Connect with us

Europe

ပဲရစ်အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား၏ စိတ်ဝင်စားဖွယ်အကောင်းဆုံး ထူးခြားချက် ၁၀ ချက်

ပဲရစ်အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)
ပဲရစ်အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၂၆ ရက် ညပိုင်းက ပြင်သစ်လူမျိုးများတွင်သာရှိသော စိတ်ကူးယဉ်ဖွယ် “ရွေ့လျား ပွဲတော်ကြီး”တစ်ခုကို မိုးရေထဲတွင် ကျင်းပခဲ့သည်။ ရင်သပ်ရှုမောဖွယ်ရာ ဖွင့်ပွဲအခမ်းအနား၏ စိတ်ဝင်စားဖွယ်အကောင်းဆုံး ထူးခြားချက် ၁၀ ချက် ဖော်ပြသွားမည် ဖြစ်သည်။

ထူးခြားချက် ၁- အားကစားကွင်းမှ မြို့ပြနေရာသို့ ရွေ့လျားလာသော ပထမဆုံးအကြိမ် အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား
ယင်းမှာ ခေတ်သစ် အိုလံပစ်သမိုင်းတွင် ဖွင့်ပွဲအခမ်းအနားကို ပထမဆုံးအကြိမ် မြို့ပြနေရာများ၌ ကျင်းပခြင်းဖြစ်သည်။ ဖွင့်ပွဲအခမ်းအနားတစ်ခုလုံးတွင် မြို့တော်ကို နောက်ခံထားကာ မြစ်ကို ပြေးလမ်း၊ ဆိပ်ခံကို ပွဲကြည့်စင်အဖြစ် ဖန်တီးထားရာ ကိုယ်စားပြုအဖွဲ့ ၂၀၅ ဖွဲ့မှ အားကစားသမား ၆,၈၀၀ ခန့်သည် ရေယာဉ် ၈၅ စီးဖြင့် Austerlitz တံတားမှ ထွက်ခွာကာ အနောက်ဘက်သို့ ၆ ကီလိုမီတာခန့် မောင်းနှင်သွားခြင်းဖြစ်သည်။ လမ်းကြောင်းတွင် Notre Dame ဘုရားကျောင်း ၊ Louvre ၊ Place de la Concorde ရင်ပြင် ကဲ့သို့သော အထင်ကရ အဆောက်အအုံများကို ဖြတ်သန်းကာ အီဖယ်မျှော်စင်မျက်နှာချင်းဆိုင်ရှိ Trocadéro ရင်ပြင်သို့ သွားရောက်၍ ဂုဏ်ပြုပွဲအခမ်းအနား တက်ရောက်ခဲ့ကြသည်။ မြစ်ရေစီးကြောင်း၊ အဆောက်အဦများနှင့် တံတားများက သဘာဝဇာတ်ခုံတစ်ခုဖြစ်လာပြီး အားကစား၊ သမိုင်းနှင့် အနုပညာတို့သည် Seine မြစ်ပေါ်တွင် လိုက်ဖက်ညီစွာ ပေါင်းစပ်ထားသည်။
ထူးခြားချက် ၂- ဖွင့်ပွဲအခမ်းအနားတွင် ပရိသတ် ၃၂၀,၀၀၀ ခန့် လာရောက်ကြည့်ရှု
မြစ်ကမ်းတစ်လျှောက် ကြည့်ရှုသူ ၃၂၀,၀၀၀ ခန့်သည် မိုးရေထဲတွင် နိုင်ငံတော် အလံများကို ဝှေ့ယမ်းကာ တေးသွားနှင့်အညီ ကခုန်ခြင်း သို့မဟုတ် လွတ်လပ်စွာ ကြွေးကြော်အားပေးကြရာ ဖွင့်ပွဲ အခမ်းအနား၏ အနုပညာ မြင်ကွင်း ၁၂ ခုတွင် နစ်မြောခံစားခဲ့ကြသည်။ အခမ်းအနားတွင် ဖန်သားပြင်ကြီး စုစုပေါင်း ၇၁ ခု တပ်ဆင်ထားပြီး ပရိသတ်များအနေဖြင့် ဤခမ်းနားသော ဖွင့်ပွဲအခမ်းအနားကို ကြီးမားသော ဖန်သားပြင်များမှတစ်ဆင့် ကြည့်ရှုနိုင်ပါသည်။
