Connect with us

Europe

Nord Stream ပိုက်လိုင်းကို ဖောက်ခွဲမှုတွင် အမေရိကန်၏ သဘောထားပါကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြား

"Nord Stream" သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုဖြစ်ပွားသော တစ်နေရာကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဒိန်းမတ် ကာကွယ်ရေးဝန်ကြီးဌာန)

မော်စကို၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ)
“Nord Stream” သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို တိုက်ခိုက်မှုတွင် အမေရိကန်၏ သဘောထားပါသည်မှာ သိသာကြောင်း၊ အချင်းဖြစ်ရပ်ကို လုပ်ဆောင်သူများသည် အမေရိကန်အကူအညီမပါဘဲ ပိုက်လိုင်းကို ဖောက်ခွဲရန် မဖြစ်နိုင်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ဩဂုတ် ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ဂျာမန်မီဒီယာများ ဖော်ပြသည့်အတိုင်း ယူကရိန်းနိုင်ငံသားအချို့သည် ဤကိစ္စရပ်တွင် တစ်နည်းနည်းဖြင့် ပါဝင်ပတ်သက်ခဲ့လျှင်ပင် ၎င်းတို့အနေဖြင့် သီးခြား မလုပ်ဆောင်နိုင်သည်မှာ “သိသာလွန်း”ကြောင်း ထိုနေ့ Izvestia သတင်းဌာန အင်တာဗျူးတစ်ခုတွင် Lavrov က ပြောကြားခဲ့သည်။ ဂျာမနီနိုင်ငံအနေဖြင့် “Nord Stream” သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုနှင့် ပတ်သက်သော မေးခွန်းအားလုံးကို အဖြေပေးရမည်ဖြစ်ကြောင်း Lavrov က အလေးပေး ပြောကြားခဲသည်။ ရုရှားနိုင်ငံသည် ပွင့်လင်းမြင်သာသော နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုကို အခိုင်အမာ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ရုရှားအနေဖြင့် ဂျာမနီထံ “Nord Stream” သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုကို စုံစမ်းစစ်ဆေးရန် တရားဝင် တောင်းဆိုထားကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိ Oleg Tyapkin က ဩဂုတ် ၁၉ ရက်တွင် မီဒီယာသို့ ပြောကြားခဲ့သည်။
ဂျာမနီနိုင်ငံအနေဖြင့် ရုရှားနှင့် အဆက်အသွယ်ရရှိရန် လုပ်ဆောင်လျက်ရှိပြီး ပေါက်ကွဲမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သောကြောင့် လောလောဆယ်တွင် သက်ဆိုင်ရာ ရလဒ်များကို ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း၊ သို့သော် စုံစမ်းစစ်ဆေးမှုများကို မထိခိုက်သောအခြေအနေတွင် ဂျာမနီနိုင်ငံအနေဖြင့် ရုရှားနှင့် သတင်းအချက်အလက် ဖလှယ်နိုင်ဟု ဂျာမနီနိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်ကို ကိုးကား၍ ဂျာမနီမီဒီယာများက သတင်းထုတ်ပြန်ခဲ့သည်။
