Connect with us

China

ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲ စတင်ခြင်းအထိမ်းအမှတ် အခမ်းအနားများကို တရုတ်နိုင်ငံက နှစ်ပေါင်း ၃၀ ဆက်တိုက်ကျင်းပ

“စက်တင်ဘာ ၁၈ ရက် ဒို့မမေ့အပ်“ သတိပေးဥဩဆွဲအခမ်းအနားကို စက်တင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စိန်ရန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)
စက်တင်ဘာ ၁၈ ရက် နံနက် ၉ နာရီ ၁၈ မိနစ်တွင် စိန်ရန်မြို့တစ်ခွင်၌ သတိပေးဥသြသံများ ထွက်ပေါ်လာခဲ့သည်။ စိန်ရန်မြို့”၉.၁၈ (စက်တင်ဘာ ၁၈ ရက်)” သမိုင်းပြတိုက်အနီးတွင် ကားများရပ်တန့်ကာ ဟွန်းတီးခြင်း၊ လမ်းသွားလမ်းလာများ ရပ်တန့်ကာ တိတ်ဆိတ်စွာ မတ်တတ်ရပ်ခြင်း ပြုလုပ်ကာ ပြည်သူများအားလုံးသည် ကြွင်းကျန်ရစ်သည့်ပြက္ခဒိန်ကျောက်တိုင်ရင်ပြင်ဘက်သို့ မတိုင်ပင်ဘဲ အတူငေးကြည့်ခဲ့ကြကြသည်။ ရင်ပြင်ရှိ ကြွင်းကျန်ရစ်သည့်ပြက္ခဒိန်ကျောက်တိုင်မှာ ၁၉၃၁ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ထာဝရ ရပ်တန့်လျက်ရှိသည်။
ယခုနှစ်သည် “၉.၁၈ (စက်တင်ဘာ ၁၈ ရက်)” အရေးအခင်း ပေါက်ကွဲဖြစ်ပွားခဲ့သော ၉၃ နှစ်မြောက်ဖြစ်သည်။ ၁၉၃၁ ခုနှစ် စက်တင်ဘာလ ၁၈ ရက် ည ၁၀ နာရီခန့်တွင် ဂျပန်စစ်တပ်သည် စိန်ရန်မြို့ လျှိုထောင်ရေကန်အနီးရှိ တောင်မန်ချူးရီးယားမီးရထားသံလမ်းကို ဖောက်ခွဲခဲ့ပြီး တရုတ်စစ်တပ်မှ ပြုလုပ်သည်ဟု ပြန်စွပ်စွဲကာ အရှေ့မြောက်တပ်မဟာ၏ ပေတာ့တပ်စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တရုတ်နိုင်ငံနှင့် ကမ္ဘာကို တုန်လှုပ်စေသော “စက်တင်ဘာ ၁၈ ရက်” အရေးအခင်း စတင်ခဲ့သည်။
၁၉၉၅ ခုနှစ်မှစတင်၍ “စက်တင်ဘာ ၁၈ ရက်” ရောက်တိုင်း စိန်ရန်မြို့တွင် သတိပေးဥသြသံများ ထွက်ပေါ်လာခဲ့သည်။
လူသိနည်းသောအချက်မှာ ကောင်းကင်ထိ ပဲ့တင်ထပ်လာသော လေကြောင်းရန်ကာကွယ်ရေးဥဩသံမှာ အလုပ်သမား အဖိုးအိုတစ်ဦး၏ အဆိုပြုမှုမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ၁၉၉၅ ခုနှစ်တွင် စိန်ရန်ကော်တိပ်စက်ရုံမှ အငြိမ်းစားအလုပ်သမား ဟောင်စုန်းချင်းက လေကြောင်းရန်ကာကွယ်ရေးဥဩများဆွဲခြင်းဖြင့် ပြည်သူများအား အမျိုးသားရေးအရှက်တရားကို