ထူးခြားချက် ၃- လျှို့ဝှက်ဆန်းကြယ်သော မျက်နှာဖုံးစွပ် မီးရှူးတိုင်သယ်ဆောင်သူ
ဤလျှို့ဝှက်ဆန်းကြယ်သော မီးရှူးတိုင်သယ်ဆောင်သူပုံစံကို ပြင်သစ်ယဉ်ကျေးမှုတွင် နာမည်ကြီး မျက်နှာဖုံးစွပ်ဇာတ်ကောင်များထံမှ စိတ်ကူးစိတ်သန်းများရယူခဲ့ခြင်းဖြစ်သည်။ ၎င်းသည် မျက်နှာဖုံးစွပ်ထားပြီး အားကစားသမားများ စီတန်းလှည့်လည်ခြင်းနောက်ကို လိုက်လာပြီး ကမ်းရိုးတန်းတစ်လျှောက်ရှိ အဆောက်အအုံများ၏ ခေါင်မိုးများပေါ်မှ ကျော်ဖြတ်ကာ Ile Saint-Louis ကျွန်း မှ Seine မြစ်သို့ လျှောခနဲဆင်းလာခြင်းဖြစ်သည်။ ၎င်းသည် Notre Dame ဘုရားကျောင်း ဆောက်လုပ်နေသောငြမ်းတွင် အလုပ်သမားများ၏ အကဖျော်ဖြေမှုကို မြင်တွေ့ခဲ့ပြီး Les Misérables ပြဇာတ်ရုံသို့သွားရောက်ကာ “Les Misérables” ဂီတပြဇာတ် အစမ်းလေ့ကျင့်နေသည်ကို ကြည့်ရှုခဲ့သလို Louvre ပြတိုက်ရှိ ပြောင်မြောက်သည့် အနုပညာလက်ရာများ ရှေ့မှ ဖြတ်သန်းလာ၍ အချိန်ခရီးသွားရုပ်ရှင်များနှင့် သိပ္ပံစိတ်ကူးယဉ်ဝတ္ထုများ ကမ္ဘာသို့ ဝင်ရောက်ခဲ့သည်။
ထူးခြားချက် ၄- တရုတ်အားကစားကိုယ်စားလှယ်အဖွဲ့၏ တောက်ပသောအသွင်အပြင်
အလံကိုင်ဆောင်သူ မာလုန်နှင့် ဖုန်ယွီတို့သည် ကြယ်ငါးပွင့် အနီရောင်အလံကို အတူလွှင့်တင်ကာ တရုတ်အားကစား ကိုယ်စားလှယ်အဖွဲ့နှင့်အတူ လိုက်ပါခဲ့ကြသည်။ ယင်းမှာ အသက် ၃၅ နှစ်အရွယ် စားပွဲတင်တင်းနစ်ဝါရင့်ကစားသမား မာလုန်၏ စတုတ္ထအကြိမ်မြောက် အိုလံပစ်ပြိုင်ပွဲတွင် ပါဝင်ခဲ့ခြင်းဖြစ်ပြီး လူငယ် အလှပြရေကူးအသင်းခေါင်းဆောင် ဖုန်ယွီ၏ ဒုတိယအကြိမ်မြောက် အိုလံပစ်ခရီးစဉ်လည်းဖြစ်သည်။ ယခုအကြိမ် အိုလံပစ်ပြိုင်ပွဲတွင် တရုတ်အားကစားကိုယ်စားလှယ်အဖွဲ့သည် အိုလံပစ်ချန်ပီယံ ၄၂ ဦး ဦးဆောင်သောအဖွဲ့ဖြစ်ပြီး အဓိက ပြိုင်ပွဲကြီး ၃၀ ခု နှင့် ပြိုင်ပွဲခွဲ ၄၂ ခုနှင့် ပြိုင်ပွဲငယ် ၂၃၆ ခုတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ ၎င်းအဖွဲ့သည် အလွန်ထက်မြတ်သလို အားမာန်အပြည့်ရှိရာ အငယ်ဆုံးအားကစားသမား ကျိမ့်ဟောင်ဟောင်မှာ အသက် ၁၁ နှစ်သာရှိသေးသည်။
