North America
Hot Q&A | အမေရိကန်က ဟူသီလက်နက်ကိုင်များအား “အကြမ်းဖက်အဖွဲ့အစည်း” အဖြစ် ပြန်လည်သတ်မှတ်ရာတွင် မည်သည့်သက်ရောက်မှုရှိမည်နည်း
ကိုင်ရို ၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)
ဟူသီလက်နက်ကိုင်များအား “အကြမ်းဖက်အဖွဲ့အစည်း” အဖြစ် ပြန်လည်သတ်မှတ်ကြောင်း အမေရိကန် အိမ်ဖြူတော်က ဇန်နဝါရီ ၂၂ ရက်တွင် ကြေညာခဲ့သည်။ အမေရိကန်၏ အဆိုပါလုပ်ရပ်သည် ဟူသီလက်နက်ကိုင်များ၊ ယီမင်အခြေအနေနှင့် အရှေ့အလယ်ပိုင်းဒေသ အခြေအနေအပေါ် မည်သည့်သက်ရောက်မှုများ ရှိမည်နည်း။
ဟူသီလက်နက်ကိုင်များအပေါ် မည်သည့်သက်ရောက်မှုရှိမည်နည်း
အမေရိကန် သမ္မတ ထရမ့်သည် ဟူသီလက်နက်ကိုင်များအား “အကြမ်းဖက်အဖွဲ့အစည်း” အဖြစ် ပြန်လည်သတ်မှတ်သည့် အမိန့်ကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း အမေရိကန် အိမ်ဖြူတော်က ဇန်နဝါရီ ၂၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါအမိန့်ကြေညာချက်သည် လွန်ခဲ့သည့် ၄ နှစ်က သမ္မတဟောင်း ဘိုင်ဒန်က ဟူသီလက်နက်ကိုင်များအား “နိုင်ငံခြား အကြမ်းဖက်အဖွဲ့အစည်း” နာမည်စာရင်းမှ ပယ်ဖျက်ပေးခဲ့သည့် အမိန့်ကို ပယ်ဖျက်ရာကျကြောင်း၊ ဘိုင်ဒန်အစိုးရက ဟူသီလက်နက်ကိုင်များအပေါ် “ပျော့ညံ့သောမူဝါဒ” ကြောင့် ၎င်းတာဝန် ထမ်းဆောင်သည့်ကာလအတွင်း အဆိုပါလက်နက်ကိုင်များသည် အမေရိကန် စစ်သင်္ဘောကို အကြိမ် ဒါဇင်နှင့်ချီ ပစ်ခတ်ခြင်း၊ “မိတ်ဖက်နိုင်ငံများ” ၏ အရပ်ဘက် အခြေခံအဆောက်အဦများအား အကြိမ်များစွာတိုက်ခိုက်ခြင်း၊ Mandab ပင်လယ်ရေလက်ကြားတွင် သွားလာနေသည့် နိုင်ငံတကာ ကုန်သည်သင်္ဘောများကို အကြိမ်တစ်ရာကျော်တိုက်ခိုက်ခြင်းတို့ ဖြစ်ပွားစေခဲ့ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။
အိမ်ဖြူတော်က ကြေညာချက်ထုတ်ပြန်ပြီးနောက် ဟူသီလက်နက်ကိုင်များက ဇန်နဝါရီ ၂၃ ရက် ညပိုင်းတွင် ကုလသမဂ္ဂ နိုင်ငံတကာ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) စသည့် ကုလသမဂ္ဂ အဖွဲ့အစည်းများတွင် လုပ်ကိုင်လျက်ရှိသည့် ယီမင်နိုင်ငံဝန်ထမ်း ၇ ဦးထက်မနည်းကို ဖမ်းဆီးသွားကာ အမေရိကန် CIA နှင့်ပတ်သက်သည့် “အမေရိကန်-အစ္စရေး သူလျှိုကွန်ရက်၏ အဓိကအဖွဲ့ဝင်” ကို ဖမ်းဆီးရမိခဲ့သည် ဟုဆိုသည်။
