာ စသည့် အာဆီယံနိုင်ငံ အများအပြားရှိ သက်ဆိုင်ရာဆက်သွယ်ရေးဌာနများမှ အစိုးရ အရာရှိများနှင့် တရုတ်နိုင်ငံ ပြည်တွင်းပြည်ပ အင်တာနက်ကဏ္ဍ ကျွမ်းကျင် ပညာရှင်များ အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။

“ဒစ်ဂျစ်တယ် ပိုးလမ်းမက တရုတ်-အာဆီယံ နိုင်ငံတွေ ဒီခေတ်မီ ဒစ်ဂျစ်တယ် နည်းပညာကို အသုံးပြုပြီး ဆန်းသစ်ဖန်တီးမှုကို မြှင့်တင်ခြင်း၊ စီးပွားရေးတိုးတက်မှုကို တွန်းအားပေးခြင်း၊ နိုင်ငံအသီးသီး ဆက်သွယ်ရေးရဲ့ အချက်အချာကျတဲ့ အခွင့်အလမ်းကို အားဖြည့်ခြင်းတို့ကို ကိုယ်စားပြုပါတယ်။ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေအတွက်ဆိုရင် ဒစ်ဂျစ်တယ် ပိုးလမ်းမကို တွန်အားပေးဆောင်ရွက်ရာမှာ ဧရာမကြီးမားလှတဲ့ အလားအလာတွေ ရှိတယ် ” ဟု မလေးရှား ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး Teo Nie Ching က ဆိုသည်။
ဒစ်ဂျစ်တယ် ဒီရေလှိုင်းက ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်း အသစ်စက်စက်တွေကို ဆောင်ကြဉ်ပေးလာခြင်းနှင့်အတူ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများက ယင်းအရှိန်အဟုန်ဖြင့် အထက်သို့ တက်လှမ်းကာ မမျှော်မှန်းနိုင်သည့် ဒစ်ဂျစ်တယ် စီးပွားရေးဈေးကွက်သစ်ကို လက်တွဲအတူ တိုးချဲ့လာသည်။ အာဆီယံနှင့် ကုန်း-ရေ ဆက်စပ်နေသည့် တရုတ်နိုင်ငံ၏ တစ်ခုတည်းသော ပြည်နယ်အဆင့် ဒေသအနေဖြင့် ကွမ်ရှီးသည် ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းကို အစွမ်းကုန် တိုးတက်အောင် ဆောင်ရွက်ကာ အာဆီယံကို မျက်နှာမူသည့် ဒစ်ဂျစ်တယ် ပိုးလမ်းမ တံခါးဖွင့်လှစ်ပူးပေါင်းရာ စင်မြင့်နေရာအဖြစ် အားစိုက် တည်ဆောက်ခဲ့သည်။

ယခုနှစ်များတွင် တရုတ်နိုင်ငံနှင့် အာဆီယံ အတူတကွ တည်ဆောက်သည့် တရုတ်-အာဆီယံ သတင်းအချက်အလက် ဆိပ်ကမ်း အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာရာ အင်တာနက်အပြန်အလှန်ချိတ်ဆက်မှု၊ သတင်းအချက်အလက် အပြန်အလှန်ဖလှယ်မှု၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အပြန်အလှန် အကျိုးဖြစ်ထွန်းမှု နက်ရှိုင်းရေးကို အခြေခံအကြောင်းအရာအဖြစ် ထားရှိရန် ကွမ်ရှီးကို တရုတ်နှင့် အာဆီယံ၏ သတင်းအချက်အလက် အလှည့်အပြောင်း အချက်အချာ ထောက်တိုင်အဖြစ် ပုံစံတည်ကာ ဒစ်ဂျစ်တယ် အပြန်အလှန်ချိတ်ဆက်မှုကို တွန်းအားပေးပြီး ဒစ်ဂျစ်တယ် ပိုးလမ်းမတည်ဆောက်သွားမည် ဖြစ်သည်။

