Connect with us

Europe

ရုရှားနိုင်ငံတွင် လူနေအဆောက်အဦပြိုကျမှုကြောင့် သေဆုံးသူ ၁၀ ဦးအထိ မြင့်တက်လာ

ရုရှားနိုင်ငံ Nizhny Tagil မြို့ အချင်းဖြစ်ပွားရာနေရာ၌ ကူညီကယ်ဆယ်ရေးသမားများ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေသည်ကို ရုရှားအရေးပေါ်အခြေအနေရေးရာဝန်ကြီးဌာနက ဩဂုတ် ၁ ရက်တွင် ပေးပို့သည် ဗီဒီယိုဓာတ်ပုံ၌ တွေ့ရစဉ် (ဓာတ်ပုံ- ရုရှားအရေးပေါ်အခြေအနေရေးရာဝန်ကြီးဌာန)

မော်စကို၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ အလယ်ပိုင်း Sverdlovsk ပြည်နယ် Nizhny Tagil မြို့ရှိ လူနေအဆောက်အဦ ပြိုကျမှုကြောင့် သေဆုံးသူ ၁၀ ဦးအထိ မြင့်တက်လာကြောင်း ရုရှား အရေးပေါ်အခြေအနေရေးရာဝန်ကြီးဌာန၏ ဩဂုတ် ၂ ရက် ညပိုင်း လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်သည့် နောက်ဆုံးသတင်းများအရ သိရသည်။

ကူညီကယ်ဆယ်ရေးသမားများက အပျက်အစီးများကြားမှ လူ ၁၅ ဦးကို ကယ်ဆယ်ခဲ့ရာ ၎င်းတို့အနက် ကလေးငယ် ၇ ဦးပါဝင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ရှာဖွေကယ်ဆယ်ရေးများကို တစ်ရက်ကျော်ကြာဆောင်ရွက်ပြီးနောက် အချင်းဖြစ်နေရာမှ အဆောက်အဦအပျက်အစီး တန်ချိန် ၁,၀၀၀ ခန့်ကို ရှင်းလင်းခဲ့ကြောင်း၊ လက်ရှိတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

Nizhny Tagil မြို့ ၅ ထပ်တိုက် လူနေအဆောက်အဦတစ်ခု ဩဂုတ် ၁ ရက် ညပိုင်းတွင် ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် အဆောက်အဦအစိတ်အပိုင်းတချို့ ပြိုကျမှု ဖြစ်ပွားခဲ့ပြီး အချင်းဖြစ်ရပ်ကြောင့် ကလေးငယ် ၉ ဦး အပါအဝင် လူပေါင်း ၂၀ ဒဏ်ရာရရှိခဲ့သည်။

လက်ရှိ ဒဏ်ရာရသူ ၁၁ ဦး သည် ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း ၊ ၎င်းတို့အနက် ၅ ဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်း ရုရှားကျန်းမာရေးဝန်ကြီးဌာန၏ သတင်းများအရ သိရသည်။ သက်ဆိုင်ရာဌာနများက အဆိုပါအဆောက်အဦတည်ရှိရာ ဧရိယာကို အရေးပေါ်အခြေအနေအဖြစ် ဆောင်ရွက်ကာ အချင်းဖြစ်ရပ်ကို အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ (Xinhua)


………………………..
(Chinese Version)
俄罗斯居民楼坍塌事故死亡人数升至10人
新华社莫斯科8月2日电(记者陈汀)根据俄罗斯紧急情况部2日晚在社交媒体发布的最新消息,俄中部斯维尔德洛夫斯克州下塔吉尔市居民楼坍塌事故死亡人数升至10人。
消息说,救援人员从废墟中救出15人,其中包括7名儿童。搜救已持续超过一昼夜,从事故现场清理出约1000吨建筑残骸。目前搜救工作仍在进行。
下塔吉尔市一栋五层居民楼1日晚因燃气爆炸发生局部坍塌,事故还造成包括9名儿童在内的20人受伤。据俄卫生部消息,11名伤者目前正在医院接受治疗,其中5人伤势严重。据悉,相关部门对该居民楼所在区域已实施紧急状态,并对事故刑事立案。(完)

1. 这张俄罗斯紧急情况部8月1日提供的视频截图显示,救援人员在俄罗斯下塔吉尔市的事故现场进行搜救。 新华社发(俄罗斯紧急情况部供图)