Connect with us

Africa & Middle East

ရှုပ်ထွေးသည့်အခြေအနေများ ရောယှက်မှုက အရှေ့အလယ်ပိုင်း စီးပွားရေးကို ရိုက်ခတ်၊ နိုင်ငံ အများအပြား၏ တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မှုက တည်ငြိမ်စွာ တိုးတက်လျက်ရှိ

ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်စ်တွင် ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မီးခိုးငွေ့များ ထွက်ပေါ်လာသည်ကို ဒီဇင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စတန်ဘူလ်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)
၂၀၂၄ ခုနှစ်တွင် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ ဖြစ်ပွားချိန် ကြာရှည်၍ ပြင်ပသို့ ယိုလျှံသက်ရောက်မှုများက အရှေ့အလယ်ပိုင်း နိုင်ငံအများအပြား၏ စီးပွားရေးကို ဆိုးရွားစွာ ရိုက်ခတ်ခဲ့သည်။ ကယောက်ကယက်အခြေအနေတွင် အရှေ့အလယ်ပိုင်းဒေသ အချို့နိုင်ငံများက ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရန် ကြိုးပမ်းခဲ့ရာ သိသာထင်ရှားသည့် အောင်မြင်မှုရလဒ် ရရှိခဲ့သလို အချို့နိုင်ငံများက အမေရိကန် အတိုးနှုန်းမူဝါဒ ချိန်ညှိမှုနှင့် အနောက်နိုင်ငံများ ပိတ်ဆို့အရေးယူမှု၏ အပျက်သဘောဆောင်သည့်သက်ရောက်မှုများကို ရင်ဆိုင်ကာကွယ်ပြီး ပြည်သူ့နေထိုင်မှုဘဝ တည်ငြိမ်မှုနှင့် အာမခံမှုကို မြှင့်တင်ရန် ကြိုးပမ်းကြသည်။

လက်ရှိ၊ အရှေ့အလယ်ပိုင်း နိုင်ငံအများစုက အနောက်နိုင်ငံများ၏ စွမ်းအင်နှင့် ဘဏ္ဍာရေး ဗိုလ်ကျစိုးမိုးမှု အချုပ်အနှောင်မှ ရုန်းထွက်ပြီး ကျယ်ပြန့်များပြားလှသည့် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်အတူ စီးပွားရေး စုံလင်ကြွယ်ဝရေး၊ အတူတကွ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းခြင်းသည် မဖြစ်မနေလမ်းစဉ် ဖြစ်ကြောင်း နက်ရှိုင်းစွာ သိရှိပြီးဖြစ်ပေသည်။ ဤဖြစ်စဉ်တွင် တရုတ်နှင့်ပူးပေါင်းဆောင်ရွက်မှုကို ထဲထဲဝင်ဝင် တက်တက်ကြွကြွ ဆောင်ရွက်ခြင်းသည် ဒေသတွင်း ကျယ်ပြန့်သည့် ဘုံသဘောထားအမြင် ဖြစ်လာသည်။ ယခုနှစ်တွင် အရှေ့အလယ်ပိုင်းနှင့် တရုတ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ တည်ငြိမ်စွာ တိုးတက်လျက်ရှိရာ အောင်မြင်မှု ရလဒ်များက တစ်ဆင့်တိုး သိသာထင်ရှားပေသည်။

ပထဝီနိုင်ငံရေး ပဋိပက္ခက နိုင်ငံအများအပြား၏စီးပွားရေးကို သက်ရောက်မှုရှိ
ယခုအကြိမ် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် စတင်ဖြစ်ပွားသည့် အချိန်မှစ၍ တူကီယဲနှင့် အဓိက ကုန်သွယ်ဖက် ဖြစ်သည့် အစ္စရေး၏ ဆက်ဆံရေး ရုတ်ခြည်းဆိုးရွားလာသည်။ အစ္စရေးသည် တူကီယဲ၏ အဓိက လယ်ယာထုတ်ကုန်တင်ပို့သည့် ဈေးကွက်နှင့် အဆင့်မြင့်နည်းပညာ ထုတ်ကုန်ပစ္စည်းလာရာ အရင်းအမြစ်ဖြစ်သည်။ ယင်းမှာ မူလက ငွေကြေးဖောင်းပွမှု၊ လိုငွေပြမှု မြင့်မားခြင်း၏ အကျပ်အတည်းကို ခါးစည်းခံနေရသည့် တူကီယဲ၏ စီးပွားရေးအတွက် ဘူးလေးရာ ဖရုံဆင့် ဖြစ်စေသည်။ ယခုနှစ် ဒုတိယနှင့် တတိယ သုံးလပတ်ကာလတွင် တူကီယဲစီးပွားရေးသည် ၂.၄ ရာခိုင်နှုန်းနှင့် ၂.၁ ရာခိုင်နှုန်း ကျုံ့ဝင်သွားခဲ့သည်။ ထို့အပြင် နှစ်ဆန်းပိုင်းမှစ၍ တူကီယဲ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၄၇ ရာခိုင်နှုန်းနှင့်အထက်တွင် ရှိနေရာ စီးပွားရေးအခြေမလှဖြစ်ခဲ့ရသည်။

