Connect with us

Europe

သြစတြေးလျနိုင်ငံရှိ ဟိုတယ်အဆောက်အဦ ခေါင်းမိုးပေါ်သို့ ရဟတ်ယာဉ်တစ်စင်းပျက်ကျ၊ လေယာဉ်မှူးသေဆုံး

ဩစတြေးလျနိုင်ငံ မြောက်ပိုင်း Queensland ပြည်နယ်တွင် ဟိုတယ် တိုက်ခေါင်းမိုးပေါ်သို့ ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့သည့် နေရာအား သြဂုတ် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆစ်ဒနီ၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံ အရှေ့မြောက်ပိုင်း Queensland ပြည်နယ် Cairns မြို့ရှိ DoubleTree ဟိုတယ်အဆောက်အဦ ခေါင်းမိုးပေါ်သို့ ရဟတ်ယာဉ်တစ်စင်း ဩဂုတ် ၁၂ ရက် နံနက်အစောပိုင်းတွင် ပျက်ကျခဲ့ရာ လေယာဉ်မှူးတစ်ဦး သေဆုံးပြီး လူပေါင်းသုံးလေးရာကျော် ဟိုတယ်မှ ထွက်ခွာခဲ့ရပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါရဟတ်ယာဉ်သည် နံနက် ၂ နာရီမထိုးမီတွင် ဟိုတယ်အဆောက်အဦ ခေါင်းမိုးပေါ်သို့ ပျက်ကျခဲ့ရာ ပန်ကာနှစ်ခုသည် ကမ်းရိုးတန်းလမ်းမ နှင့် ဟိုတယ်ရေကူးကန်အတွင်းသို့ အသီးသီးပြုတ်ကျခဲ့ကြောင်း Queensland ပြည်နယ်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့က ဟိုတယ်အနီးရှိ လမ်းအများအပြားကို ပိတ်ဆို့ထားသည်။ သေဆုံးသွားသော ရဟတ်ယာဉ်မှူးမှာ ရဟတ်ယာဉ်ပေါ်ရှိ တစ်ဦးတည်းသောသူ ဖြစ်သည်။

ရဟတ်ယာဉ် ပျံသန်းသောအရှိန်မှာ အလွန်လျင်မြန်ပြီး ပျက်ကျချိန်တွင် ကြီးမားသောပေါက်ကွဲသံနှင့်အတူ မီးလောင်ကျွမ်းခဲ့ကြောင်း မျက်မြင်သက်သေများ၏ ပြောကြားချက်အရ သိရသည်။ သြစတြေးလျ သယ်ယူပို့ဆောင်ရေး လုံခြုံရေးဗျူရိုက ရဟတ်ယာဉ်ပျက်ကျရသော အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ (Xinhua)

………………………
(Chinese Version)
一直升机在澳大利亚酒店楼顶坠毁 飞行员丧生
新华社悉尼8月12日电(记者梁有昶 齐紫剑)一架直升机12日凌晨在澳大利亚东北部昆士兰州凯恩斯的希尔顿逸林酒店楼顶坠毁,一名飞行员丧生,已有三四百人从酒店撤离。
昆士兰州警方说,该直升机在凌晨2时前不久坠毁在酒店楼顶,两个螺旋桨分别落在滨海大道和酒店游泳池中。警方已封锁酒店附近几个街区。丧生的直升机飞行员是机上唯一人员。
目击者说,直升机飞行速度很快,坠落时发出巨大爆炸声并起火。澳大利亚交通安全局正在调查事故原因。(完)
Photo: This photo taken with a mobile phone shows the site where a helicopter crashed into the roof of a hotel in Australia’s Far North Queensland, Aug. 12, 2024. (Photo by Wang Zhaojun/Xinhua)