ထူးခြားချက် ၅- ခေါင်မိုးပေါ်တွင် “La Marseillaise” ပြင်သစ်နိုင်ငံတော်သီချင်းသီဆိုခြင်း
ပြင်သစ် အမျိုးသမီးအဆိုတော် မက်ဇိုဆိုပရာနိုသည် ပြင်သစ်နိုင်ငံအလံနှင့် အရောင်တူဝတ်စုံကို ၀တ်ဆင်ထားပြီး ပြင်သစ်နိုင်ငံတော်သီချင်း “La Marseillaise” ကို ပဲရစ်မြို့ရှိ Grand Palais အဆောက်အအုံခေါင်မိုးပေါ်၌ သီဆိုခဲ့သည်။ “La Marseillaise” နိုင်ငံတော်သီချင်း တီးလုံးသံကြားရသည်နှင့် Trocadéro နန်းတော်တွင် ပြင်သစ်အလံကို လွှင့်တင်ခဲ့သည်။ Seine မြစ်ပေါ်မှ တဖြည်းဖြည်း မြင့်တက်လာသည့် ပြင်သစ်သမိုင်းကို ဖန်တီးပေးခဲ့သော အမျိုးသမီးရုပ်တု ၁၀ ခုအား မီးမောင်း ထိုးပြခဲ့သည်။ ထိုအမျိုးသမီးများတွင် စာရေးဆရာ၊ အားကစားသမား၊ ရှေ့နေ၊ ဒဿနပညာရှင်၊ သတင်းထောက်၊ ရုက္ခဗေဒပညာရှင်၊ သင်ကြားရေးဆရာ၊ ကဗျာဆရာ၊ ဒါရိုက်တာနှင့် တရားသူကြီးများ ပါဝင်ပေသည်။ ယင်းဖျော်ဖြေမှုသည် ပြင်သစ်နိုင်ငံ သမိုင်းတစ်လျှောက် ဤအမျိုးသမီးများအား ရိုသေလေးစားမှုကို ပြသခဲ့ခြင်းပင်ဖြစ်သည်။
ထူးခြားချက် ၆- ထပ်တိုး အိုလံပစ်အားကစားသစ် ၄ ခုကို Seine မြစ်ပေါ်တွင် ကျင်းပခြင်း
Seine မြစ်အလယ်တွင် ၁ တန်မှ ၅ တန်အထိရှိသော အလေးတုံး ၉၀ ခု နှင့် သင်္ဘောလိုင်းများဖြင့် ကျောက်ချရပ်နားထားသော ရေပေါ်စတိတ်စင် ၅ ခု ပေါ်လာသည်။ ယင်းစင်ပေါ်များတွင် ထပ်တိုး အိုလံပစ်အားကစားသစ် ၄ ခုဖြစ်သည့် ဘရိတ်ဒန့်စ်အက (Break Dance) ၊ Rock Climbing ၊ စကိတ်စီးခြင်းနှင့် ရေလှိုင်းစီးခြင်းတို့ကို ပြသခဲ့သည်။ ဤအားကစားများသည် သရုပ်ပြစွမ်းဆောင်ရည်၊ ပရိသတ်များကြား နှစ်ခြိုက်မှုနှင့် အားလုံးပါဝင်နိုင်မှု ရှိပေသည်။ ဤအားကစားများမှာ လူငယ် လှုပ်ရှားမှုများဖြစ်ရာ လမ်းများ သို့မဟုတ် သဘာဝပတ်ဝန်းကျင်တွင် မကြာခဏ မြင်တွေ့နိုင်ပေသည်။ မိုးသည်းထန်စွာရွာနေချိန်တွင် ဘရိတ်ဒန့်အကသမားနှင့် အော်ပရာအဆိုတော်တစ်ဦးသည် အကများဖျော်ဖြေရုံသာမက ” Les Indes Galantes ” အော်ပရာ၏ တစ်စိတ်ပိုင်းကို ရွေးချယ်၍ သီဆိုခဲ့သည်။