လက်ဘနွန်သည် ဒေသတွင်းပဋိပက္ခ၏ ရှေ့တန်းမှာ ရှိပြီး ၎င်း၏ ကြေမွလွယ်သည့် စီးပွားရေးမှာ ပို၍ကြီးမားသော မတည်ငြိမ်မှုနှင့် ရင်ဆိုင်နေရသည်။ လက်ဘနွန် Byblos ဘဏ် စီးပွားရေးသုတေသနဌာန တာဝန်ခံ နာစာဂျက်ဘရယ်က စစ်၏ခြိမ်းခြောက်မှုအောက်တွင် လက်ဘနွန်သည် ရွှေ့ပြောင်းနေထိုင်မှုနှင့် ငွေကြေး ပြင်ပသို့ စီးဆင်းမှု အချင်းအရာ ဆိုးရွားလျက်ရှိသည်။ ထို့အပြင် ကြွေးမြီပျက်ကွက်မှုကြောင့် လက်ဘနွန်သည် နိုင်ငံတကာဈေးကွက်မှ ငွေကြေးအရင်းအနှီးမရရှိနိုင်ဖြစ်ကာ စီးပွားရေး ပြန်လည်နာလန်ထူမည့် အလားအလာ ကြီးမားစွာ အကန့်အသတ် ခံရလျက်ရှိသည်။

အရှေ့အလယ်ပိုင်း ပဋိပက္ခ၏ ဝဲဂယက်ဗဟိုချက်မှာ ပါလက်စတိုင်းနှင့် အစ္စရေး၏ ၂၀၂၄ ခုနှစ် စီးပွားရေးသည် ဆိုးဆိုးရွားရွား ရိုက်ခတ်ခံခဲ့ကြသည်။

ပါလက်စတိုင်းစီးပွားရေးအခြေခံ ဖျက်ဆီးခံခဲ့ရပြီး လူထုဆင်းရဲမှုနှုန်း အရှိန်အဟုန်မြင့်တက်လာသည်။ ဂါဇာကမ်းမြောင်ဒေသ၌ ပျက်စီးသွားသော နေအိမ် သိန်းပေါင်းများစွာ၏ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းမှာ အမြန်ဆုံးဆိုလျှင်ပင် ၂၀၄၀ ပြည့်နှစ်မှ ပြီးမြောက်နိုင်မည် ဖြစ်သည်။

စစ်မက်၏ ရိုက်ခတ်မှုဒဏ်ကြောင့် အစ္စရေး၏ ပြည်ပခရီးသွားဧည့်သည်ပမာဏမှာ များစွာ လျော့နည်းခဲ့ရာ ဟိုတယ်၊ အစားအသောက်နှင့် ခရီးသွား ဆက်စပ်သည့် ဝန်ဆောင်မှုလုပ်ငန်းများမှာ ဝင်ငွေ လျော့ကျခြင်း၊ ဝန်ထမ်းလျှော့ချခံရခြင်းနှင့် ရင်ဆိုင်ရပေသည်။ အစ္စရေး၏ အဆင့်မြင့် သိပ္ပံနည်းပညာလုပ်ငန်းတွင် လူတော်များပြည်ပသို့ စီးဆင်းမှုနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှု လျော့နည်းခြင်းတို့နှင့် ရင်ဆိုင်နေရပြီး အချို့ သိပ္ပံနည်းပညာကုမ္ပဏီများမှာ ပြည်ပသို့ ပြောင်းရွှေ့ခဲ့သည်။ အဓိက ဆိပ်ကမ်း၏ ရေကြောင်းသယ်ယူပို့ဆောင်မှု အတားအဆီးခံရခြင်းကြောင့် ပို့ဆောင်ရေးကုန်ကျစရိတ် မြင့်မားပြီး ကုန်စည်ထောက်ပို့ရေးကွင်းဆက် ဆက်တိုက် ဖုတ်ပူမီးတိုက်ဖြစ်နေရာ အထူးသဖြင့် စွမ်းအင်နှင့် အဆင့်မြင့်သိပ္ပံနည်းပညာစက်ပစ္စည်းကိရိယာများတင်သွင်းရေးကဏ္ဍ၏ ရိုက်ခတ်မှု ပို၍ သိသာထင်ရှားပေသည်။