မမေ့လျော့သင့်ကြောင်း သတိပေးရန် အကြံပြုစာတစ်စောင် ပေးပို့ခဲ့သည်။ “တိုင်းပြည်ပျက်ပြီး လက်အောက်ခံကျွန်ဖြစ်ခဲ့ရတဲ့ အတွေ့အကြုံကို တစ်သက်လုံး ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး… အမာရွတ် ပျောက်သွားရင်တောင် နာကျင်ခဲ့တာကို မမေ့သင့်ဘူး” ဟု ဟောင်စုန်းချင်းက ရေးသားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ စိန်ရန်မြို့ကော်မတီသည် ၎င်း၏စာကို လျင်မြန်စွာ အတည်ပြုခဲ့ပြီး ထိုနှစ်တွင်ပင် “၉.၁၈ (စက်တင်ဘာ ၁၈ ရက်)” အရေးအခင်း ဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဥသြဆွဲသတိပေးလှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်။
စိန်ရန်မြို့သည် နှစ်ပေါင်း ၃၀ ဆက်တိုက် လေကြောင်းရန်ကာကွယ်ရေးဥဩများဆွဲခဲ့ပြီးဖြစ်ရာ ယင်းလှုပ်ရှားမှုသည် အရှေ့မြောက်ပိုင်းဒေသမှ နိုင်ငံတစ်ဝန်း နေရာအနှံ့အပြားအထိ ကျယ်ပြန့်လာခဲ့သည်။
ဆောင်းဦးအလယ်ပိုင်းကာလ စိန်ရန်မြို့ရှိ မိုးကောင်းကင်တွင် မိုးဖွဲဖွဲရွာနေပြီး အနည်းငယ်အေးမြနေပြီဖြစ်သည်။ စက်တင်ဘာ ၁၈ ရက် နံနက်အစောပိုင်းတွင် စိန်ရန်မြို့ရှိ “၉.၁၈ (စက်တင်ဘာ ၁၈ ရက်)” သမိုင်းပြတိုက်၏ ကြွင်းကျန်ရစ်သည့်ပြက္ခဒိန်ကျောက်တိုင်ရင်ပြင်သို့ လူများလာရောက်ခဲ့ကြသည်။ ညီညာစွာ တန်းစီပြီး လေးနက်စွာဖြင့် ထိုနာကျင်ဖွယ်ကောင်းသောသမိုင်းကို လူအများက ပြန်လည်ကြည့်ရှုကာ သုံးသပ်ဆင်ခြင်ခဲ့ကြသည်။
ခေါင်းလောင်းတီး သတိပေးဥဩဆွဲခြင်း အခမ်းအနားကို ကြည်လင်ပြတ်သားသော နိုင်ငံတော်သီချင်းဖြင့် စတင်ခဲ့သည်။ နံနက် ၉ နာရီ ၁၈ မိနစ်တွင် အလွှာပေါင်းစုံမှ ကိုယ်စားလှယ် ၁၄ ဦးက ခေါင်းလောင်းထိုးတံကို တွန်းကာ “သတိပေးခေါင်းလောင်း”ကို အလေးအနက်ထား တီးခဲ့ကြသည်။ ခေါင်းလောင်းသံ ၁၄ ချက်သည် လေထဲတွင် ပဲ့တင်ထပ်သွားသည်မှာ တရုတ်နိုင်ငံ၏ ၁၄ နှစ်ကြာ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲ၏ ခက်ခဲကြမ်းတမ်းသော ခရီးစဉ်ကို ဖော်ပြနေသည့်သဖွယ်ဖြစ်ရာ ခေါင်းလောင်းသံတိုင်းက ၎င်းတို့ နှလုံးသားထဲတွင် စွဲမြဲအမှတ်ရစေခဲ့သည်။
