China
ဆားကန် စိမ့်မြေတွင် ဖလာမင်ဂိုငှက်များ ပျော်ရွှင်စွာ ပျံသန်း
ရွင့်ချိန် (ဆန်းရှီး)၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)
ဆောင်းရာသီတွင် နိုင်ငံပထမအဆင့်ကာကွယ်စောင့်ရှောက်ထားသော ဖလာမင်ဂိုငှက်များ တရုတ်နိုင်ငံ ဆန်းရှီးပြည်နယ် ရွင့်ချိန်မြို့ ဆားကန် စိမ့်မြေသို့ လာရောက်၍ ဆောင်းခိုကြရာ ၎င်းတို့၏ အစာရှာစားခြင်း၊ ဆော့ကစားခြင်း၊ ပျံသန်းခြင်းတို့က ဆားကန်၏ လှပသော ရှုခင်းတစ်ခုဖြစ်လာသည်။
ယခုနှစ်များအတွင်း ရွင့်ချိန်မြို့သည် ဆားများလျှော့ချ၍ ရေကန်ပြန်လည်ရရှိရေး၊ စိမ့်မြေစိမ်းလန်းစိုပြည်ရေး၊ ဂေဟစနစ် ရေပြန်လည်ဖြည့်တင်းမှု စသည့် ဂေဟဗေဒဆိုင်ရာ ပြုပြင်ရေးအစီအမံများဖော်ဆောင်ပြီး ဆားကန် ဂေဟဗေဒ စီမံခန့်ခွဲရေးနှင့် ကာကွယ်ရေးတို့ကို အရှိန်အဟုန်မြှင့်တင်ကာ ငှက်များစွာ ရှင်သန်၊ မျိုးပွား၊ နားခိုရန်အတွက် ကောင်းမွန်သော ပတ်ဝန်းကျင်ကို ပံ့ပိုးပေးခဲ့သည်။ (Xinhua)
……………………………
(Chinese Version)
火烈鸟欢舞盐湖湿地
运城(山西),2025年1月2日
冬季,国家一级保护动物火烈鸟飞抵山西省运城市盐湖湿地栖息越冬,它们或觅食、或嬉戏、或飞舞,成为盐湖一道亮丽风景。
近年来,运城市实施退盐还湖、湿地绿化、生态补水等生态修复措施,加大盐湖生态治理和保护力度,为众多鸟类繁衍生息提供了良好的环境。
图说:2025年1月1日在运城市盐湖湿地拍摄的火烈鸟。新华社发(薛俊摄)