ပင်လယ်နီဒေသ အခြေအနေ တင်းမာလာမှုများကြောင့် အီဂျစ် ဆူးအက်တူးမြောင်း၏ ဝင်ငွေ များစွာ ကျဆင်းခဲ့သည်။ Fitch Solutions, Inc. ကုမ္ပဏီ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကနိုင်ငံများဆိုင်ရာ ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံရေး အကြီးအကဲ Ramona Mubarak က ပထဝီနိုင်ငံရေး ပဋိပက္ခ သက်ရောက်မှုကြောင့် ဆူးအက်တူးမြောင်း၏ လစဉ် ဝင်ငွေသည် ပြီးခဲ့သည့်ကာလများတွင် လစဉ် ကန်ဒေါ်လာ သန်း ၇၅၀ ရှိရာမှ ၂၀၂၄ ခုနှစ်၏ ပျမ်းမျှ လစဉ်ဝင်ငွေသည် ကန်ဒေါ်လာ သန်း ၃၀၀ အထိ ကျဆင်းခဲ့သည်။

အစ္စရေး၏ အိမ်နီးချင်းနိုင်ငံဖြစ်သော ဂျော်ဒန်၏ စီးပွားရေးမှာလည်း ရိုက်ခတ်ခံရရာ ခရီးသွားလုပ်ငန်းကဏ္ဍ ဝင်ငွေကျဆင်းခြင်း၊ ကုန်းလမ်း ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့ခံရခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျော့နည်းခြင်း စသည့် ဝန်ဖိအားကြီးများကို ခံနေရပေသည်။

အနောက်နိုင်ငံများ၏မူဝါဒအန္တရာယ်က စုံလင်ကြွယ်ဝမှုအသွင် ဖွံ့ဖြိုးတိုးတက်ရေးတောင်းဆိုချက်ကို ပို၍ ခိုင်မာအားကောင်းစေ
စစ်ပွဲ ရှုပ်ထွေးမှုများအပြင် အမေရိကန် ပြည်ထောင်စု အရန်ငွေစနစ် မူဝါဒ စသည့် အနောက်နိုင်ငံများ၏ အကြောင်းရင်းများက အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးဈေးကွက် လှုပ်ခတ်မှုကို ပို၍ ဆိုးရွားစေရာ အရှေ့အလယ်ပိုင်းနိုင်ငံများ စီးပွားရေးအပေါ် တစ်ဆင့်တိုး ရိုက်ခတ်မှု ဖြစ်စေသည်။

ယခုနှစ်တွင် အရှေ့အလယ်ပိုင်းဒေသ နိုင်ငံအချို့၏ ငွေလဲနှုန်းမှာ ပုံမှန်မဟုတ် အတက်အကျပြောင်းလဲလျက်ရှိရာ ငွေကြေးဖောင်းပွမှုကို ဆိုးရွားစေသည်။ တူကီယဲ လီရာနှင့် အမေရိကန် ဒေါ်လာ၏ ငွေလဲနှုန်းမှာ ယခုနှစ်မှစ၍ ၁၅ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်။ အမေရိကန် ပြည်ထောင်စု အရန်ငွေစနစ်က အတိုးနှုန်းမြင့်ထိန်းထား၍ ကန်ဒေါ်လာ ပြန်လည်စီးဝင်လာမှုကို ဆွဲဆောင်ထားခြင်းက အချို့နိုင်ငံများတွင် နိုင်ငံခြားငွေရှားပါးမှု အကျပ်အတည်းကို ပို၍ ဆိုးရွားစေသလို အရှေ့အလယ်ပိုင်းနိုင်ငံများ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲမှုကို အကန့်အသတ် ဖြစ်စေရာ အရှေ့အလယ်ပိုင်းဒေသ နှိုင်းယှဉ်မှုအရ ကြေမွလွယ်သည့် စီးပွားရေးအသိုက်အဝန်း၏ ဘဏ္ဍာရေး တည်ငြိမ်မှုနှင့် ကြွေးမြီလုံခြုံရေးကို ပြင်းထန်သည့် ခြိမ်းခြောက်မှု ဖြစ်စေသည်။

