Connect with us

Asia

တောင်ကိုရီးယားနိုင်ငံ Bucheon မြို့ရှိ ဟိုတယ်တစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၇ ဦးသေဆုံး

တောင်ကိုရီးယားနိုင်ငံ Gyeonggi ပြည်နယ် Bucheon မြို့ရှိ မီးလောင်မှုဖြစ်ပွားသော ဟိုတယ်အား ဩဂုတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံ Gyeonggi ပြည်နယ် Bucheon မြို့ရှိ ၉ ထပ်တိုက် ဟိုတယ်တစ်ခု၌ ဩဂုတ် ၂၂ ရက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၇ ဦး သေဆုံး၍ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူများအနက် နိုင်ငံခြားသားများ ပါဝင်ကြောင်း Yonhap သတင်းဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဟိုတယ်သည် ဒေသစံတော်ချိန် ည ၇ နာရီ ၃၉ မိနစ်ခန့်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဌာနနှင့် ရဲတပ်ဖွဲ့၏ အချက်အလက်များကို ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။ မီးသတ်ဌာနမှ မီးသတ်ကား အစီးရေ ၇၀ ကျော်နှင့် မီးသတ်သမား ၁၆၀ ကျော် စေလွှတ်ပြီး မီးငြှိမ်းသတ်ခဲ့ရာ ထိုည ၁၀ နာရီကျော်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
သေဆုံးသူအများစုမှာ ၈ လွှာရှိ အိပ်ခန်းမှ ဟိုတယ်အပြင်ဘက် ပထမလွှာရှိ လေအိတ်အခင်းပေါ်သို့ ခုန်ချခြင်းကြောင့် သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ ၁၁ ဦးအနက် ၃ ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူအားလုံးကို ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ကြောင်း သတင်းများအရ သိရသည်။
ဟိုတယ်အခန်းရှိ လူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ (Xinhua)


……………………………………………………
(Chinese Version)
韩国富川市一酒店发生火灾7人死亡
新华社首尔8月23日电(记者冯亚松 陆睿)据韩联社22日报道,韩国京畿道富川市一座9层酒店当晚发生火灾,已造成7人死亡、11人受伤,遇难者中有外籍人士。
报道援引消防部门和警方的消息称,该酒店当地时间晚上7点39分左右发生火灾。消防部门出动70多辆消防车和160多名消防员参与灭火,大火在当晚10点多被扑灭。
报道称,部分遇难者是由于从8楼客房跳到酒店外部1楼的气垫上导致死亡,11名伤者中有3人重伤,伤者均被送往医院接受救治。
警方表示,酒店客房人员搜救工作仍在进行中。
图说:这是8月22日在韩国富川市拍摄的酒店火灾现场。