ထရမ့်အစိုးရ၏ လုပ်ရပ်သည် ဟူသီလက်နက်ကိုင်များ၏ နိုင်ငံတကာဂုဏ်သတင်းကို တစ်ဆင့်တိုးလျှော့ချကာ ၎င်းတို့ကို “သံတမန်ရေးအရ အထီးကျန်” စေရန် ရည်ရွယ်ကြောင်း၊ သို့သော် လတ်တလော လအနည်းငယ်အတွင်း ဟူသီလက်နက်ကိုင်များသည် “ဂါဇာဒေသ ပြည်သူများအတွက် တရားမျှတမှုဖော်ဆောင်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များကို အတိုက်အခံ ပြုလုပ်လာပြီး စစ်ရေးလှုပ်ရှားမှုရည်မှန်းချက် တိကျသောကြောင့် အဆိုပါအဖွဲ့အစည်းသည် အာရပ်နိုင်ငံ ပြည်သူများ အထူးသဖြင့် ရှီယာမွတ်စလင်(မ်)များ၏ ထောက်ခံအားပေးခြင်းခံရကြောင်း၊ ထိုကဲ့သို့ ထောက်ခံအားပေးမှုသည် အလွယ်တကူယိမ်းယိုင်သွားမည်မဟုတ်ဟု ခန့်မှန်းရကြောင်း ယီမင် မဟာဗျူဟာရေးရာ သုတေသနပညာရှင် Mustafa Naji ကယူဆသည်။
ဟူသီလက်နက်ကိုင်များသည် အနာဂတ်တွင် အမေရိကန်၏ အဆိုပါလုပ်ရပ်ကို အကြောင်းပြု၍ ထောက်ခံသူများ၏ အမျိုးသားရေးစိတ်ဓာတ်ကို တစ်ဆင့်တိုးလှုံ့ဆော်ကာ အဆိုပါအဖွဲ့အစည်းသည် “ပြင်ပစွက်ဖက်မှုများကို အတိုက်အခံပြုလုပ်သည့်” အင်အားဟု ကြေညာခြင်းဖြင့် မိမိ၏ဩဇာလွှမ်းမိုးမှုကို ခိုင်မြဲအောင် လုပ်ဆောင်သွားနိုင်သည်ဟု Mustafa Naji က ဆိုသည်။
အနာဂတ်တွင် အမေရိကန်က “အကြမ်းဖက်မှုတိုက်ဖျက်ရေး” ခေါင်းစဉ်အောက်တွင် ဟူသီလက်နက်ကိုင်များအပေါ် စီးပွားရေးပိတ်ဆို့မှုများ မြှင့်တင်လာနိုင်ကြောင်း၊ သို့သော် အဆိုပါအဖွဲ့အစည်းသည် ယီမင်နိုင်ငံမြောက်ပိုင်း အရင်းအမြစ်အများစုကို ထိန်းချုပ်ထားခြင်း၊ ထိန်းချုပ်သည့်ဒေသ အများစုမှာ လူဦးရေသိပ်သည်းသည့် ဒေသများဖြစ်သည့်အပြင် ရေနံမှောင်ခိုသယ်ဆောင်မှုနှင့် လက်နက်တရားမဝင်ရောင်းဝယ်မှုများ လုပ်ဆောင်နိုင်ခြင်းတို့ကို ထည့်သွင်းစဉ်းစားကြည့်ပါက ဟူသီလက်နက်ကိုင်များသည် အနာဂတ်တွင် ငွေကြေးအရင်းအမြစ် ရှားပါးမည်မဟုတ်ကြောင်း ယီမင်နိုင်ငံ ဆန်းနာတက္ကသိုလ် နိုင်ငံရေးသိပ္ပံ ပါမောက္ခ Barakis ကဆိုသည်။
ယီမင် လူသားချင်းစာနာထောက်ထားမှု အန္တရာယ် ဆိုးရွားလာနိုင်မည်လော
၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ထရမ့်အစိုးရက ဟူသီလက်နက်ကိုင်များကို “နိုင်ငံခြား အကြမ်းဖက်အဖွဲ့အစည်း” နှင့် “အထူးသတ်မှတ်ထားသော ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားများ” အုပ်စုအဖြစ် သတ်မှတ်ခဲ့သည်။ ယင်းနှစ် ဖေဖော်ဝါရီတွင် အသစ်ဖွဲ့စည်းသော ဘိုင်ဒန်အစိုးရက ယီမင် လူသားချင်းစာနာထောက်ထားမှု အခြေအနေ ဆိုးရွားသည်ဟူသော အကြောင်းပြချက်ဖြင့် ဟူသီလက်နက်ကိုင်များကို “နိုင်ငံခြား