အနောက်တိုင်းနိုင်ငံများ၏ ဘဏ္ဍာရေးနှင့် စွမ်းအင် အကျပ်ကိုင်မှုမှ ရုန်းထွက်ရန် အရှေ့အလယ်ပိုင်းနိုင်ငံများသည် စီးပွားရေး ခံနိုင်ရည်အား ခိုင်မာအားကောင်းရေးနှင့် စုံလင်ကြွယ်ဝစွာ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးပိုင်းတွင် အပြုသဘောဆောင်သော ရှာဖွေခဲ့ကြသည်။ ၎င်းတို့အနက် ပင်လယ်ကွေ့ အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ (GCC) အဖွဲ့ဝင်နိုင်ငံများသည် စီးပွားရေး ဗဟုအသွင်ပြောင်း ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကို ဆက်လက်တွန်းအားပေးကာ ရေနံမဟုတ်သော စီးပွားရေး ထုတ်လုပ်မှု၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) အပေါ် ပံ့ပိုးမှုနှုန်းအား တဖြည်းဖြည်း တိုးမြှင့်ပေးခဲ့သည်။

ဆော်ဒီအာရေဗျနိုင်ငံ၏ ၂၀၂၄ ခုနှစ် အမှန်တကယ်စီးပွားရေးတိုးတက်မှုနှုန်းသည် ၁.၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားပြီး အဓိကအားဖြင့် ရေနံမဟုတ်သော ကဏ္ဍများ၏ အားကောင်းသော တိုးတက်မှု တွန်းအားများကြောင့် ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်၏ နောက်ဆုံးအစီရင်ခံစာအရ သိရသည်။ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံတွင် ရေနံမဟုတ်သောကဏ္ဍ၏ ၄.၁ ရာခိုင်နှုန်း မြင့်မားသောတိုးတက်မှုကြောင့် ၂၀၂၄ ခုနှစ် စီးပွားရေးသည် ၃.၃ ရာခိုင်နှုန်း မြင့်တက်လာမည်ဟုခန့်မှန်းထားပြီး ၎င်းတို့အနက် ခရီးသွား၊ အိမ်ခြံမြေ၊ ဆောက်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ကုန်ထုတ်လုပ်ငန်း စသည်တို့တွင် အားကောင်းပေသည်။ ကာတာ၏ အခြေခံအဆောက်အအုံသစ်စီမံကိန်းများ၊ စဉ်ဆက်မပြတ် တိုးချဲ့နေသော ကုန်ထုတ်လုပ်ငန်းနှင့် အရှိန်အဟုန်ဖြင့် တိုးမြင့်လာသော ခရီးသွားလုပ်ငန်း၏ ထောက်ပံ့မှုအောက်တွင် ရေနံမဟုတ်သောကဏ္ဍများ၏ ၂၀၂၄ ခုနှစ် တိုးတက်မှုနှုန်းကို ၂.၃ ရာခိုင်နှုန်းတွင် ဆက်လက်ထိန်းသိမ်းထားမည်ဟု ခန့်မှန်းထားသည်။

“ပင်လယ်ကွေ့ အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ (GCC) အဖွဲ့ဝင်နိုင်ငံတွေ စီးပွားရေး တိုးမြင့်လာခြင်းရဲ့ အဓိက မောင်းနှင်အားကတော့ ရေနံမဟုတ်တဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေကြောင့် ဖြစ်တယ်” ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ အရှေ့အလယ်ပိုင်းနှင့် အလယ်အာရှ ဌာန ညွှန်ကြားရေးမှူး Jihad Azour က ပြောကြားခဲ့သည်။