ထူးခြားချက် ၇- အနုပညာလက်ရာများက ပရိသတ်များဖြစ်လာခြင်း
Seine မြစ်ကို စင်မြင့်အဖြစ် Winged Victory of Samothrace မှ “Venus de Milo” ၊ ဆက်လက်ပြီး မိုနာလီဆာ အထိ… အနုပညာလက်ရာမြောက်မြားစွာ၏ ဇာတ်ကောင်များ တစ်ဦးချင်း ပေါ်ထွက်လာပြီး အားကစားသမားများ ဖြတ်သန်းသွားသည်ကိုကြည့်ရှုနေသည့်သဖွယ်ဖြစ်ရာ ကိုယ်စားလှယ်အဖွဲ့များအား Louvre ပြတိုက်မှအနုပညာလက်ရာများဖြင့် ကြိုဆိုခဲ့ကြသည်။ အထင်ကရ မျက်နှာ ၆ ခု ရေထဲမှ ထွက်ပေါ်လာပြီး ရေယာဉ်များနှင့် အတူ ရွေ့လျားသွားသည်။ Seine မြစ်ရှိ ထိုတစ်မူထူးသော ရွေ့လျား “ပြတိုက်” တွင် အားကစားသမားများသည် လူများ အာရုံစူးစိုက်ခံရသည့်အချက်များဖြစ်လာပြီး အနုပညာလက်ရာများက ပရိသတ်အဖြစ်သို့ ပြောင်းလဲသွားကြသည်။
ထူးခြားချက် ၈- ဖောင်ပေါ်တွင် ငြိမ်းချမ်းရေးသီချင်း ” Imagine ” သီဆိုခြင်း
Seine မြစ်ပေါ်တွင် လွင့်မျောနေသော ဖောင်တစ်ခု၊ လောင်ကျွမ်းနေသော စန္ဒယားတစ်ခု… ” Imagine ” သီချင်းသံ စသည်တို့ ပဲရစ်ညခြမ်းတွင် ထွက်ပေါ်လာသည်။ ဤသီချင်းကို John Lennon နှင့် Yoko Ono တို့က ရေးသားဖန်တီးထားပြီး စန္ဒယားပညာရှင် Sofiane Pamart နှင့် အဆိုတော် Juliet Armante တို့က လွင့်မျောနေသော ဖောင်တစ်ခုပေါ်တွင် တီးခတ်သီဆိုခဲ့ခြင်းက ကမ္ဘာကြီးအား စည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းရေးကို လိုလားသောတောင်းဆိုသံသဖွယ်ပင် ဖြစ်သည်။
ထူးခြားချက် ၉- အမျိုးသမီး မြင်းစီးသမားများက Seine မြစ်တစ်လျှောက် သတ္တုမြင်းရုပ်များစီးခြင်း
အိုလံပစ်ဝတ်စုံ ၀တ်ဆင်ထားသော အမျိုးသမီး မြင်းစီးသမားသည် Seine ရေပြင်ကိုဖြတ်၍ သတ္တုမြင်းရုပ်ကို စီးလာခဲ့ကြသည်။ ၎င်းသည် Pont d’Iéna တံတားကိုဖြတ်ကာ Trocadéro ရင်ပြင်သို့ ရောက်ရှိပြီး အိုလံပစ်တန်ဖိုးများဖြစ်သော ထူးချွန်မှု၊ လေးစားမှုနှင့် ချစ်ကြည်ရင်းနှီးမှုအား ကာကွယ်ထိန်းသိမ်းရန် ကမ္ဘာကြီးတစ်ခုလုံးကိုဖိတ်ခေါ်ခဲ့သည်။ ၎င်းဖြတ်သန်းသွားစဉ် တံတားပေါ်ရှိ မီးရောင်များသည် ငြိမ်းချမ်းရေးခိုငှက်၏ အတောင်ပံသဏ္ဌာန် ဖြစ်ပေါ်လာသည်။ ကိုယ်စားလှယ်အဖွဲ့အသီးသီး၏ အလံများ Trocadéro ရင်ပြင် နှင့် အီဖယ်မျှော်စင်ကြားရောက်ချိန်တွင် မျှော်စင်အောက်၌ ဧရာမတောင်ပံတစ်စုံ ပေါ်လာပြီး အမျိုးသမီး မြင်းစီးသမားနှင့် မြင်းဖြူသည် ရေထဲမှ အီဖယ်မျှော်စင်အောက်သို့ ရောက်ရှိလာခဲ့သည်။
