Connect with us

China

တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်၏ နွေးထွေးလှသည့်နှစ်ကူး နှုတ်ခွန်းဆက်စကားများ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က China Media Group နှင့် အွန်လိုင်းမှတစ်ဆင့် ၂၀၂၅ ခုနှစ် နှစ်သစ်နှုတ်ခွန်းဆက်စကား ပြောကြားနေသည်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)
– ၂၀၂၄ ခုနှစ်တွင် နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်း ရာသီလေးပါးကို ကျွန်ုပ်တို့ အတူတကွ လျှောက်လှမ်းပြီး မိုးလေများကြားက ရောင်စုံသက်တံရောင်ခြည်ကို ဖြတ်သန်းနိုင်ခဲ့ရာ အချိန်တဒင်္ဂစီတိုင်းက ဤထူးခြားသည့်တစ်နှစ်တာတွင် စွဲမြဲကာ အမှတ်ရနေစေပေသည်။
– Chang’e-6 ၏ ပထမဦးဆုံးအကြိမ် လကမ္ဘာအနောက်ဘက်ခြမ်းက နမူနာရယူနိုင်ခြင်း၊ Mengxiang သင်္ဘောကြီး သမုဒ္ဒရာစူးစမ်းလေ့လာခြင်း၊ ဆန်းကျန့်-ကျုံးဆန်း ချိတ်ဆက်လမ်းက ပင်လယ်လှိုင်းကြမ်းကို ဖြတ်ကျော် ဆက်သွယ်ထားခြင်း၊ အန္တာတိက ချင်ရှန့်စခန်းတွင် ရေခဲကုန်းမြေ (Icefield) ဖော်ထုတ်နိုင်ခြင်း တို့သည် တရုတ်လူမျိုးတို့၏ နက္ခတ်တာရာကြယ်ပင်လယ်များဆီသို့ အိပ်မက်ကို ဖော်ဆောင်လိုသည့် ကြီးမားသည့် မျှော်မှန်းချက်ကို ပြသခဲ့သည်။
– မရေတွက်နိုင်အောင် များပြားလှသည့် လုပ်သားများ၊ တည်ဆောက်သူများ၊ လုပ်ငန်းတည်ထောင်သူများ အားလုံးက အိပ်မက်ကို ကြိုးပမ်း ဖော်ဆောင်ခဲ့ကြသည်။
– ကျွန်ုပ်အနေဖြင့် အမျိုးသား ဂုဏ်ထူးဆောင် ဆုတံဆိပ်နှင့် အမျိုးသား ဂုဏ်ထူးဆောင်ဘွဲ့အမည် ရရှိသူများကို ဆုချီးမြှင့်ခဲ့ရာ ယင်းဂုဏ်ရောင်ကို ၎င်းတို့ ပိုင်ဆိုင်သလို သတ္တိရှိရှိ၊ ရဲဝံ့စွာ တာဝန်ထမ်းဆောင်သော ကြိုးပမ်း အားထုတ်သူတိုင်းကလည်း ပိုင်ဆိုင်ကြသည်။
– နှစ်ပေါင်း ၅,၀၀၀ ကျော်ကြာ တရုတ်ယဉ်ကျေးမှုတွင် “ကျုံးကော် (တရုတ်)” ဟူသော စာလုံးနှစ်လုံးသည် ကြေးထည် “ဟဲကျွန်း” ၏ အောက်ခြေတွင် ထုဆစ်ထားသလို တရုတ်နိုင်ငံသားတိုင်း၏ စိတ်နှလုံးတွင် ပို၍ပင် စွဲမြဲစွာ တည်ရှိပေသည်။
– ကျွန်ုပ်တို့သည် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့် ခေတ်ကာလ၏ ဒီရေလှိုင်းဖြင့် အရှေ့သို့ အရှိန်အဟုန်မြှင့် လျှောက်လှမ်းကြရာ တရုတ်ပုံစံခေတ်မီအသွင်ပြောင်းခြင်းသည် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်လှစ်ခြင်းတွင် ပို၍ ကျယ်ပြန့်သော အနာဂတ်အလားအလာကို မုချမသွေ ဖွင့်လှစ်ပေးနိုင်မည် ဖြစ်သည်။
– ကျွန်ုပ်တို့သည် မည်သည့်အခါကမဆို မိုးဒဏ်လေဒဏ် အခက်အခဲများကြားမှ ရှင်သန်လာခြင်း၊ စမ်းသပ်မှုများကြားမှ အင်အားကြီးမားလာခြင်းဖြစ်ရာ အားလုံးအနေဖြင့် ယုံကြည်ချက် အပြည့်အဝရှိရမည် ဖြစ်သည်။
– မိသားစုအရေး၊ နိုင်ငံအရေး၊ ကမ္ဘာ့အရေး ဟူသည် ပြည်သူများအား သာယာချမ်းမြေ့သောနေထိုင်မှုဘဝ ဖြတ်သန်းရရေးသည် ထိပ်တန်းအရေးကြီးကိစ္စဖြစ်ပေသည်။
– အိမ်တိုင်း၊ မိသားစုတိုင်း က ကလေးငယ်များ ကောင်းမွန်သည့်ပညာရေး ရရှိရန်၊ သက်ကြီးရွယ်ကြီးများအတွက် ကောင်းမွန်သည့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဝန်ဆောင်မှု ရရှိရန်၊ လူငယ်လူရွယ်များအတွက် ပို၍ ဖွံ့ဖြိုးတိုးတက်နိုင်မည့် အခွင့်အရေးများ ရရှိရန် မျှော်လင့်ကြသည်။ ဤသို့သော ဖြူစင်ရိုးရှင်းသည့် မျှော်လင့်ချက်များသည် သာယာကောင်းမွန်သော နေထိုင်မှုဘဝ၏ လိုလားမှုပင် ဖြစ်သည်။
– ကျွန်ုပ်တို့အနေဖြင့် လူမှုအဖွဲ့အစည်း တည်ဆောက်မှုနှင့် စီမံခန့်ခွဲမှုအဆင့်အတန်းကို စဉ်ဆက်မပြတ် မြှင့်တင်ရန်၊ အားလုံးပါဝင်သင့်မြတ်မှုရှိသော အငွေ့အသက်ကို ဆက်လက် တည်ဆောက်ရန်၊ ပြည်သူများ၏ ကိစ္စကြီးငယ်ဟူသမျှကို ကောင်းမွန်စွာ ဖြေရှင်းပြီး အားလုံး အပြုံးပန်းများ ပို၍ ပွင့်လန်းစေပြီး နွေးနွေးထွေးထွေးဖြစ်စေရန် အတူတကွ ကြိုးပမ်း ဆောင်ရွက်သွားရမည် ဖြစ်သည်။
– ရေလက်ကြားနှစ်ဖက် မွေးချင်းများသည် မိသားစုပမာ ချစ်ကြည်ရင်းနှီးရာ မိမိတို့၏ အသက်သွေးကြောဆက်နွှယ်ရင်းနှီးမှုအား မည်သူက မည်သည့်နည်းလမ်းနှင့်မျှ ဖြတ်တောက်၍ မရသလို အမိတိုင်းပြည်ပေါင်းစည်းရေး၏ သမိုင်းအခင်းအကျင်းကြီးကို မည်သူကမျှ တားဆီး၍လည်း မရနိုင်ပေ။
– တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းခြင်း၏ ခရီးစဉ်သစ်တွင် လူတိုင်းက အဓိကဇာတ်ကောင် ဖြစ်ရာ အားထုတ်မှုတိုင်းက အထူးပင် အဖိုးတန်လှသလို အလင်းရောင်တန်းတိုင်းက ထွန်းလင်းတောက်ပလျက်ရှိသည်။
– တောတောင်ရေမြေ အလှအပများနှင့် အိမ်တိုင်းကို ထွန်းလင်းတောက်ပနေသည့် ကြယ်၏အလင်းရောင်က ကျွန်ုပ်တို့ကို မျှော်လင့်ချက်အပြည့်ဖြင့် နှစ်သစ်ကို ကြိုဆိုစေခဲ့သည်။
– အမိတိုင်းပြည် သာယာအေးချမ်း၍ စပါးသီးနှံအထွက်တိုးကာ တိုးတက်စည်ပင်ပါစေ။ အားလုံး လိုအင်ဆန္ဒများ ပြည့်ဝကာ အေးချမ်းပျော်ရွှင်မှုများ တိုးကြပါစေ။ (Xinhua)