ဒေသတွင်း အခြားနိုင်ငံများကလည်း ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုနှင့် သင့်လျော်သော လမ်းကြောင်းသစ်များကို လေ့လာရှာဖွေလျက်ရှိသည်။ မကြာသေးမီနှစ်များတွင် တူကီယဲက နေစွမ်းအင် ဆိုလာပြား၊ လေအားလျှပ်စစ်၊ အကြီးစား စွမ်းအင်သိုလှောင်ရေး၊ လျှပ်စစ်မော်တော်ကား စသည့် ထုတ်လုပ်ရေးလုပ်ငန်းများ၌ နိုင်ငံအများအပြားနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။ ယခုနှစ် ဇူလိုင်လတွင် တူကီယဲသည် နိုင်ငံတော်အဆင့်မြင့်နည်းပညာ အားပေးမှု အစီအမံများထုတ်ပြန်ခဲ့ပြီး လျှပ်စစ်မော်တော်ကားများ၊ ဘက်ထရီများ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာစေရန် အစီအစဉ်များ ရေးဆွဲခဲ့သည်။

တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ခြင်းက ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေး

၂၀၂၄ ခုနှစ်တွင် တရုတ်နှင့် အရှေ့အလယ်ပိုင်းနိုင်ငံများအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် နယ်ပယ်များစွာ၌ ပွင့်လန်းလာမှုများရှိပြီး အပြန်အလှန်ဆက်သွယ်မှု ပိုမိုနက်ရှိုင်းခြင်း၊ ပိုမိုကျယ်ပြန့်စွာ ကဏ္ဍချဲ့ထွင်ခြင်းက အရှေ့အလယ်ပိုင်းနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုလိုအပ်ချက်များကို ထိရောက်စွာ ဖြည့်ဆည်းပေးသည်။

ဥပမာအနေဖြင့် တရုတ်နိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံအကြား ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုသည် အသစ်ဖြစ်သော၊ နက်ရှိုင်းသော၊ အလုံးစုံသော ဖွံ့ဖြိုးတိုးတက်မှုသို့ ဆက်လက်ဦးတည်လျက်ရှိသည်။ ဆော်ဒီအာရေဗျနိုင်ငံသည် ယခင်က မကြုံခဲ့ရဖူးသော အကြီးစား အခြေခံအအောက်အဦ တည်ဆောက်ရေး အဆင့်သို့ ရောက်ရှိနေပြီး စီမံကိန်းစာချုပ် အများအပြား၏ ချုပ်ဆိုသူ အားလုံးသည် တရုတ်ကုမ္ပဏီများဖြစ်သည်ဟု ဆော်ဒီအာရေဗျနိုင်ငံ ရင်းနှီးမြှုပ်နှံရေး ဝန်ကြီး Khalid A. Al-Falih က ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံက အစိမ်းရောင် ထုတ်လုပ်ရေးလုပ်ငန်းနဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နယ်ပယ်တွေမှာ ကမ္ဘာတစ်ဝန်း ဦးဆောင်အနေအထားမှာရှိတယ်၊ မော်တော်ကား၊ ဘတ်ထရီနဲ့ စက်ရုပ်စတဲ့ ကဏ္ဍတွေမှာ ကမ္ဘာနှင့်အဝှမ်း အာရုံစိုက်လာကြတဲ့ နည်းပညာသစ်တွေ အများကြီးရှိတယ်။ ဆော်ဒီအာရေဗျအနေနဲ့ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုပုံစံကို ချဲ့ထွင်ဖို့ ကြိုးပမ်းနေတယ်၊ တရုတ်နိုင်ငံရဲ့ ခေတ်မီနည်းပညာတွေကို လေ့လာနေပါတယ်” ဟု ဆော်ဒီအာရေဗျနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Mohammed Al-Jadaan က ပြောကြားခဲ့သည်။