၂၀၁၆ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည့် China-ASEAN Information Harbor Co.,Ltd သည် အာဆီယံနိုင်ငံများနှင့် E-government ၊ Digital livelihoods ၊ Digital Industry စသည့်ကဏ္ဍများ၌ စီမံကိန်းပေါင်း ၂၀ နီးပါး ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ကုမ္ပဏီ တည်ထောင်သည့် တရုတ်-အာဆီယံ နယ်စပ်ဖြတ်ကျော် ယုံကြည်မှုဆိုင်ရာ စုံစမ်းမေးမြန်းရေး ဝန်ဆောင်မှု ပလက်ဖောင်း (China-ASEAN cross-border credit investigation service Platform) သည် အာဆီယံနိုင်ငံများရှိ ပြည်ပလုပ်ငန်းပေါင်း ၇.၈၇ သန်းကို လွှမ်းခြုံထားသလို ပြည်တွင်းပြည်ပဘဏ် ၁၆ ခုနှင့် Cross-border credit ပူးပေါင်းဆောင်ရွက်မှုများ ရှိပေသည်။

“ကုမ္ပဏီအနေနဲ့ တရုတ်နိုင်ငံနဲ့ အာဆီယံ နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှု ဒစ်ဂျစ်တယ်အသွင် ပလက်ဖောင်းတွေရဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။ အာဆီယံနိုင်ငံတွေမှာ ဒစ်ဂျစ်တယ်အသွင် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းတွေကို ဖော်ဆောင်ခဲ့တယ်” ၊ ဤပလက်ဖောင်းနှင့် စီမံကိန်းများက တရုတ်နိုင်ငံနှင့် အာဆီယံ၏ ဒစ်ဂျစ်တယ် အပြန်အလှန် ချိတ်ဆက်မှုကို အားကောင်းစွာ မြှင့်တင်ပေးခဲ့သလို ရင်းနှီးမြှုပ်နှံမှု ကုန်သွယ်ရေး အဆင်ပြေလွယ်ကူမှုအဆင့်ကို များစွာ တိုးမြှင့်ခဲ့ကြောင်း၊ အနာဂတ်တွင် ဘက်ပေါင်းစုံနှင့်အတူ ဒစ်ဂျစ်တယ်ဂေဟစနစ်သစ် အတူတကွတည်ဆောက်ကာ ဒစ်ဂျစ်တယ်ပိုးလမ်းမ ဖွံ့ဖြိုးတိုးတက်ရေး၏ အခွင့်အလမ်းသစ်များကို မျှဝေသွားမည် ဖြစ်ကြောင်း China-ASEAN Information Harbor Co.,Ltd ဥက္ကဋ္ဌနှင့် ဦးဆောင်ညွှန်ကြားရေးမှူးချုပ် လူတုန်းလျန့်က ပြောကြားခဲ့သည်။

လက်ရှိ တရုတ်-အာဆီယံ သတင်းအချက်အလက် ဆိပ်ကမ်းသည် ကွမ်ရှီးကို အဝင်အထွက်ဂိတ်အဖြစ် တည်ဆောက်ကာ အာဆီယံနိုင်ငံသို့ ရောက်ရှိသော နိုင်ငံတကာ ကုန်းလမ်းကေဘယ်လ် ၁၂ ကြောင်း ရှိပြီး ဆက်သွယ်ရေးအော်ပရေတာနှင့် Alibaba၊ Runjian စသည့်လုပ်ငန်းများက လာအို၊ ကမ္ဘောဒီယား၊ မြန်မာ စသည့် အာဆီယံ ၉ နိုင်ငံတွင် ဒေတာစင်တာ ၃၈ ခု ဖော်ဆောင်ခြင်းကို ပံ့ပိုးပေးထားကြောင်း သိရသည်။ ဒစ်ဂျစ်တယ် အပြန်အလှန် ချိတ်ဆက်မှုသည် တရုတ်နိုင်ငံနှင့် အာဆီယံ၏ ပူးပေါင်းဖလှယ်မှုကိုလည်း တစ်ဆင့်တိုး တွန်းအားပေးခဲ့သည်။ တရုတ်-အာဆီယံ နယ်စပ်ဖြတ်ကျော် ငွေပေးချေစနစ်၊ နယ်စပ်ဖြတ်ကျော် ဘဏ္ဍာရေး ဝန်ဆောင်မှု ပလက်ဖောင်း၊ အီလက်ထရောနစ်ဂိတ်ပြည်သူ့အချက်အလက်ပလက်ဖောင်း၊ ကွမ်ရှီး နိုင်ငံတကာ ကုန်သွယ်ရေး “Single Window” စသည့် အာဆီယံကို မျက်နှာမူသည့် နယ်စပ်ဖြတ်ကျော် အက်ပလီကေးရှင်းများက ဒေသတွင်း ကုန်သွယ်စီးပွား သွားလာမှုများကို ထိရောက်စွာ မြှင့်တင်ပေးခဲ့သည်။

