Connect with us

North America

ပနားမားတူးမြေနားာင်းက ပနားမားနိုင်ငံ၏ ထာဝရ ပိုင်ဆိုင်မှုဖြစ်သည်ဟု ပနားမားနိုင်ငံ သမ္မတဆို

ပနားမားနိုင်ငံ မြို့တော် ပနားမားတွင် ပနားမားတူးမြောင်း အာဏာပိုင် အဆောက်အအုံ၏ အပြင်ဘက်မြင်ကွင်းကို ဩဂုတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပနားမားမြို့၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)
အမေရိကန် ရွေးကောက်ခံသမ္မတ ထရမ့်၏ မကြာသေးမီရက်က ပြောဆိုခဲ့သည့် ပနားမားတူးမြောင်းကို “ပြန်လည်သိမ်းယူခြင်း”နှင့် ပတ်သက်၍ တုံ့ပြန်ရန် ပနားမားနိုင်ငံ သမ္မတ José Raúl Mulino က ဒီဇင်ဘာ ၂၂ ရက် ညနေပိုင်းတွင် ပနားမားတူးမြောင်း၏ အချုပ်အခြာအာဏာကို ထပ်လောင်းပြောကြားသည့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ပနားမားတူးမြောင်းနှင့် ၎င်း၏ ကပ်လျက်နေရာများသည် ပနားမားနိုင်ငံ၏ ထာဝရ ပိုင်ဆိုင်မှုဖြစ်ကြောင်း၊ ပနားမားနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးမှာ ညှိနှိုင်းရန်မရှိကြောင်း Mulino က ထုတ်ပြန်ချက်တွင် အလေးပေးပြောကြားခဲ့သည်။ ၁၉၇၇ ခုနှစ် ပနားမား-အမေရိကန် နှစ်နိုင်ငံ ချုပ်ဆိုသော စာချုပ်တွင် အဆိုပါတူးမြောင်းနှင့် တူးမြောင်းဒေသအပေါ် ပနားမားနိုင်ငံ၏ အချုပ်အခြာအာဏာကို အသိအမှတ်ပြုခဲ့ပြီးဖြစ်ပြီး အမေရိကန်သည် ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်တွင် တူးမြောင်းအား ပနားမားထံ အပြည့်အဝလွှဲပြောင်းပေးခဲ့ရာ ပနားမားနိုင်ငံ တူးမြောင်းပြန်လည်ရရှိခဲ့ခြင်းက နိုင်ငံတကာအသိုင်းအဝိုင်း၏ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှုများ ရရှိခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။
နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာအတွက် မျိုးဆက်ပေါင်းများစွာသော ပနားမားနိုင်ငံသားများက မိမိတို့၏ အသက် ပေးဆပ်ခဲ့ကြရာ ယခုအခါ ပနားမားတူးမြောင်းသည် ပနားမားနိုင်ငံသားများ၏ ကိုယ်ပိုင်လွတ်လပ်သော စီမံခန့်ခွဲမှုအောက်တွင် ဖျက်သိမ်းလုယူခွင့်မရှိသည့် နိုင်ငံ၏ အရေးပါသော ပိုင်ဆိုင်မှုတစ်ခု ဖြစ်လာပြီး မည်သည့် ပြည်ပအင်အားစု၏ ထိန်းချုပ်ခြင်းကိုမျှ ခံမည်မဟုတ်ကြောင်း Mulino က ပြောကြားခဲ့သည်။ ၎င်း၏ ထုတ်ပြန်ချက်တွင် အဆိုပါအမှန်တရားကို ငြင်းဆိုသည့် မည်သည့်ပြောကြားချက်ကိုမဆို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း၊ တူးမြောင်းနှင့် အချုပ်အခြာအာဏာဆိုင်ရာ ပြဿနာများတွင် ပနားမားနိုင်ငံသားအားလုံးသည် “ပနားမားနိုင်ငံတော်အလံအောက်တွင် စည်းလုံးညီညွတ်” မည်ဖြစ်ကြောင်း တစ်ချိန်တည်းတွင် ပြောကြားခဲ့သည်။
ထရမ့်က ပနားမားတူးမြောင်းသည် “အမေရိကန်၏ အရေးကြီးသောနိုင်ငံတော်ပိုင်ဆိုင်မှု” ဖြစ်သည်ဟု ဒီဇင်ဘာ ၂၁ ရက်တွင် ဆိုခဲ့ပြီး ပနားမားတူးမြောင်းကို အမေရိကန်က ပြန်လည်သိမ်းယူမည်ဟု ခြိမ်းခြောက်ခဲ့သည်။ အမေရိကန်က ပနားမားတူးမြောင်းကိုပြန်လည်ပေးအပ်ခြင်းသည် “မိုက်မဲ” ကြောင်း အစောပိုင်း ၂၀၁၁ ခုနှစ် အမေရိကန်မီဒီယာများနှင့်အင်တာဗျူးဖြေကြားစဉ်တွင် ထရမ့်က ပြောကြားခဲ့သည်။ ပနားမားနိုင်ငံ မြို့တော် ပနားမားလွှတ်တော်က ထိုနှစ်တွင်ပင် မဲခွဲဆုံးဖြတ်မှုဖြင့် ထရမ့်အား “မနှစ်သက်ဖွယ် ပုဂ္ဂိုလ်” အဖြစ် ကြေညာခဲ့သည်။ (Xinhua)
…………………..
(Chinese Version)
巴拿马总统:巴拿马运河永远属于巴拿马
新华社巴拿马城12月22日电(记者陈昊佺)巴拿马总统穆利诺22日下午发表声明重申巴拿马运河主权,以回应美国当选总统特朗普近日关于“收回”巴拿马运河的言论。
穆利诺在声明中强调,巴拿马运河及其毗邻区域永远属于巴拿马,巴拿马的主权和独立不容谈判。他说,巴美两国1977年签订的条约已经承认巴拿马对运河及运河区的主权,美国最终在1999年12月31日将运河完全交还给巴拿马,巴拿马收回运河获得国际社会的广泛支持。
穆利诺表示,数代巴拿马人为了争取国家的主权和尊严付出了生命的代价,如今运河在巴拿马人自主管理下已成为国家不可剥夺的重要财产,不受任何外国势力控制。他在声明中强烈谴责任何否认这一事实的言论,同时表示巴拿马人在涉及运河和主权的问题上都会“团结在巴拿马国旗之下”。
特朗普21日称巴拿马运河是“美国重要国家资产”,威胁美国将“收回”巴拿马运河。早在2011年,特朗普在接受美国媒体采访时称,美国归还巴拿马运河是“愚蠢的”。巴拿马首都巴拿马城的市议会同年通过决议,宣布特朗普为“不受欢迎的人”。(完)
图说:这是8月24日在巴拿马首都巴拿马城拍摄的巴拿马运河管理局大楼外景。新华社记者 李木子 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.