အလားတူပင် ယခုနှစ်တွင် တရုတ်ကုမ္ပဏီလုပ်ငန်းများသည် အီဂျစ်စသည့် အရှေ့အလယ်ပိုင်းနိုင်ငံများ၌ ရင်းနှီးမြှုပ်နှံမှုနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ အကြိတ်အနယ် လုပ်ဆောင်လျက်ရှိသည်။ တရုတ်နိုင်ငံက အခြေခံအဆောက်အအုံ၊ စွမ်းအင်၊ စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး၊ သိပ္ပံနှင့် နည်းပညာစသည့်နယ်ပယ်များတွင် အတွေ့အကြုံ ကြွယ်ဝပြီး ယင်းမှာ အီဂျစ်နိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဖော်ဆောင်ရေးလုပ်ငန်းစဉ်တွင် အရေးတကြီး လိုအပ်သော အရာများဖြစ်ကြောင်း အီဂျစ်နိုင်ငံရေး၊ ဥပဒေနှင့် စီးပွားရေး သုတေသနစင်တာမှ ဒါရိုက်တာ Adil Amir က ပြောကြားခဲ့သည်။

တရုတ်ကုမ္ပဏီလုပ်ငန်းများသည် ၂၀၂၄ ခုနှစ်တွင် အီရတ်နိုင်ငံ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေး၌ တစ်ဆင့်တိုး ပါဝင်ခဲ့သည်။ တရုတ်ကုမ္ပဏီလုပ်ငန်းများ၏ ပါဝင်မှုသည် အီရတ်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဖွံ့ဖြိုးမှု ကုန်ကျစရိတ် လျှော့ချရေးအတွက် အကျိုးပြုပြီး စစ်အပြီး ပြန်လည်တည်ဆောက်ရေးအတွက် နိုင်ငံခြားငွေလဲလှယ်မှုကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ ထို့အပြင် တရုတ်နည်းပညာနှင့် တရုတ်စံနှုန်းများ တင်သွင်းခြင်းသည် အီရတ်နိုင်ငံ၏ ဒေသတွင်း စွမ်းအင်ထုတ်လုပ်ငန်းကို စဉ်ဆက်မပြတ် အဆင့်မြှင့်တင်ရန်အတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း အီရတ်နိုင်ငံရေးလေ့လာသုံးသပ်သူ Nazim Ali က ထောက်ပြခဲ့သည်။

ကာတာနှင့် တရုတ်နိုင်ငံကြား ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုသည် စဉ်ဆက်မပြတ် တိုးချဲ့လျက်ရှိသည်။ ကာတာနိုင်ငံ စွမ်းအင်ကုမ္ပဏီသည် ယခုနှစ်တွင် တရုတ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်များနှင့် သဘောတူစာချုပ် ၂ ခု လက်မှတ်ရေးထိုးခဲ့ပြီး တရုတ်ကုမ္ပဏီလုပ်ငန်းများက ဧရာမအကြီးစား သဘာဝဓာတ်ငွေ့ရည်တင်သင်္ဘောများအတွက် ဆောက်လုပ်ရေးနှင့် အငှားဝန်ဆောင်မှုများကို ပံ့ပိုးပေးမည်ဖြစ်သည်။ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုသည် ကာတာ-တရုတ် ကုန်သွယ်စီးပွား ဆက်ဆံရေး၏ အဓိကဖြစ်ပြီး အခြားကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှု အလားအလာမှာလည်း အလွန်ကြီးမားကြောင်း Hamad bin Khalifa University (Qatar) တွဲဖက်ပါမောက္ခ Steven Wright က ပြောကြားခဲ့သည်။