တရုတ်နိုင်ငံနှင့် အာဆီယံသည် အပြန်အလှန်အားဖြင့် ၄ နှစ်ဆက်တိုက် အကြီးဆုံး ကုန်သွယ်ဖက်များ ဖြစ်ကြပြီး ဒစ်ဂျစ်တယ် နည်းပညာ၊ အစိမ်းရောင် ကာဗွန်လျော့နည်းရေး၊ စွမ်းအင်သစ် မော်တော်ယာဉ် စသည့် ကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှုများ စဉ်ဆက်မပြတ် နက်ရှိုင်းလာခဲ့ရာ နှစ်ဖက် ကုန်သွယ်ရေး ပမာဏသည် ၂၀၀၄ ခုနှစ်တွင် ကန်ဒေါ်လာ ၁၀၀ ဘီလီယံကျော် ရှိရာမှ ၂၀၂၃ ခုနှစ်တွင် ကန်ဒေါ်လာ ၉၁၁.၇ ဒေါ်လာအထိ တိုးလာခဲ့သည်။

ယခုနှစ်များတွင် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံ အများအပြားက 《ဒစ်ဂျစ်တယ်စီးပွားရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ》နှင့် 《အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး တွန်းအားပေးခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာ》တို့ လက်မှတ်ရေးထိုးခဲ့ခြင်း၊ တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဇုန် ၃.၀ အဆင့်မြှင့်တင်မှု ဆွေးနွေးခြင်း လက်တွေ့ကျစွာ ပြီးစီးခဲ့ခြင်းများက တရုတ်နှင့် အာဆီယံနိုင်ငံများ၏ သက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ခြင်းများကို စဉ်ဆက်မပြတ် တိုးချဲ့လိုသည့် တက်ကြွသော သဘောထားကို ဖော်ပြခဲ့ပါသည်။

“ဒစ်ဂျစ်တယ် ပိုးလမ်းမဟာ ဆက်သွယ်ရေးလမ်းသာမက ပေါင်းကူးတံတား တစ်စင်းလည်း ဖြစ်တယ်၊ ကျွန်တော်တို့ကို ပိုပြီး နီးနီးကပ်ကပ် အတူတကွ ဖြစ်စေတယ်”၊ တခြား အာဆီယံနိုင်ငံများကဲ့သို့ပင် ကမ္ဘောဒီးယားနိုင်ငံက ဒစ်ဂျစ်တယ်အသွင်ပြောင်းမှုကို လက်ခံကြိုဆိုလျက်ရှိသလို တရုတ်နိုင်ငံ၊ အခြားအာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့်အတူ လက်တွဲ၍ ရှေ့သို့ လျှောက်လှမ်းသွားလိုကြောင်း ကမ္ဘောဒီးယားနိုင်ငံ စာတိုက်နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အတွင်းဝန် Khov Makara က ပြောကြားခဲ့သည်။

“ဒစ်ဂျစ်တယ် ပိုးလမ်းမဟာ ဒေသတစ်ခုလုံးရဲ့ စီးပွားရေး တိုးတက်မှုနဲ့ ဆန်းသစ်ဖန်တီးမှုရဲ့ အချက်အချာကျတဲ့ မောင်းနှင်အား ဖြစ်တယ်”၊ ဒစ်ဂျစ်တယ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးခြင်းမှတစ်ဆင့် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ကုန်သွယ်ရေးလမ်းကြောင်းသစ်ကို တည်ဆောက်နိုင်ပြီး ကုန်စည်ထောက်ပံ့ပို့ဆောင်ရေးနှင့် ကုန်စည်ထောက်ပံ့ရေးကွင်းဆက်ကို ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲကာ ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်သည့် ဒစ်ဂျစ်တယ်ပတ်ဝန်းကျင် ဖန်တီးနိုင်ကြောင်း လာအိုနိုင်ငံ ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်းများအသင်း ဒုတိယ ဥက္ကဋ္ဌ ၊ လာအိုနိုင်ငံ စက်မှုဒစ်ဂျစ်တယ်အသွင် ပြောင်းရေးအသင်း ဥက္ကဋ္ဌ Thanousone Phonamat က ပြောကြားခဲ့သည်။ (Xinhua)


