Connect with us

China

ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၆ နှစ်မြောက် အထိမ်းအမှတ်နေ့အတွက် ရှီကျင့်ဖိန်က မြောက်ကိုရီးယား ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်းထံ ဂုဏ်ပြုသဝဏ်လွှာပေးပို့

တရုတ်နိုင်ငံ တာ့လျန်မြို့၌ မေလ ၇ ရက်မှ ၈ ရက်အထိ တွေ့ဆုံပွဲကျင်းပစဉ် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်နှင့် မြောက်ကိုရီးယား အလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်ရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်းတို့အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)
စက်တင်ဘာ ၉ ရက်တွင် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်သည် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၆ နှစ်မြောက် အထိမ်းအမှတ်နေ့အတွက် မြောက်ကိုရီးယား အလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်ရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်းထံ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။
လွန်ခဲ့သည့် ၇၆ နှစ်တာကာလအတွင်း မြောက်ကိုရီးယားအလုပ်သမားပါတီ၏ ဦးဆောင်မှုအောက်တွင် မြောက်ကိုရီးယားပြည်သူများ စည်းလုံးညီညွတ်ပြီး နိုင်ငံ့လုပ်ငန်းဆောင်တာ အသီးသီးတွင် ထက်သန်သော ဖွံ့ဖြိုးတိုးတက်မှုများကို မြှင့်တင်ခဲ့ကြောင်း ရှီကျင့်ဖိန်က ဖော်ပြခဲ့သည်။ မကြာသေးမီနှစ်များအတွင်း ရဲဘော် အထွေထွေအတွင်းရေးမှူးချုပ်သည် မြောက်ကိုရီးယား ပါတီနှင့် ပြည်သူများကို ဦးဆောင်ခဲ့ကာ
မြောက်ကိုရီးယား၏ အဋ္ဌမအကြိမ်မြောက် အမျိုးသားညီလာခံနှင့် မြောက်ကိုရီးယားအလုပ်သမားပါတီ ဗဟိုကော်မတီ၏ မျက်နှာစုံညီ အစည်းအဝေးများ၏ စိတ်ဓာတ်ကို နက်ရှိုင်းစွာ ကျင့်သုံး အကောင်အထည်ဖော်ရန် တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အောင်မြင်မှုများ ဆက်တိုက်ရရှိခဲ့သည်။ ရဲဘော် အထွေထွေအတွင်းရေးမှူးချုပ် ဦးဆောင်သော မြောက်ကိုရီးယား အလုပ်သမားပါတီ၏ ဦးဆောင်မှုအောက်တွင် မြောက်ကိုရီးယားပြည်သူများသည် မြောက်ကိုရီးယားပုံစံ ဆိုရှယ်လစ်ဝါဒ မြှင့်တင်ရေး လမ်းစဉ်တွင် ပိုမို ကြီးမားသော အောင်ပွဲအသစ်များ အဆက်မပြတ် ဆွတ်ခူးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။
တရုတ်နှင့် မြောက်ကိုရီးယားတို့သည် တောတောင်ရေမြေများ ချိတ်ဆက်ကာ အစဉ်အလာ ချစ်ကြည်ရင်းနှီးမှုသည် အချိန်နှင့်အမျှ ပိုမိုခိုင်မာလာကြောင်း ရှီကျင့်ဖိန်က အလေးပေးပြောကြားခဲ့သည်။ ယခုနှစ်သည် တရုတ်-မြောက်ကိုရီးယား သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည်ဖြစ်ပြီး “တရုတ်-မြောက်ကိုရီးယား ချစ်ကြည်ရေးနှစ်” လည်းဖြစ်သည်။ ခေတ်သစ်နှင့် အခြေအနေသစ်များအောက်တွင် နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုများပြားသောအကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးကာ ဒေသတွင်းနှင့် ကမ္ဘာကြီး၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးတို့ကို မြှင့်တင်ရန် ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးရန် တရုတ်နိုင်ငံအနေဖြင့် တရုတ်- မြောက်ကိုရီးယား ဆက်ဆံရေးကို မဟာဗျူဟာမြောက်အမြင်နှင့် ရေရှည်ရှုထောင့်မှ ဆက်လက်ရှုမြင်မည်ဖြစ်ပြီး မြောက်ကိုရီးယားနှင့်အတူ မဟာဗျူဟာမြောက် ဆက်ဆံနှီးနှောခြင်းကို နက်ရှိုင်းစေကာ ပူးပေါင်းဆောင်ရွက်မှုကို ညှိနှိုင်းအားကောင်းစေမည်ဖြစ်ကြောင်း၊ တရုတ်-မြောက်ကိုရီးယား အစဉ်အလာ ချစ်ကြည်ရင်းနှီးမှုကို ပူးပေါင်းကာကွယ်ထိန်းသိမ်း၊ ခိုင်မာစေရမည်ဖြစ်သလို ဖွံ့ဖြိုးတိုးတက်စေရမည်ဖြစ်ကြောင်း၊ ဆိုရှယ်လစ်ဝါဒကို ပူးပေါင်းမြှင့်တင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
…………………………….
(Chinese Version)
习近平就朝鲜国庆76周年向朝鲜最高领导人金正恩致贺电
新华社北京9月9日电 9月9日,中共中央总书记、国家主席习近平就朝鲜国庆76周年向朝鲜劳动党总书记、国务委员长金正恩致贺电。
习近平指出,76年来,在朝鲜劳动党领导下,朝鲜人民团结一心,推动国家各项事业蓬勃发展。近年来,总书记同志带领朝鲜党和人民,深入贯彻落实朝党八大及历次全会精神,取得一系列建设和发展成就。相信在以总书记同志为首的朝鲜劳动党领导下,朝鲜人民一定能够在推进朝鲜式社会主义事业的征程中不断夺取新的更大胜利。
习近平强调,中朝两国山水相连,传统友谊历久弥坚。今年是中朝建交75周年暨“中朝友好年”。新时期新形势下,中方将继续从战略高度和长远角度看待中朝关系,愿同朝方深化战略沟通,加强协调合作,共同维护好、巩固好、发展好中朝传统友好合作关系,共同推进社会主义事业,为两国人民带来更多福祉,为促进地区和世界的和平稳定与发展繁荣作出更大贡献。(完)
图说:5月7日至8日,中共中央总书记、国家主席习近平同朝鲜劳动党委员长、国务委员会委员长金正恩在大连举行会晤。 新华社记者 谢环驰 摄