ထူးခြားချက် ၁၀-ဆန်းသစ်ဖန်တီးမှုများဖြင့် ပြည့်နေသော မီးရှူးတိုင် မီးထွန်းညှိခြင်း
မျက်နှာဖုံးစွပ် မီးရှူးတိုင်သယ်ဆောင်သူက မီးရှူးတိုင်အား ပြင်သစ်ဘောလုံးအကျော်အမော် Zidane အား ပေးအပ်ခဲ့ပြီး Zidane မှ တင်းနစ်ကစားသမား Rafael Nadal ကို ပေးအပ်ခဲ့သည်။ ထို့နောက် Rafael Nadal နှင့် တင်းနစ်စတား Serena Williams ၊ ရိုမေးနီးယား ကျွမ်းဘားအကျော်အမော် Comaneci နှင့် အမေရိကန်အပြေးသမား Carl Lewis တို့က ရေယာဉ်အတူ စီးလာကြပြီး Tuileries ဥယျာဉ်၌ရှိသော မီးရှူးမျှော်စင်ဆီသို့ ရွက်လွှင့်ခဲ့ကြသည်။

ပင်မမီးရှူးတိုင်၏ထိပ်သည် အမြင့် ၃၀ မီတာနှင့် အချင်း ၂၂ မီတာရှိသော မီးပုံးပျံတစ်ခုဖြစ်သည်။ လွန်ခဲ့သော ၂၄၁ နှစ်က လူသားတို့၏ ပထမဆုံး ဟိုက်ဒရိုဂျင်ပူဖောင်း ပျံသန်းခြင်းသည် ဤနေရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ နောက်ဆုံး မီးရှူးတိုင် လက်ဆင့်ကမ်းမှုပြီးနောက် ပြင်သစ်ဂျူဒို အိုလံပစ်ချန်ပီယံ Teddy Rinerနှင့် ပြင်သစ်အပြေးသမားအိုလံပစ်ချန်ပီယံ Marie-José Pérec တို့သည် မီးရှူးတိုင်မျှော်စင်သို့ လျှောက်လှမ်းခဲ့ကြသည်။ မီးကွင်းကို ထွန်းညှိလိုက်ရာ မီးပုံးပျံ ဖြည်းညှင်းစွာ မြင့်တက်လာပြီး မီးရှူးတိုင်သည် မြို့တစ်ခုလုံးကို ထွန်လင်းစေခဲ့သည်။ ရောဂါနှင့် တိုက်ပွဲဝင်နေသော နာမည်ကျော် အဆိုတော် Celine Dion သည် အီဖယ်မျှော်စင်အောက်တွင် စိတ်အားထက်သန်စွာ သီချင်းသီဆိုခဲ့ရာ ၎င်း၏ အားမာန်ပြည့်ဝသည့် သီချင်းသံက အခမ်းအနားတစ်ခုလုံးကို လွှမ်းမိုးနိုင်ခဲ့သည်။ (Xinhua)

 

……………………..
(Chinese Version)
巴黎奥运会开幕式十大亮点
26日晚,巴黎奥运会开幕式雨中举行,法国人用独有的浪漫打造出一场 “流动的盛宴” 。十大亮点盘点这场震撼人心的开幕式盛典。
亮点一:奥运会开幕式首次从体育场搬到城市空间
这是现代奥运会首次在开放式城市空间举行开幕式。整个开幕式以城市做背景、河流为跑道、码头当坐席,205个代表团约6800名运动员搭乘85艘船只,从奥斯特里茨桥出发,向西航行约6公里,途经巴黎圣母院、卢浮宫、协和广场等标志性建筑,至埃菲尔铁塔对岸的特罗卡德罗广场参加庆祝仪式。河流、建筑、桥梁构成了天然舞台,体育、历史、艺术在塞纳河完美融合。
