Connect with us

Africa & Middle East

ရာဖာ၌ စစ်ရေးလှုပ်ရှားမှုများ တိုးချဲ့ရန် အစ္စရေး ခွင့်ပြု၊ ဆွေးနွေးမှုနည်းလမ်းများကို ပြန်လည် စဉ်းစားသွားမည်ဟု ဟားမက်စ်ကဆို

အစ္စရေးနိုင်ငံတောင်ပိုင်း Kerem Shalom ဂိတ်တွင် ဖြန့်ကျက်ထားသော အစ္စရေး စစ်တပ်အား မေ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ မေ ၁၁ ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ရာဖာမြို့၌ အစ္စရေးကာကွယ်ရေးတပ်များ စစ်ရေးလှုပ်ရှားမှု တိုးချဲ့ရန် အစ္စရေးလုံခြုံရေးဝန်ကြီးအဖွဲ့က မေ ၉ ရက် ညပိုင်းတွင် ခွင့်ပြုခဲ့ကြောင်း အစ္စရေးမီဒီယာများ၏ မေ ၁၀ ရက်သတင်းများအရ သိရသည်။

ပါလက်စတိုင်း အစ္စလာမ္မစ် တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်)က မေ ၁၀ ရက် ကြေညာချက် ထုတ်ပြန်ခဲ့ရာတွင် ရရှိပြီးသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် ဆွေးနွေးမှု နည်းလမ်းများကို ပြန်လည် စဉ်းစားရန် ပါလက်စတိုင်း အခြားခေါင်းဆောင်များနှင့်ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ကြားဝင်ညှိနှိုင်းပေးသည့်ဘက်၏ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ဟားမက်စ်က လက်ခံကာ အစ္စရေးနှင့်တိုက်ရိုက်မဟုတ်သော ဆွေးနွေးမှုတွင် ကြားဝင်ဆွေးနွေးပေးသူနှင့် လုပ်ငန်းများကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရန် မျှော်လင့်လျက်ရှိသော်လည်း အစ္စရေးခေါင်းဆောင်များက လက်ခံမှုမရှိကြောင်း၊ အပစ်အခတ်ရပ်စဲရေးအဆိုပြုချက်အပေါ် အစ္စရေး၏ ငြင်းပယ်မှုက ရရှိပြီး သဘောတူညီချက်တွင် ကြိုးစားထားမှုအားလုံးကို အချည်းနှီး ဖြစ်စေကြောင်း ဟားမက်စ်၏ ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)

……………………………….
(Chinese Version)
以色列批准扩大在拉法军事行动 哈马斯称将重新考虑谈判策略
新华社耶路撒冷5月10日电(记者王卓伦 吕迎旭)据以色列多家媒体10日报道,以色列安全内阁9日晚批准以国防军扩大在加沙地带南部城市拉法的军事行动。
巴勒斯坦伊斯兰抵抗运动(哈马斯)10日发表声明说,将与巴勒斯坦其他派别领导人举行磋商,以重新考虑达成停火协议的谈判策略。
哈马斯在声明中说,哈马斯接受了斡旋方的停火提议,并在与以色列的非直接谈判中,积极配合斡旋方的工作,期望达成停火协议,但以方领导人坚持不接受。以色列对停火提议的拒绝令达成停火协议的所有努力功亏一篑。
1. 5月8日,以军部队在以色列南部凯雷姆沙洛姆口岸附近部署。