Connect with us

Africa & Middle East

ဆီးရီးယားတွင် တပ်ဖွဲ့များ ဖြန့်ကြက်ခြင်းသည် “ယာယီ လှုပ်ရှားမှု” ဖြစ်သည်ဟု အစ္စရေး ဆို

ဂိုလန်ကုန်းမြင့်ရှိ အစ္စရေး-ဆီးရီးယား စစ်ရေးကြားခံဇုန်အနီးတစ်ဝိုက်တွင် အစ္စရေးစစ်တပ်အား ဒီဇင်ဘာ ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- JINI)

ဂျေရုဆလမ်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံတွင် အစ္စရေးစစ်တပ် တည်ရှိမှုသည် “အကန့်အသတ်နှင့် ယာယီ”ဖြစ်ပြီး ရည်ရွယ်ချက်မှာ ဆီးရီးယားနိုင်ငံ ရုန်းရင်းဆန်ခတ်ကာလအတွင်း အစ္စရေးနိုင်ငံ ဘေးကင်းရေး သေချာစေရန် ဖြစ်ကြောင်း အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Gideon Sa’ar က ပြောကြားခဲ့သည်။ယခုအကြိမ် လှုပ်ရှားမှု၏ တစ်ခုတည်းသော ရည်မှန်းချက်မှာ အစ္စရေးနိုင်ငံ လုံခြုံရေးကို သေချာစေရန်ဖြစ်ကြောင်း Sa’ar က ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ၎င်းက ဓါးစာခံကိစ္စရပ်နှင့်ပတ်သက်၍ အစ္စရေးနှင့် ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှု အဖွဲ့ (ဟားမက်စ်) တို့ကြား စေ့စပ်ညှိနှိုင်းမှုသည် ကျဉ်းထဲကျပ်ထဲကျနေဆဲဖြစ်ပြီး တိုက်ရိုက်မဟုတ်သော ဆွေးနွေးပွဲများ ဆက်လက် လုပ်ဆောင်နေသေးသော်လည်း အောင်မြင်မှု တစ်စုံတစ်ရာ မရှိသေးကြောင် ပြောကြားခဲ့သည်။

အစ္စရေးသိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့်တွင် အစ္စရေးစစ်တပ်အား ဒီဇင်ဘာ ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- JINI)

အစ္စရေးနိုင်ငံ ကာကွယ်ရေးဝန်ကြီး Israel Katz သည် ယင်းမတိုင်မီ အစ္စရေးနှင့် ဆီးရီးယားအကြား ကြားခံဇုန်ကို အပြည့်အဝထိန်းချုပ်ရန် အစ္စရေးစစ်တပ်အား ယခင်က အမိန့်ပေးခဲ့ကြောင်း “Israel Hayom” သတင်းဌာန ဖော်ပြချက်အရ သိရသည်။ Katz က ကြားခံဇုန်ပြင်ပ ဧရိယာများအပါအဝင် ဆီးရီးယားနိုင်ငံ တောင်ပိုင်းတွင် “မဟာဗျူဟာမြောက်လက်နက်များနှင့် အကြမ်းဖက်အခြေခံအဆောက်အအုံများ ကင်းစင်သော ဘေးကင်းဇုန်တစ်ခု” ထူထောင်ရန် အစ္စရေးစစ်တပ်အား တောင်းဆိုခဲ့ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အချိန်တည်းမှာပင် Katz က မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များ၊ လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ မြေပြင်မှ မြေပြင်ပစ်ဒုံးကျည်များ၊ ခရုဇ်ဒုံးကျည်များ၊ တာဝေးပစ်ဒုံးကျည်များနှင့် ကမ်းစပ်မှ သင်္ဘောဖျက်ဒုံးကျည်များ အပါအဝင် ဆီးရီးယားနိုင်ငံအတွင်းရှိ “မဟာဗျူဟာလက်နက်များ” ကို ဆက်လက်ဖျက်ဆီးရန် အစ္စရေးစစ်တပ်အား တောင်းဆိုခဲ့သည်။ (Xinhua)
#IsraeliTroops #Syria_Israel #ယာယီစစ်ဆင်ရေး #အစ္စရေးစစ်တပ် #ဆီးရီးယား #အစ္စရေး_ဆီးရီးယား #စစ်ရေးကြားခံဇုန်
……………………………..
(Chinese Version)
以色列称在叙利亚部署军队属“临时行动”
新华社耶路撒冷12月9日电(记者冯国芮 王卓伦)以色列外长吉德翁·萨尔9日表示,以军在叙利亚的存在是“有限的、临时的”,旨在确保叙利亚局势动荡期间以色列的安全。
萨尔说,此次行动唯一的目标就是确保以色列的安全。他同时提到以色列与巴勒斯坦伊斯兰抵抗运动(哈马斯)就人质问题的谈判仍处于僵局,间接对话仍在继续,但尚未取得突破性进展。
据《今日以色列报》报道,以国防部长卡茨此前已下令以军完全控制以色列和叙利亚之间的缓冲区。根据以国防部声明,卡茨要求以军在叙利亚南部,包括缓冲区外地区,建立“无重型战略武器和恐怖主义基础设施的安全区”。
卡茨同时要求以军继续摧毁叙利亚境内的“战略武器”,包括地对空导弹、防空系统、地对地导弹、巡航导弹、远程火箭弹和岸舰导弹等。
图说1:这是12月8日在戈兰高地的以叙边境军事缓冲区附近拍摄的以军部队。新华社发(阿亚尔·马戈林摄/基尼图片社)
图说2:这是12月8日在以色列占领的戈兰高地拍摄的以军部队。新华社发(阿亚尔·马戈林摄/基尼图片社)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.