Connect with us

China

၁၄၄ နာရီ ဗီဇာကင်းလွတ် ဖြတ်သန်းသွားလာခွင့်မူဝါဒ ကျင့်သုံးနိုင်သောနယ်ပယ်ကို နယ်စပ်ဂိတ် ၃၇ ခုနှင့် နိုင်ငံပေါင်း ၅၄ နိုင်ငံထိ တိုးချဲ့ထား

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ကောင်းကင်ဘုံပန်းခြံရှိ ထျန်းထန်ဥယျာဉ် ချီညံတျန့်ခန်းမရှေ့တွင် စုပေါင်းဓာတ်ပုံရိုက်နေကြသော ဆွစ်ဇာလန်နိုင်ငံမှ ခရီးသွား ၄ ဦးကို ဇူလိုင်လ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းထုတ်ပြန်ရေးရုံးက “အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့် သတင်းစာရှင်းလင်းပွဲကို သြဂုတ် ၁၉ ရက်က ကျင်းပခဲ့သည်။
တရုတ်နိုင်ငံသို့ လာရောက်သော နိုင်ငံခြားသားများ အဆင်ပြေချောမွေ့စေရန် တရုတ်နိုင်ငံ အမျိုးသား လူဝင်မှုကြီးကြပ်ရေးဌာနမှ မူဝါဒနှင့် ဆောင်ရွက်ချက်ပေါင်း ၁၁၀ ကျော်ကို ထုတ်ပြန်ခဲ့ကြောင်း၊ ပြည်ဝင်ခွင့် ဗီဇာကင်းလွတ်ခွင့်၊ ဖြတ်သန်းသွားမှု ဗီဇာကင်းလွတ်ခွင့်နှင့် နယ်စပ်ဂိတ်ဗီဇာစသည့် မူဝါဒများကို ဆက်လက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ကာ တရုတ်နိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားသားအရေအတွက် စဉ်ဆက်မပြတ် တိုးမြင့်လာစေရန် တွန်အားပေးခဲ့ကြောင်း တရုတ်နိုင်ငံ အမျိုးသား လူဝင်မှုကြီးကြပ်ရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး လျိုဟိုင်ထောင်းက မိတ်ဆက်ပြောကြားခဲ့သည်။ ယခုတလော ရေပန်းစားနေသော ၁၄၄ နာရီ ဗီဇာကင်းလွတ် ဖြတ်သန်းသွားလာခွင့်မူဝါဒ ကျင့်သုံးနိုင်သောနယ်ပယ်ကို နယ်စပ်ဂိတ် ၃၇ ခုနှင့် နိုင်ငံပေါင်း ၅၄ နိုင်ငံထိ တိုးချဲ့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………………………………………………….
(Chinese Version)
144小时过境免签政策适用范围已增至37个口岸、54个国家
国务院新闻办公室于8月19日举行“推动高质量发展”系列主题新闻发布会,国家移民管理局副局长刘海涛介绍,国家移民管理局先后出台110余项便利外籍人员来华政策措施,持续优化入境免签、过境免签、口岸签证等政策,推动外籍人员来华数量不断攀升。最近很火的144小时过境免签政策,适用范围已增至37个口岸、54个国家。
图说:7月9日,四名来自瑞士的游客在北京天坛公园祈年殿前合影。