……………………………
(Chinese Version)
经济观察|数字丝路助推中国—东盟共享发展新机遇
新华社杭州11月22日电 题:数字丝路助推中国—东盟共享发展新机遇   新华社记者朱丽莉、黄筱
“萨瓦迪卡!”在位于中国(广西)自由贸易试验区南宁片区的一个跨境直播间里,主播黄钰婷操着一口流利的泰语,面对镜头熟练地推介美妆产品,远在泰国的网友在手机上点击“下单”,即可购买这些“中国制造”。
运用泰语、越南语、印尼语等语种跨境直播带货,这样的场景在广西多地很是常见。沿着数字丝绸之路,中国—东盟跨境电商发展如火如荼。
中国与东盟地缘相近,人文相亲,经贸往来日益频密。近日,在浙江乌镇举办的2024年世界互联网大会乌镇峰会上,以“共建数字丝路 共享数字未来”为主题的“中国—东盟信息港”论坛吸引了不少与会者的目光。
来自老挝、马来西亚、缅甸等多个东盟国家通讯管理部门的政府官员与国内外互联网领域的专家学者交流,旨在推动中国与东盟国家共创数字经济合作新发展,共赢数字丝绸之路新未来。
“数字丝绸之路代表着中国—东盟利用这些先进数字技术促进创新,推动经济增长,加强各国联系的关键机会。对东盟成员国而言,推进数字丝路有巨大的潜力。”马来西亚通讯部副部长张念群说。   随着数字浪潮带来全新发展机遇,中国与东盟国家乘势而上,携手共拓数字经济新蓝海。作为中国唯一与东盟陆海相连的省区,广西大力发展数字经济产业,致力打造面向东盟的数字丝绸之路开放合作高地。
近年来,由中国与东盟共同建设的中国—东盟信息港不断发展,以深化网络互联、信息互通、合作互利为基本内容,将形成以广西为支点的中国和东盟信息枢纽,推动数字互联互通,打造数字丝绸之路。
成立于2016年的中国—东盟信息港股份有限公司,已与东盟国家在数字政府、数字民生、数字产业等方面开展近20个项目合作。这家公司建立的中国—东盟跨境征信服务平台覆盖东盟国家787万家境外企业,与16家境内外银行开展跨境征信合作。
“公司运营了一批服务中国与东盟跨境合作的数字化平台,在东盟国家落地了一批数字化的合作项目。”中国—东盟信息港股份有限公司董事长兼总裁鲁东亮说,这些平台和项目有力促进了中国与东盟的数字互联互通,大大提高了投资贸易便利化水平,未来将与各方一道共建数字新生态,共享数字丝路发展的新机遇。
目前,中国—东盟信息港已建成以广西为出入口,通达东盟国家12条国际陆地光缆,还支持服务通信运营商及阿里、润建等多家企业在老挝、柬埔寨、缅甸等9个东盟国家落地了38个数据中心。   数字互联互通也进一步推动了中国与东盟的交流合作。中国—东盟跨境支付体系、跨境金融服务平台、电子口岸公共信息平台、广西国际贸易“单一窗口”等一批面向东盟的跨境应用,有效促进了区域内经贸往来。
中国与东盟已连续4年互为最大贸易伙伴,在数字技术、绿色低碳、新能源汽车等领域合作持续深入,双边贸易额从2004年的1000多亿美元增至2023年的9117亿美元。
近年来,中国与多个东盟国家签署《关于加强数字经济领域投资合作的谅解备忘录》和《关于推动绿色发展领域投资合作的谅解备忘录》,中国-东盟自贸区3.0版升级谈判实质性结束……充分展示了中国与东盟国家不断扩展相关合作的积极意愿。
“数字丝绸之路不仅是一条通路,也是一座桥梁,将我们更紧密联系在一起。”柬埔寨邮电通讯部国务秘书刘索潘纳勒表示,与其他东盟国家一样,柬埔寨正在拥抱数字化转型,期待与中国和东盟其他国家携手共进。
“数字丝路将成为整个地区经济增长和创新的关键驱动力。”老挝国家工商会副主席、老挝产业数字化协会主席萨努松·波那马特说,通过推进数字经济合作,中国与东盟国家可建立新的贸易渠道,改善物流与供应链,创造吸引更多投资的数字环境。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.