…………………………..
(Chinese Version)

金句海报|总书记的这些话暖心鼓劲
– 2024年,我们一起走过春夏秋冬,一道经历风雨彩虹,一个个瞬间定格在这不平凡的一年,令人感慨、难以忘怀。
– 嫦娥六号首次月背采样,梦想号探秘大洋,深中通道踏浪海天,南极秦现站崛起冰原,展了中国人逐梦星辰大海的豪情壮志。
– 无数劳动者、建设者、创业者,都在为梦想拼搏。
– 我为国家勋章和国家荣誉称号获得者颁奖,光荣属于他们,也属于每一个挺膺担当的奋斗者。
– 从五千多年中华文明,“中国”二字镌刻在“何尊”底部,更铭刻在每个华夏儿女心中。
– 我们乘着改革开放的时代大潮阔步前行,中国式现代化必必将在改革开放中开辟更加广阔的前景。
– 我们从来都是在风雨洗礼中成长、在历经考验中壮大,大家要充满信心。
– 家事国事天下事让人民过上幸福生活是头等大事。
– 家家户户都盼着孩子能有好的教育,老人能有好的养老服务,年轻人能有更多发展机会。这些朴实的愿望,就是对美好生活的向往。
– 我们要一起努力,不断提升社会建设和治理水平,持续营造和谐包容的氛围,把老百姓身边的大事小情解决好,让大家笑容更多、心里更暖。
– 两岸同胞一家亲谁也无法割断我们的血脉亲情,谁也不能阻挡祖国统一的历史大势!
– 中国式现代化的新征程上,每一个人都是主角,每一份付出都弥足珍贵,每一束光芒都熠熠生辉。
– 河山添锦绣,星光映万家。让我们满怀希望,迎接新的一年。
– 祝祖国时和岁丰繁荣昌盛!祝大家所愿皆所成,多喜乐、长安宁!
1. 新年前夕,国家主席习近平通过中央广播电视总台和互联网,发表二〇二五年新年贺词。新华社记者 鞠鹏 摄