တူကီယဲ-တရုတ် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးသည် တူကီယဲ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးပြုခဲ့သည်ဟု တူကီယဲ Ankara University အာရှ-ပစိဖိတ် သုတေသနစင်တာ ဒါရိုက်တာ Ali Merthan Dündar က ပြောကြားခဲ့သည်။ အထူးသဖြင့် ယခုနှစ်တွင် တချို့သော တရုတ်ကုမ္ပဏီလုပ်ငန်းများသည် မော်တော်ကားထုတ်လုပ်ရေး၊ စွမ်းအင်သစ်စသည့် ကဏ္ဍများတွင် တူကီယဲနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ရာ ယင်းသည် တူကီယဲ၏ ကုန်စည်ထောက်ပံ့ရေးကွင်းဆက် ပြီးပြည့်စုံရေးနှင့် နည်းပညာအဆင့်မြှင့်တင်ရေးစသည့် ကဏ္ဍများတွင် အကျိုးပြုစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံတွင် တူကီယဲကုမ္ပဏီလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုများ များပြားလာနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ်တွင် အရှေ့အလယ်ပိုင်းဒေသ အခြေအနေ မငြိမ်မသက်ဖြစ်ခဲ့ကြောင်း၊ အနောက်နိုင်ငံများ၏ လုပ်ရပ်နှင့်မတူဘဲ တရုတ်နိုင်ငံသည် အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် တစ်မူထူးခြားသော ယုံကြည်မှုဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားလျက်ရှိရာ ဤဆက်ဆံရေးအခြေခံမှ အရှေ့အလယ်ပိုင်းဒေသ၏ စီပွားရေးတိုးမြှင့်ရေး၊ လူမှုဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ကြိုးပမ်းတွန်းအားပေးခဲ့သောကြောင့် ယင်းသည် ဒေသတွင်း နိုင်ငံအားလုံး၏ ဘုံအကျိုးအမြတ်နှင့် ကိုက်ညီကြောင်း အီဂျစ်နိုင်ငံ၏ အီဂျစ်-တရုတ် ကုန်သည်များအသင်း အတွင်းရေးမှူးချုပ် Diaa Helmy က ထောက်ပြခဲ့သည်။ (Xinhua)

ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်းမြို့ Deir al Balah တွင် အစားအသောက်များယူနေကြသည့် ပါလက်စတိုင်းသားများအား ဒီဇင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ ဒူဘိုင်းမြို့ရှိ Mohammed bin Rashid Al Maktoum Solar Park ၏ နေစွမ်းအင်ဖြင့် ပေါင်းစည်းလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်း စတုတ္ထအဆင့် မြင်ကွင်းကို စက်တင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………………
(Chinese Version)

国际观察|乱局交织冲击中东经济 多国对华合作稳定发展
2024年,巴以冲突延宕外溢,严重冲击中东多国经济。在动荡局势中,中东地区一些国家努力谋求结构性变革,取得明显成效;一些国家努力对冲美国利率政策调整和西方制裁带来的负面影响,促稳定、保民生。
当下,中东多数国家已深刻认识到,摆脱西方能源和金融霸权束缚,与广大发展中国家一道谋求经济多元化、共同发展是必由之路。在此过程中,积极深化对华合作成为地区广泛共识。这一年,中东对华合作持续稳定发展,成果进一步凸显。

地缘冲突影响多国经济

本轮巴以冲突去年10月爆发以来,土耳其与主要贸易伙伴以色列的关系迅速恶化,后者是土耳其重要的农产品出口市场和高技术产品来源地。这令本就遭受高通胀、高赤字困扰的土耳其经济雪上加霜。今年第二和第三季度,土耳其经济分别同比萎缩2.4%和2.1%。此外,年初以来土耳其通胀率保持在47%以上,经济形势不容乐观。
黎巴嫩位于地区冲突前沿,其脆弱的经济面临更大不稳定性。黎巴嫩比布鲁斯银行经济研究部门负责人纳西布·贾布里勒表示,战乱威胁下,黎巴嫩移民和资金外流现象严重。此外,由于债务违约,黎巴嫩无法从国际市场融资,经济恢复空间大大受限。
在中东冲突的漩涡中心,巴勒斯坦和以色列2024年经济均遭受严重冲击。
巴勒斯坦经济基础被毁,民众贫困率急剧上升。在加沙地带,数十万间受损住宅的重建工作最快要到2040年才能完成。
受战乱影响,以色列接待的外国游客数量大幅减少,酒店、餐饮以及与旅游相关服务业面临收入下滑和裁员。以色列高科技行业面临人才外流和海外投资减少,一些科技公司外迁。主要港口的航运受阻使物流成本上升,供应链持续紧张,特别是能源和高科技设备进口方面所受影响更加明显。
由于红海地区局势紧张,埃及苏伊士运河收入大减。惠誉解决方案公司中东和北非国家风险主管拉莫娜·穆巴拉克说,受地缘冲突影响,苏伊士运河每月创收从以往约7.5亿美元降至2024年的平均每月3亿美元。
以色列邻国约旦的经济也受到冲击,承受着旅游业收入下滑、陆上贸易路线受阻、外国投资减少等重压。