ယူကရိန်းတပ်ဖွဲ့ဝင် ခြောက်ဦးနှင့် စီးပွားရေးသမားများ ပါဝင်သော ဂိုဏ်းတစ်ဂိုဏ်းသည် သင်္ဘောနှင့် ရေငုပ်ကိရိယာများ စသည်တို့ကိုငှားရမ်းခဲ့ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာတွင် “Nord Stream” သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ဖျက်ဆီးရန် လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းမှာ ရုရှားနိုင်ငံက ထိုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းအပေါ် အထူးစစ်ဆင်ရေးတစ်ရပ် စတင်ခဲ့ခြင်းကို လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း အမေရိကန် The Wall Street Journal က ဩဂုတ် ၁၄ ရက်၌ ဖော်ပြခဲ့သည်။ The Wall Street Journal ၏ အထက်ဖော်ပြပါ အစီရင်ခံစာနှင့် ပတ်သက်၍ အမေရိကန်သည် “Nord Stream” ပေါက်ကွဲမှု၏ ကိစ္စရပ်တစ်ခုလုံးတာဝန်ကို ယူကရိန်းထံ ပုံချရန် ကြိုးစားနေသည်ဟု ရုရှားက ယူဆသည်။
ရုရှား၊ ဂျာမနီနှင့် အခြားဥရောပနိုင်ငံများကို ဆက်သွယ်ထားသော Baltic ပင်လယ်ရှိ ပင်လယ်အောက် ဓာတ်ငွေ့ပိုက်လိုင်း “Nord Stream-1” နှင့် “Nord Stream-2” တို့သည် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၆ ရက်တွင် ဒိန်းမတ်နှင့် ဆွီဒင်တို့အနီးရှိ ပင်လယ်ပြင်တွင် ပြင်းထန်သော ရေအောက် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ရာ သဘာဝဓာတ်ငွေ့ အမြောက်အမြားယိုစိမ့်ခဲ့ရသည်။ ပိုက်လိုင်း ၄ ခုအနက် ၃ ခု မှာ ယိုစိမ့်မှုဖြစ်ပွားခဲ့ပြီး စုစုပေါင်း ယိုစိမ့်သောနေရာ ၄ ခုရှိကာ လူလုပ်ဖျက်ဆီးခြင်းဟု သံသယရှိကြောင်း စုံစမ်းစစ်ဆေးချက်အရ သိရှိရသည်။ ယင်းဖြစ်ရပ်အပြီးတွင် ဒိန်းမတ်၊ ဆွီဒင်နှင့် ဂျာမနီ နိုင်ငံများက စုံစမ်းစစ်ဆေးမှုများ အသီးသီး စတင် ပြုလုပ်ခဲ့သော်လည်း ရုရှား၏ ပူးပေါင်းပါဝင်မှုကိုမူ ငြင်းဆိုခဲ့သည်။ (Xinhua)
………………….
(Chinese Version)
俄外长说美国授意炸毁“北溪”管道
新华社莫斯科8月19日电(记者刘恺)俄罗斯外交部长拉夫罗夫19日表示,对“北溪”天然气管道的袭击显然得到了美国授意,肇事者不可能在没有美国帮助的情况下炸毁管道。
拉夫罗夫当天在接受俄罗斯《消息报》采访时说,即使如德国媒体提到的那样,一些乌克兰人以某种方式参与了此事,但他们“很明显”不可能独立完成。拉夫罗夫强调,德国必须回答有关“北溪”天然气管道爆炸事件的所有问题。俄罗斯将坚持进行透明的国际调查。
俄外交部官员奥列格·佳普金19日对媒体说,俄方已正式向德国提出对“北溪”天然气管道爆炸事件进行调查的要求。
德国媒体19日援引德国外交部发言人的消息报道,德国正在与俄方联系,因对爆炸事件的调查仍在进行中,暂时无法报告相关结果,但在不影响调查的情况下,德国可以与俄罗斯进行信息交换。
美国《华尔街日报》14日刊文说,由6名乌克兰现役军人和商人组成的团伙租用游艇和深潜设备等在2022年9月实施了对“北溪”天然气管道的破坏,以报复俄罗斯在当年2月对乌发动特别军事行动。对《华尔街日报》上述报道,俄方认为美国试图把“北溪”爆炸事件的全部责任转嫁给乌克兰。
2022年9月26日,连通俄罗斯和德国以及其他欧洲国家的波罗的海海底输气管道“北溪-1”和“北溪-2”在丹麦、瑞典附近海域发生剧烈水下爆炸,大量天然气泄漏。调查发现,4条管道中的3条发生泄漏,共有4个泄漏点,疑遭人为破坏。事发后,丹麦、瑞典和德国分别启动调查,但拒绝俄罗斯参与。
图说:这张丹麦国防部2022年9月27日发布的航拍照片显示的是一处“北溪”天然气管道泄漏点。新华社发(丹麦国防部供图)