亮点二:现场约32万名观众观看开幕式
沿河的约32万名观众在雨中,或高举国旗随音乐起舞、或呐喊助威纵情欢呼,自如地置身在开幕式主题的12个艺术场景中。现场共铺设有71块大屏,人们可以通过大屏幕完整观看这场盛大开幕式。
亮点三:神秘的蒙面火炬手
神秘火炬手的灵感源于法国文化中一些知名的蒙面角色,他戴着面具,跟随运动员行进在队伍中,或穿梭在沿岸各种建筑屋顶上,或通过滑索从圣路易岛穿越塞纳河,他目睹了巴黎圣母院脚手架上工人的舞蹈表演,走进夏特莱剧院观看了《悲惨世界》音乐剧排练,并从卢浮宫的杰作前走过,进入到穿越时空的电影和科幻小说的世界中……
亮点四:中国体育代表团闪耀亮相
旗手马龙与冯雨共同举起五星红旗,与中国体育代表团一同亮相。这是35岁的乒乓球老将马龙第四次参加奥运会,也是年轻的花样游泳队队长冯雨第二次奥运之旅。本届奥运会,中国体育代表团派出由42位奥运冠军领衔的队伍,将参加30个大项42个分项236个小项的比赛。这支队伍精锐尽出,同时也朝气蓬勃,最小的郑好好年龄仅有11岁。
亮点五:屋顶高唱《马赛曲》
法国次女高音歌唱家身穿与法国国旗同色的裙子,在巴黎大皇宫屋顶演唱了充满力量感的法国国歌《马赛曲》。《马赛曲》响起,法国国旗也在特罗卡德罗宫升起。聚光灯照射在塞纳河上缓缓升起的10位创造法国历史的女性雕像上,这些女性有作家、运动员、律师、哲学家、记者、植物学家、教师、诗人、导演、法官,表演传达出法国对历史上这些女性的敬意。
亮点六:塞纳河上演四个奥运新增项目
塞纳河中央出现了5个浮动舞台,它们由90个重量在1吨到5吨间的压载物和系泊线固定。这些舞台上出现了巴黎奥运会新增的4个体育项目,即兼具表演性、观众缘、包容性的霹雳舞、攀岩、滑板和冲浪。这些运动很年轻,在街道或大自然中时常可见。大雨中,一位霹雳舞演员兼歌剧演唱家不仅表演了霹雳舞,还演唱了歌剧《殷勤的印第安人》中的选段。
亮点七:艺术品化身观众
以塞纳河为舞台,从萨莫特拉斯的胜利女神,到《米洛的维纳斯》,再到蒙娜丽莎……众多艺术作品中的人物一一亮相,注视着运动员从眼前经过,各代表团受到了卢浮宫艺术品的迎接。六个标志性面孔从水中浮现,随着船只的经过移动。表演巧妙地颠倒了角色:在塞纳河这个独一无二的流动“博物馆”中,运动员成为人们关注的焦点,而艺术品则变成观众。
亮点八:木筏上唱响和平颂歌《Imagine》
塞纳河上,一只漂流的木筏,一架燃烧的钢琴……《Imagine》在巴黎夜晚响起。这首由约翰·列侬和小野洋子创作的歌曲,由钢琴家索菲安·帕玛特和歌手朱丽叶·阿尔曼特在一只漂流的木筏上奏唱,仿佛是向世界发出团结与和平的呼唤。
亮点九:女骑手骑金属马奔驰塞纳河
塞纳河上,身披奥运五环斗篷的女骑士骑金属马踏水而来。她穿过耶拿桥,到达特罗卡德罗广场,邀请全世界一起捍卫卓越、尊重、友谊的奥林匹克价值观。她经过时,桥梁上的灯光形成了和平鸽的翅膀。各代表团的旗帜在特罗卡德罗广场和埃菲尔铁塔之间行进,铁塔下亦出现一对巨大翅膀,女骑手和白马从水中登陆铁塔下。
亮点十:圣火点燃充满新意
蒙面火炬手将火炬交给法国传奇球星齐达内,齐达内再交给网球运动员纳达尔,纳达尔与网球明星小威廉姆斯、罗马尼亚体操传奇科马内奇、美国田径名宿卡尔·刘易斯同船而行,驶向位于杜乐丽花园的火炬塔。
主火炬顶部是一个高30米、直径22米的热气球。241年前,人类首次氢气球飞行在这里开启。经过最后几棒传递,法国柔道奥运会冠军特迪·里内和法国田径奥运会冠军玛丽-若泽·佩雷克走向火炬塔,点燃火焰环,热气球缓缓腾空,火炬点亮整座城市。与病魔作斗争的著名歌手席琳迪翁在埃菲尔铁塔下纵情高歌,充满力量的歌声响彻全场。(参与记者:王镜宇、王子江、肖亚卓、丁文娴、黄垚、陈俊侠、韦骅、何磊静、王君宝、夏亮、赵焱、李典、胡佳丽)(完)
图说:7月26日拍摄的开幕式现场。

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.