Connect with us

Asia

အိန္ဒိယနိုင်ငံ တောင်ပိုင်းတွင် မြေပြိုမှုကြောင့် လူ ၃၉ ဦးထက်မနည်း သေဆုံး

နယူးဒေလီ၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ တောင်ပိုင်း ကီရာလာ ပြည်နယ် နေရာအများအပြား၌ ဇူလိုင် ၃၀ ရက် ဒေသစံတော်ချိန် နံနက်အစောပိုင်းတွင် မြေပြိုမှုဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ မြေပြိုမှုကြောင့် အနည်းဆုံး လူ ၃၉ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူ ၃၀ ကျော်ကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ဆင်ဟွာ သတင်းထောက်အား ပြောကြားခဲ့သည်။
မြေပြိုမှု အပျက်အစီးများအောက်တွင် ပိတ်မိနေသူများ ရှိနေသေးသဖြင့် ထိခိုက်သေဆုံးသူ အရေအတွက် တိုးလာနိုင်ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ မြေပြိုမှုကြောင့် လူရာနှင့်ချီ ပိတ်မိနေသည်ဟု အိန္ဒိယမီဒီယာများ သတင်းဖော်ပြချက်အရ သိရသည်။
အိန္ဒိယနိုင်ငံ သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးတပ်ဖွဲ့၊ ရေတပ်၊ မီးသတ်စသည့် ဌာနများမှ ဝန်ထမ်းများ ဖွဲ့စည်းထားသော ကယ်ဆယ်ရေးအဖွဲ့သည် အလျင်အမြန်သွားရောက်ကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ကီရာလာ ပြည်နယ် ဝန်ကြီးချုပ် Pinarayi Vijayan က လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဘေးဒဏ်သင့်ဒေသများမှ ပြင်ပသို့ထွက်ခွာသော လမ်းအများအပြား ရေတိုက်စားခဲ့ခြင်းကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် နှောင့်နှေးလျက်ရှိကြောင်း သိရသည်။
သေဆုံးသူများအတွက် ဝမ်းနည်းကြောင်း၊ “ဗဟိုအစိုးရအနေဖြင့် တတ်နိုင်သမျှ အစွမ်းကုန် အကူအညီပေး ဆောင်ရွက်သွားမည်” ဟု အိန္ဒိယ၀န်ကြီးချုပ် မိုဒီက ထိုနေ့ လူမှုကွန်ရက်ပေါ်တွင် ရေးသားဖော်ပြခဲ့သည်။ (Xinhua)
……………………………………….
(Chinese Version)
印度南部山体滑坡造成至少39人死亡
新华社新德里7月30日电(记者伍岳 陈冬书)当地时间30日凌晨,印度南部喀拉拉邦多地发生山体滑坡。当地警方告诉新华社记者,山体滑坡已造成至少39人死亡,30多名伤者已被送往医院。
当地警方说,因仍有人被埋在滑坡废墟下,伤亡人数可能进一步上升。据印度媒体报道,山体滑坡造成数百人被困。
喀拉拉邦首席部长皮纳拉伊·维贾扬在社交媒体上发文说,由印度国家灾害响应部队、海军、消防等部门人员组成的救援队已赶赴现场开展救援。由于持续降雨,受灾地区通往外界的多处道路被冲毁,救援行动进展缓慢。
印度总理莫迪当天在社交媒体上发文,对遇难者表示哀悼,表示“中央政府将尽一切可能提供帮助”。(完)