“ကြွင်းကျန်ရစ်တဲ့ပြက္ခဒိန်ကျောက်တိုင်ကို ပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ သမိုင်းကြောင်းကို မှတ်သားပြီး အမျိုးသားရေး အရှက်တရားကို ဘယ်တော့မှ မမေ့ဖို့ ပြည်သူတွေကို ပြောပြဖို့ ဖြစ်ပါတယ်” ဟု လူရွှင့် အနုသုခုမ အကယ်ဒမီ (LAFA) မှ အငြိမ်းစား ပါမောက္ခ၊ ကြွင်းကျန်ရစ်သည့်ပြက္ခဒိန်ကျောက်တိုင်၏ ဒီဇိုင်နာများအနက် တစ်ဦးဖြစ်သူ ဟဲ့ကျုံးလင့်က ပြောကြားခဲ့သည်။ ကြွင်းကျန်ရစ်သည့်ပြက္ခဒိန်ကျောက်တိုင်၏ အောက်ခြေဒီဇိုင်းတွင် တွေ့ရသော ဦးခေါင်းခွံနှင့် အရိုးပုံစံများသည် အမျိုးသားတော်လှန်ရေးစစ်အတွင်း ပေးဆပ်ခဲ့သော အာဇာနည်များကို ကိုယ်စားပြုသလို ကြွင်းကျန်ရစ်သည့်ပြက္ခဒိန်ကျောက်တိုင်၏ ကိုယ်ထည်မှာ ဖွင့်ထားသောပြက္ခဒိန်တစ်အုပ်သဏ္ဌာန်နှင့် တူပြီး ယင်းအပေါ်တွင် စစ်မက်၏နာကျင်မှုကို ကိုယ်စားပြုသော ကျည်ဆန်ပေါက်များ ဖြန့်ကျက်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
“၉.၁၈ (စက်တင်ဘာ ၁၈ ရက်)” အရေးအခင်း ဖြစ်ရပ်ဖြစ်ပွားခဲ့သည့်နေရာ ပေတာ့တပ်စခန်းမှာ စိန်ရန်မြို့ “၉.၁၈” သမိုင်းပြတိုက်မှ ၃ ကီလိုမီတာမရောက်မီ အကွာအဝေးတွင် ဖြစ်သည်။ ဤအရေးကြီးသမိုင်းဝင်ဖြစ်ရပ်ကြီး၏ သက်သေခံတစ်ခုအနေဖြင့် ပေတာ့တပ်စခန်းအပျက်အစီးများသည်လည်း ပြခန်းပုံစံဖြင့် ဂျပန်ခုခံတော်လှန်ရေးဇာတ်ကြောင်းကို ပြောပြလျက်ရှိသည်။
ပေတာ့တပ်စခန်း နေရာဟောင်းပြခန်းသည် ယခင်ထိုစဉ်က မူရင်းအသွင်အပြင်ကို ပြသထားသည်။ ပြခန်းမအတွင်း “နိုင်ငံ အရေးကြုံလာလျှင် တက်ကြွစွာ ခုခံတွန်းလှန်ကြ”၊ “ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲ အမှတ်အသားများသည် မြို့တော်ဂုဏ်ဆောင်ဖြစ်သည်” စသည့်ခေါင်းစဉ်တို့ ပါရှိပြီး သမိုင်းဝင် ဓာတ်ပုံပေါင်း ၄၀၀ ကျော်၊ သမိုင်းဝင်ပစ္စည်း ၂၀၀ ကျော်နှင့် အီလက်ထရွန်းနစ်မြေပုံများ၊ မြင်ကွင်းများကို နဂိုအတိုင်း ပြန်လည် ပြင်ဆင်မွမ်းမံခြင်း၊ မြင်ကွင်းကျယ် သဲစားပွဲ စသည်တို့ကို ခေတ်မီနည်းမျိုးစုံဖြင့် သမိုင်းကို ပြသထားသည်။
“ပေတာ့တပ်စခန်း နေရာဟောင်းပြခန်းသည် နိုင်ငံ စတင်ဒုက္ခကျရောက်ခဲ့သည့်နေရာ ဖြစ်ပြီး တရုတ်လူမျိုးများ မမေ့ဝံ့ကြပါ” ဟု “၉.၁၈ (စက်တင်ဘာ ၁၈ ရက်)” သမိုင်းပြတိုက်၏ ပြတိုက်မှူး ဖန့်လိဟုန်က ပြောကြားခဲ့သည်။