အကြမ်းဖက်အဖွဲ့အစည်း” နှင့် “အထူးသတ်မှတ်ထားသော ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားများ” အုပ်စုအဖြစ် သတ်မှတ်ထားခြင်းမှ ပယ်ဖျက်ခဲ့သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီတွင် ဘိုင်ဒန်အစိုးရက ယီမင် ဟူသီလက်နက်ကိုင်များကို “အထူးသတ်မှတ်ထားသော ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားများ” အုပ်စုအဖြစ် ပြန်လည်သတ်မှတ်ခဲ့သော်လည်း ၎င်းတို့ကို “နိုင်ငံခြား အကြမ်းဖက်အဖွဲ့အစည်း” အဖြစ် ပြန်လည်သတ်မှတ်ခြင်းမရှိပေ။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာပညာရှင်များ၏ ပြောကြားချက်အရ အမေရိကန်က “နိုင်ငံခြား အကြမ်းဖက်အဖွဲ့အစည်း” အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအင်အားသည် “အထူးသတ်မှတ်ထားသော ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားများ” အုပ်စုကို ပိတ်ဆို့အရေးယူမှုထက် ပိုမိုကြီးမားကြောင်း သိရသည်။
ဟူသီလက်နက်ကိုင်များက “အကြမ်းဖက်အဖွဲ့အစည်း” အဖြစ် နာမည်တပ်ခံရခြင်းသည် ယီမင်ဒေသတွင်း လူသားချင်း စာနာထောက်ထားမှု အကျပ်အတည်းကို တစ်ဆင့်တိုး ဆိုးရွားလာစေနိုင်သည်ဟု Barakis က ဆိုသည်။ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မည်ကို စိုးရိမ်သဖြင့် နိုင်ငံတကာအဖွဲ့အစည်းအများအပြားက ကူညီရေးလှုပ်ရှားမှုများ လျှော့ချခြင်း သို့မဟုတ် ရပ်ဆိုင်းခြင်းများ လုပ်ဆောင်လာနိုင်ကြောင်း၊ ယီမင်သည် ပြင်းထန်သော လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းကို ဖြတ်သန်းနေရပြီး အသစ်တိုးသည့် ဒဏ်ခတ်အရေးယူမှုကြောင့် ပိုမိုများပြားသည့် မိသားစုများ ငတ်မွတ်ဆာလောင်မှုနှင့် ဆင်းရဲနွမ်းပါးမှုများ ကြုံတွေ့လာရနိုင်ပြီး ကလေးသူငယ်နှင့် ထိလွယ်ရှလွယ်သောလူအုပ်စု၏ အခြေအနေသည်လည်း အထူးစိုးရိမ်ဖွယ် ဖြစ်စေနိုင်ကြောင်း ၎င်းကဆိုသည်။
ဟူသီလက်နက်ကိုင်များသည် ဖိအားရင်ဆိုင်ရခြင်းကြောင့် ယီမင်အစိုးရတပ်၊ ဆော်ဒီအာရေဗျ စသည်တို့ကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ အပါအဝင် ပိုမိုပြင်းထန်သည့် စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လာနိုင်ကြောင်း၊ ယင်းကြောင့် သာမန်ပြည်သူများ၏ လူနေမှုဘဝသည် အန္တရာယ်ပိုမိုမြင့်မားလာနိုင်ကြောင်း လေ့လာသုံးသပ်သူများက ယူဆကြသည်။ ရေရှည်အရကြည့်ပါက အမေရိကန်အစိုးရ၏ အဆိုပါဆုံးဖြတ်ချက်ကြောင့် ပိုမိုများပြားသည့် သာမန်ပြည်သူများက ပြင်းထန်သောပေးဆပ်မှုများ ပေးရနိုင်စေသည်ဟု ၎င်းတို့က ယူဆကြသည်။