西方政策风险强化多元化发展诉求
除战乱外,美联储货币政策等西方因素加剧国际金融市场动荡,对中东国家经济带来进一步冲击。
这一年,部分中东地区国家汇率异常波动,输入性通货膨胀严重。土耳其里拉对美元汇率今年以来下跌15%以上。美联储长期维持高利率吸引美元回流,加剧部分国家外汇短缺困境,束缚中东国家经济发展与改革,严重威胁中东地区相对脆弱经济体的金融稳定和债务安全。
为摆脱美西方的金融与能源胁迫,中东国家在增强经济韧性、推动多元化发展方面进行了积极探索。其中,海湾阿拉伯国家合作委员会成员国持续推动经济多元化转型发展战略,逐步提高非石油经济产出对国内生产总值的贡献率。
据世界银行最新报告,沙特阿拉伯2024年实际经济增长率预计为1.1%,主要由非石油部门强劲增长推动。阿联酋在非石油部门4.1%的高增长推动下,预计2024年经济增长3.3%,其中旅游、房地产、建筑、运输和制造业等表现强劲。卡塔尔在新基础设施项目、不断扩大的制造业和快速增长的旅游业支撑下,预计2024年非石油部门将保持2.3%的增速。
“海合会国家经济增长的主要驱动力是非石油经济的发展。”国际货币基金组织中东和中亚部主任吉哈德·阿祖尔说。
地区其他国家也在探寻契合自身发展的新路径。近年来,土耳其与多国合作,发展太阳能光伏板、风力发电、大型储能、电动汽车等产业。今年7月,土耳其出台国家高科技激励措施,计划加大对电动汽车、电池、半导体和可再生能源的投资。

对华合作提供发展动力
2024年,中东国家对华经贸合作呈现多点开花局面,对接程度更深、拓展领域更广,有效满足中东国家发展需求。
以沙特为例,对华经贸合作继续向新、向深、向全发展。沙特投资大臣哈立德·法利赫表示,沙特正处于前所未有的大规模基础设施建设阶段,很多项目合同的缔约方都是中国企业。
“中国在绿色产业和可再生能源领域处于全球领先地位,在汽车、电池和机器人等方面有很多新技术受到全球关注。沙特正努力拓展对华合作模式,学习中国先进技术。”沙特财政大臣穆罕默德·贾丹说。
同样在今年,中国企业在埃及等中东国家投资建设火热。埃及政治、法律和经济研究中心主任阿迪勒·阿米尔说,中国在基础设施、能源、工业、农业、科技等领域拥有丰富经验,这是埃及实施经济改革过程中迫切需要的。
在伊拉克,中国企业2024年进一步参与当地油气开采。伊拉克政治分析人士纳齐姆·阿里指出,中国企业的参与有利于伊拉克降低油气开发成本,为战后重建提供外汇支持。此外,引入中国技术和中国标准,有利于伊拉克本土能源产业迭代升级。
卡塔尔与中国在油气领域的合作不断延伸。卡塔尔能源公司今年与中国合作伙伴签署两项协议,中企将提供超大型液化天然气运输船的建造和租赁服务。卡塔尔哈马德·本·哈利法大学副教授史蒂文·赖特说,能源合作是卡中经贸关系的重点,其他领域合作也潜力巨大。
土耳其安卡拉大学亚太研究中心主任梅尔特汗·丁达尔说,土中商业合作为土耳其经济发展作出贡献。特别是今年以来,一些中国企业表示有意在汽车制造、新能源等领域对土投资,这将使土耳其在完善供应链和技术升级等方面受益。与此同时,土耳其企业在华投资也可能因此增加。
埃及埃中商会秘书长迪亚·赫尔米指出,2024年,中东地区局势动荡。与西方国家做法不同,中国与中东国家保持着独特的信任关系,在这一关系基础上努力推动中东地区经济增长、社会发展、和平稳定,这符合地区所有国家的共同利益。(完)
图说1:这是12月8日在叙利亚首都大马士革拍摄的爆炸后的浓烟。新华社发蒙塞夫·梅马里摄
图说2:12月20日,巴勒斯坦人在加沙地带中部代尔拜拉赫领取食物。新华社发(里泽克·阿卜杜勒贾瓦德摄)
图说3:这是9月2日拍摄的阿联酋迪拜马克图姆太阳能公园四期光热光伏综合发电项目现场(无人机照片)。新华社发