Connect with us

Africa & Middle East

အမေရိကန်စစ်တပ်၏ MQ-9 ဒရုန်းကို ထပ်မံ ပစ်ချခဲ့သည်ဟု ယီမင် ဟူသီလက်နက်ကိုင်များက ဆို

ယီမင် ဟူသီလက်နက်ကိုင်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Yahya Saree အား ယီမင်နိုင်ငံ မြို့တော် ဆန်နားတွင် ရှင်းလင်းပြောကြားခဲ့နေသည်ကို ၂၀၂၄ ခုနှစ် ဇူလိုင် ၁၉ ရက် ဗီဒီယိုမြင်ကွင်းမှ တွေ့စဉ် (ဆင်ဟွာ)

ဆန်နား၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)
အမေရိကန် စစ်တပ်၏ MQ-9 “Reaper” ဒရုန်းကို ယီမင်နိုင်ငံ မြောက်ပိုင်း Saada ပြည်နယ်တွင် ထပ်မံ ပစ်ချခဲ့ကြောင်း ယီမင် ဟူသီလက်နက်ကိုင်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Yahya Saree က ဩဂုတ် ၄ ရက်၌ ပြောကြားခဲ့သည်။

ဟူသီလက်နက်ကိုင်တပ် လေကြောင်းကာကွယ်ရေးတပ်က “ကိုယ်တိုင်လုပ် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်” ဖြင့် အဆိုပါ ဒရုန်းကို ပစ်ချခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုအချိန်တွင် ယင်းဒရုန်းသည် ဟူသီလက်နက်ကိုင်များအပေါ် “ရန်လိုသည့်လှုပ်ရှားမှု” လုပ်ဆောင်နေကြောင်း Yahya Saree က ယင်းနေ့ ကြေညာချက်ထုတ်ပြန်ပြောကြားခဲ့သည်။ Yahya Saree အနေဖြင့် ဒရုန်းကိုပစ်ချသည့် အချိန်အတိအကျကို ပြောကြားခြင်းမရှိသော်လည်း ယခုအကြိမ်ဒရုန်းပစ်ချမှုမှာ ပြီးခဲ့သည်နှစ် အောက်တိုဘာလမှစ၍ ထိုအမျိုးအစားဒရုန်းယာဉ်ကို သတ္တမအကြိမ်မြောက် ပစ်ချခြင်း ဖြစ်သည်ဟု ကြေညာခဲ့သည်။

ထို့အပေါ် အမေရိကန်စစ်တပ်က ၎င်း၏သဘောထားကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။ MQ-9 သည် ထောက်လှမ်းရေးနှင့် တိုက်ခိုက်ရေးပေါင်းစပ်ထားသည့် ဒရုန်းဖြစ်ပြီး စုံစမ်းထောက်လှမ်းမှု၊ စောင့်ကြည့်မှုတာဝန်များကို ဆောင်ရွက်နိုင်သလို ဒုံးကျည်များကို ချိတ်ဆွဲ၍ မြေပြင်ပစ်မှတ်ကို တိုက်ခိုက်နိုင်သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာတွင် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ အသစ်တစ်ဖန်ဖြစ်ပွားပြီးနောက် ပင်လယ်နီနှင့် ဧဒင်ပင်လယ်ကွေ့ရေပြင် ပစ်မှတ်များကို ဟူသီလက်နက်ကိုင်တပ်ဖွဲ့က ဒရုန်း၊ ဒုံးကျည်များဖြင့် တိုက်ခိုက်ပြီး အစ္စရေး၏ ပါလက်စတိုင်း ဂါဇာကမ်းမြောင်စစ်ရေးလှုပ်ရှားမှုကို ရပ်တန့်ရန် တောင်းဆိုခဲ့သည်။ ယခုနှစ် ဇန်နဝါရီ ၁၂ ရက်မှစ၍ အမေရိကန်နှင့် ဗြိတိန်တို့က ဟူသီလက်နက်ကိုင်များကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ရာ လူသေဆုံးဒဏ်ရာရမှုများဖြစ်ပွားခဲ့သည်။ (Xinhua)

………………………………………………

(Chinese Version)
也门胡塞武装称再次击落美军MQ-9无人机
新华社开罗8月4日电(记者王尚)萨那消息:也门胡塞武装发言人叶海亚·萨雷亚4日说,该组织在也门北部萨达省再次击落一架美军MQ-9“死神”无人机。
萨雷亚当天发表声明说,胡塞武装防空部队使用“自制地对空导弹”击落这架无人机,它当时正在执行针对胡塞武装的“敌对行动”。萨雷亚未透露击落无人机的具体时间,但宣称这是该组织自去年10月以来第七次击落该型无人机。
美国军方暂未就此表态。MQ-9属于察打一体无人机,既可执行侦察监视任务,也可挂载导弹打击地面目标。
去年10月新一轮巴以冲突爆发后,胡塞武装使用无人机和导弹袭击红海和亚丁湾水域目标,要求以色列停止在巴勒斯坦加沙地带的军事行动。今年1月12日以来,美国和英国多次对胡塞武装目标发动空袭,造成人员伤亡。
图说:这张7月19日的视频截图显示,也门胡塞武装发言人叶海亚·萨雷亚在也门首都萨那发表声明。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.