ဒေသတွင်းအခြေအနေအပေါ် မည်သည့်သက်ရောက်မှုရှိမည်နည်း
အမေရိကန်၏ အဆိုပါလုပ်ရပ်အား ဆော်ဒီအာရေဗျအပေါ် ထောက်ခံအားပေးမှုအဖြစ် ယူဆနိုင်ပြီး အမေရိကန်က အရှေ့အလယ်ပိုင်းဒေသတွင် ပထဝီနိုင်ငံရေးအနေအထားအား ပြန်လည်ခိုင်မြဲအောင် လုပ်ဆောင်သည့် အစီအမံများအနက် တစ်ခုဖြစ်နိုင်သည်ဟု Mustafa Naji က ယူဆသည်။ အဆိုပါလုပ်ရပ်သည် ဆော်ဒီအာရေဗျနှင့် အီရန်၏ ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို တိုက်ရိုက် သက်ရောက်မှုရှိနိုင်ကြောင်း၊ အနာဂတ်တွင် ဆော်ဒီအာရေဗျသည် ဟူသီလက်နက်ကိုင်များအပေါ် စစ်ရေးထိုးနှက်မှုမြှင့်တင်ခြင်း အပါအဝင် ပိုမိုတင်းမာသည့်သဘောထားများ လုပ်ဆောင်လာနိုင်သည်ဟု ၎င်းကဆိုသည်။
ဟူသီလက်နက်ကိုင်များသည် အနာဂတ်တွင် အီရန် စသည်တို့နှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းဖြင့် ဒေသတွင်း ပထဝီနိုင်ငံရေး အခြေအနေ ပိုမိုရှုပ်ထွေးလာအောင် လုပ်ဆောင်နိုင်သည်ဟု Mustafa Naji က ဆိုသည်။ အီရန်သည် အနာဂတ်တွင် စစ်ရေးနှင့် စီးပွားရေးကဏ္ဍ၌ ဟူသီလက်နက်ကိုင်များအပေါ် ထောက်ခံအားပေးမှု အင်အားကို မြှင့်တင်လာနိုင်ပြီး ထိုမှတစ်ဆင့် အမေရိကန်-အီရန်၏ တင်းမာနေသော ဆက်ဆံရေးကို ပိုမိုဆိုးရွားလာစေနိုင်ကြောင်း ၎င်းကဆိုသည်။
အနာဂတ်တွင် ဒေသတွင်းပဋိပက္ခ အရှိန်မြင့်တက်လာမှုနှင့် ကိုယ်စားပြုစစ်ပွဲ (Proxy War) များ ဆိုးရွားလာသည့် ဖြစ်နိုင်ခြေ ပိုမိုတိုးမြင့်လာကြောင်း၊ အရှေ့အလယ်ပိုင်းဒေသ၏ မသေချာမှုများ တိုးပွားလာမှုသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအပေါ် သက်ရောက်မှုရှိနိုင်သည်ဟု Barakis က ထောက်ပြခဲ့သည်။ ထို့ပြင် ယီမင်၏ ပထဝီတည်နေရာသည် အရေးပါသော နိုင်ငံတကာ ရေကြောင်းပို့ဆောင်ရေးလမ်းကြောင်း Mandab ပင်လယ်ရေလက်ကြားအနီးတစ်ဝိုက်တွင် တည်ရှိနေပြီး ပင်လယ်ကွေ့နိုင်ငံများက အဓိကစွမ်းအင်တင်ပို့သူနိုင်ငံများအနေဖြင့် ဒေသတွင်း မတည်ငြိမ်မှုသည်လည်း နိုင်ငံတကာစွမ်းအင် ထောက်ပံ့လုံခြုံရေးနှင့် ကမ္ဘာ့ကုန်သွယ်ရေးအပေါ် အကျိုးသက်ရောက်မှုရှိကြောင်း ၎င်းကဆိုသည်။ (Xinhua)
————————-
(Chinese Version)
热点问答丨美再次将胡塞武装列为“恐怖组织”影响几何
新华社开罗1月24日电 新华社记者尹炣 汪强
美国白宫22日宣布,将也门胡塞武装重新认定为“外国恐怖组织”。美方此举可能对胡塞武装、也门局势乃至中东局势有哪些影响?