“၉.၁၈ (စက်တင်ဘာ ၁၈ ရက်)” အရေးအခင်းသည် တရုတ်နိုင်ငံ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲ၏ စမှတ်ဖြစ်သည်။ ကူမင်တန်အစိုးရ၏ ဆန့်ကျင်တွန်းလှန်မှုမပြုရေး မူဝါဒကြောင့် နှစ်ဝက်အတွင်း တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း နယ်မြေတစ်ခုလုံးသည် ကျရှုံးသွားခဲ့သည်။ ထိုအချိန်မှစ၍ တရုတ်လူမျိုးများသည် (၁၄)နှစ်ကြာ ခုခံတော်လှန်ရေးစစ်ပွဲခရီးကို စတင်ခဲ့ပြီး ကျူးကျော်သူများကို မနားမနေ တွန်းလှန်တိုက်ခိုက်ခဲ့ကြပေသည်။
ဂျပန်ကျူးကျော်သူများကို အသံကြားလျှင်ပင် ထိတ်လန့်စေခဲ့သော ရန်းကျင့်ယွီ၊ ကျောက်ဆန့်ကျိ၊ ချိန်ဟန့်ကျန်း… စသည့် ဂျပန်ခုခံတော်လှန်ရေးသူရဲကောင်းများ အကြောင်းသည် လူအများ၏မှတ်ဉာဏ်တွင် အမြဲထင်ကျန်နေမည်ဖြစ်ပြီး စိတ်ဓာတ်တစ်ခုအနေဖြင့် ထာဝရအမွေဆက်ခံသွားမည်ဖြစ်သည်။
“ရဲရဲတောက် မျိုးဆက်သစ်လူငယ်တစ်ယောက်အနေနဲ့ အဲဒီအချိန်က အနိုင့်ကျင့်စော်ကားခံခဲ့ရတဲ့ သမိုင်းကို ကျွန်တော်တို့ မေ့ပစ်မှာ မဟုတ်ဘူး။ အာဇာနည်တွေရဲ့ စိတ်ဓာတ်ကို ကျွန်တော်တို့ သင်ယူသွားပြီး မျိုးချစ်စိတ်ကို တိုင်းပြည်အကျိုးသယ်ပိုးမယ့် ရည်မှန်းချက်အဖြစ် ပြောင်းလဲလုပ်ဆောင်သွားမယ်” ဟု လျောင်နင် ပြည်နယ် ရှေ့ပြေးအထက်တန်းကျောင်းမှ ကျောင်းသားတစ်ဦးဖြစ်သူ ချိန်ကြားရုန်က ပြောကြားခဲ့သည်။
သမိုင်းသည် မှန်တစ်ချပ်ဖြစ်ပြီး မှတ်ဉာဏ်သည် ခွန်အားတစ်မျိုးဖြစ်ကြောင်း ဖန့်လိဟုန်က ပြောကြားခဲ့သည်။ “ကျွန်တော်တို့ အဲဒီအချိန်က သမိုင်းကြောင်းကို ပြောနေတယ်ဆိုတာ အမုန်းတရားတွေ ဆက်လက်တည်မြဲစေဖို့ မဟုတ်ဘဲ သမိုင်းအမှန်တရားကို မမေ့ဖို့နဲ့ ဒီနေ့ ပြည်သူတွေကို ရှေ့ဆက်လျှောက်ဖို့ ခွန်အားတွေ ပေးဖို့ ဖြစ်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
သတိပေးဥသြဆွဲသံမြည်သောအခါ မြန်နှုန်းမြင့်ရထားယာဉ်မောင်း ကုန်းကျိကန်းသည် G912 Fuxing EMU ရထားကိုမောင်းနှင်ခဲ့ပြီး စိန်ရန်မြို့ ရှိ “၉.၁၈ (စက်တင်ဘာ ၁၈ ရက်)” သမိုင်းပြတိုက်အနီးအနားမှ ဖြတ်သွားခဲ့သည်။ သမိုင်းသည် အနာဂတ်ကိုပြသပြီး တရုတ်နိုင်ငံသည် “မြန်နှုန်းမြင့်ရထား အမြန်နှုန်း” ဖြင့် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့ ဦးတည်နေသည်။ (Xinhua)

