Connect with us

Africa & Middle East

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားနိုင်ငံအလယ်ပိုင်း နေရာအများအပြားတွင် ၁၄ ဦးသေဆုံးကာ ၄၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆီးရီးယားမီဒီယာများက ဖော်ပြ

ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကပ်စ်တွင် အစ္စရေးစစ်တပ်၏ လေကြောင်းဖြင့် တိုက်ခိုက်ခြင်းခံထားရသောမြင်ကွင်းကို ဇူလိုင် ၁၄ ရက် နံနက်အစောပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

ဒမတ်စကပ်စ်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)
အစ္စရေး၏ စက်တင်ဘာ ၈ ရက် ညပိုင်း လေကြောင်း တိုက်ခိုက်မှုကြောင့် ဆီးရီးယားနိုင်ငံ နေရာအများအပြားတွင် လူ ၁၄ ဦး သေဆုံးကာ ၄၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆီးရီးယား သတင်းအေဂျင်စီ၏ စက်တင်ဘာ ၉ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ တိုက်ခိုက်မှုတွင် လူ ၁၄ ဦး သေဆုံးပြီး ၄၃ ဦး ဒဏ်ရာရရှိခဲ့ကာ ၎င်းအနက် ၆ ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဆီးရီးယားနိုင်ငံအလယ်ပိုင်း ဟာမာပြည်နယ် Masyaf ဒေသရှိ ဒေသခံဆေးရုံ တာဝန်ခံ၏ စကားကို ကိုးကား၍ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဒေသစံတော်ချိန် စက်တင်ဘာ ၈ ရက် ည ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် အစ္စရေးသည် လက်ဘနွန်နိုင်ငံ အနောက်မြောက်ပိုင်းဘက်မှ ဆီးရီးယားနိုင်ငံအလယ်ပိုင်းဒေသရှိ စစ်စခန်းအများအပြားကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ လူ ၃ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရကာ အခြား လူနေအိမ်အချို့လည်း ပျက်စီးခဲ့ကြောင်း အဆိုပါနေ့ အစောပိုင်းတွင် ဆီးရီးယားစစ်တပ်က ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် ၎င်းဒေသ လမ်းမကြီးတစ်ခု ဆိုးရွားစွာပျက်စီးစေခဲ့ပြီး နယ်ပယ်တစ်ခုမှာလည်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ဆီးရီးယားသတင်းအေဂျင်စီ၏ ယခင် အခြားထုတ်ပြန်ချက်အရ သိရသည်။
၂၀၁၁ ခုနှစ်တွင် ဆီးရီးယားပြည်တွင်းစစ် ဖြစ်ပွားပြီးနောက် အစ္စရေးစစ်တပ်သည် အီရန်စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်သည်ဟု အကြောင်းပြ၍ ဆီးရီးယားနိုင်ငံတွင်း ပစ်မှတ်များကို အကြိမ်ကြိမ် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ဆီးရီးယားနှင့် အီရန်အစိုးရနှစ်ရပ်စလုံးက ဆီးရီးယားတွင် အီရန်တပ်စွဲထားခြင်းကို ငြင်းဆိုခဲ့သည်။ ပြီးခဲ့သောနှစ် အောက်တိုဘာလတွင် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအသစ်တစ်ဖန် ဖြစ်ပွားပြီးနောက် အစ္စရေးသည် ဆီးရီးယားနိုင်ငံတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ခြင်းမှာ ပို၍မကြာခဏ ဖြစ်လာသည်။ (Xinhua)
………………………………………..
(Chinese Version)
叙利亚媒体:以色列空袭叙中部多地致14死43伤
新华社大马士革9月9日电(记者冀泽 程帅朋)据叙利亚通讯社9日报道,以色列8日夜间对叙利亚多地的空袭已造成14人死亡、43人受伤。
报道援引叙中部哈马省迈斯亚夫地区当地医院负责人的话说,袭击已造成14人死亡、43人受伤,其中6人伤势严重。
据叙利亚军方当天早些时候发表的声明,当地时间8日23时20分左右,以色列从黎巴嫩西北部方向对叙中部地区多处军事地点发动空袭,造成3人死亡、15人受伤,另有一些财产损失。
另据叙利亚通讯社此前报道,袭击还造成当地一条公路严重受损,一处区域发生火灾。
2011年叙利亚内战爆发后,以军多次以打击伊朗军事设施为由空袭叙境内目标。叙利亚和伊朗政府均否认伊朗在叙有驻军。去年10月新一轮巴以冲突爆发后,以色列对叙境内目标的袭击更加频繁。(完)
图说:这是7月14日凌晨在叙利亚首都大马士革拍摄的一处遭以军空袭现场。新华社发(阿马尔·萨法尔贾拉尼摄)