对胡塞武装有何影响
美国白宫22日宣布,总统特朗普签署行政令,将也门胡塞武装重新认定为“外国恐怖组织”。白宫当天发布的一份声明说,这项行政令推翻了前总统拜登4年前将胡塞武装从“外国恐怖组织”名单中移除的行政令,拜登政府对胡塞武装的“软弱政策”导致其任内该武装数十次朝美国军舰开火、多次袭击“伙伴国家”民用基础设施、逾百次袭击往来于曼德海峡的国际商船。
在白宫发布声明后,胡塞武装23日晚逮捕至少7名为联合国儿童基金会、世界粮食计划署等联合国机构工作的也门雇员,并称逮捕了与美国中央情报局有关联的“美以间谍网络的关键成员”。
也门战略事务研究员穆斯塔法·纳吉认为,特朗普政府的做法意在进一步降低胡塞武装的国际声誉并使其被“外交孤立”,但近几个月来,胡塞武装以“为加沙人民伸张正义”为口号对抗美国及其盟友,且军事行动目标明确,让该组织获得阿拉伯国家民众尤其是什叶派穆斯林的支持,预计这种支持不会被轻易动摇。
纳吉表示,胡塞武装未来可能会借美国此举进一步激发支持者的民族主义情绪,宣传该组织是“反抗外部干预”的力量,巩固自身影响力。
也门萨那大学政治学教授巴勒基斯说,美国未来可能在“反恐”大旗下强化对胡塞武装的经济封锁,不过考虑到该组织控制也门北部大部分资源,控制区内多为人口稠密地区,甚至可进行石油走私或武器非法交易,胡塞武装未来依旧不乏资金来源。
也门人道主义危机会恶化吗
2021年1月,特朗普政府将胡塞武装列为“外国恐怖组织”和“特别认定全球恐怖分子”实体。同年2月,新上台的拜登政府以也门人道主义形势严峻为由,撤销把胡塞武装列为“外国恐怖组织”和“特别认定全球恐怖分子”实体的认定。2024年1月,拜登政府宣布将也门胡塞武装重新列为“特别认定全球恐怖分子”实体,但未恢复对其“外国恐怖组织”的认定。
按照美国务院和相关专家说法,美国对“外国恐怖组织”的制裁力度比“特别认定全球恐怖分子”实体更大。
巴勒基斯表示,胡塞武装的“恐怖组织”标签可能会造成也门当地人道主义危机进一步恶化。因担忧美国制裁,许多国际组织可能缩减或停止援助行动。也门正经历严重的人道主义危机,新增制裁可能导致更多家庭陷入饥饿和贫困,儿童和弱势群体的处境尤其堪忧。
分析人士认为,胡塞武装可能因面临压力而采取更加激进的军事行动,包括针对也门政府军、沙特阿拉伯等的袭击,这可能导致将普通民众的生活置于更高风险之中。美国政府的这一决定从长远来看可能导致更多平民付出沉重代价。
对地区局势有何影响
纳吉认为,美国此举或被视为对沙特的支持,可能是美国试图在中东重新巩固地缘政治地位的举措之一。他说,此举很可能直接影响沙特与伊朗的和解进程,未来沙特可能采取更强硬的立场,包括加大对胡塞武装的军事打击力度。
纳吉还说,胡塞武装或将加强与伊朗等的合作,令区域地缘政治局势更加复杂。伊朗未来可能在军事和经济层面加大对胡塞武装的支持力度,从而加剧美伊紧张关系。
巴勒基斯指出,未来地区冲突升级和代理人战争加剧的可能性进一步加大,中东地区不确定性增加将影响外国直接投资。此外,也门的地理位置邻近重要的国际航运通道曼德海峡,海湾国家作为主要能源出口国,地区不确定性增加也会影响国际能源供应安全和全球贸易。(完)