“စက်တင်ဘာ ၁၈ ရက် ဒို့မမေ့အပ်“ သတိပေးဥဩဆွဲအခမ်းအနားကို စက်တင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“စက်တင်ဘာ ၁၈ ရက် ဒို့မမေ့အပ်“ သတိပေးဥဩဆွဲအခမ်းအနားကို စက်တင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………………………
(Chinese Version)
中国连续30年举行活动纪念抗战起点
新华社沈阳9月19日电(记者赵洪南、洪可润)9月18日9时18分,警报声响彻沈阳全城。沈阳“九·一八”历史博物馆附近,汽车停驶鸣笛、行人驻足肃立,人们的目光不约而同聚向残历碑广场。广场上的残历碑永久地定格在1931年9月18日。
今年是九一八事变爆发93周年。1931年9月18日夜10时许,日军炸毁沈阳柳条湖附近南满铁路路轨,反诬中国军队所为,遂炮轰东北军北大营,发动了震惊中外的九一八事变。
自1995年以来,每逢“九一八”这天,警报都会在沈阳这座城市拉响。
鲜为人知的是,这响彻云霄的防空警报来自一位老工人的提议。1995年,沈阳胶带总厂退休老工人郝松青寄出一封信,建议用鸣响防空警报的方式警示人们,不可忘国耻。“当亡国奴的经历一辈子也忘不了……好了伤疤不能忘了疼。”郝松青写道。中共沈阳市委很快批复了他的信,并于当年组织了九一八事变以来的第一次鸣警活动。
如今,沈阳已连续30年拉响防空警报,这项活动也已从东北地区扩展到全国多地。
仲秋时节的沈阳,天空中飘起了阵阵小雨,已有微微凉意。18日一早,人们就来到沈阳“九·一八”历史博物馆的残历碑广场。整齐的队列,肃穆的神情,表达了人们对这段沉痛历史的回顾与省思。
撞钟鸣警仪式在嘹亮的国歌声中开始。9时18分,14名社会各界代表神情凝重地推动钟槌,撞响“警世钟”。14响钟声回荡在空中,寓意着中华民族14年抗日战争的艰辛历程,声声入心。
“设计残历碑就是想告诉人们,牢记历史,勿忘国耻。”鲁迅美术学院退休教授、残历碑设计者之一贺中令说,残历碑的底座设计中出现的骷髅、骸骨的元素,象征着民族抗战中牺牲的先烈,残历碑主体形如一本摊开的日历,上面则布满了象征战争伤痛的弹孔。
距离沈阳“九·一八”历史博物馆不足3公里,是九一八事变爆发地北大营。作为这一重大历史事件的见证者,北大营遗址也以一座陈列馆的方式讲述着抗战故事。
北大营旧址陈列馆呈现着当年的原貌。陈列馆内设置“国难降临 奋起反抗”“抗战印记 城市荣光”等主题,通过400余幅历史照片、200余件历史文物以及电子地图、场景复原、全景沙盘等多种现代化手段对历史进行展示。
沈阳“九·一八”历史博物馆馆长范丽红说:“北大营旧址陈列馆是国难降临的地方,中国人民不敢忘!”
九一八事变是中国抗日战争的起点。由于国民政府的不抵抗政策,中国东北全境不到半年的时间内全部沦陷。从此,中国人民开始了长达14年的抗战征程,向侵略者奋起抗争的拼杀一刻也没有停止过。
杨靖宇、赵尚志、陈翰章……一个个令日本侵略者闻风丧胆的抗联英雄的事迹永远留存在人们记忆中,并化作一种精神,永久传承。
前来参加活动的辽宁省实验中学学生陈嘉荣说:“作为赓续红色血脉的年轻一代,我们不会忘记那段屈辱的历史,我们会把先烈的精神融入学习中,把爱国之情转化为报国之志。”
范丽红说,历史是一面镜子,记忆是一种力量。“我们讲述这段历史,不是要延续仇恨,而是为了不忘历史真相,给予今人前行的力量。”
警报声响起时,高铁司机宫志刚驾驶着G912次复兴号动车组列车从沈阳“九·一八”历史博物馆附近驶过。历史昭示未来,中国正以“高铁速度”走向更美好的明天。
图说1,2,3:9月18日拍摄的“勿忘九一八”撞钟鸣警仪式现场。新华社记者 潘昱龙 摄