Connect with us

North America

အမေရိကန် ခရီးသည်တင်လေယာဉ်နှင့် စစ်ရဟတ်ယာဉ်မတိုက်မိခင် လေဆိပ်ထိန်းချုပ်မျှော်စင်နှင့် ဆက်သွယ်ပြောဆိုမှုကို အမေရိကန်မီဒီယာထုတ်ပြန်

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ ရေဂင်အမျိုးသားလေဆိပ် အနီးတစ်ဝိုက်တွင် အရေးပေါ်ကယ်ဆယ်ရေးယာဉ်များက ခရီးသည်တင်လေယာဉ် ပျက်ကျသော အခင်းဖြစ်ရာနေရာ၌ အသင့်စောင့်ဆိုင်းနေသည်ကို ဇန်နဝါရီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

အမေရိကန် ဒေသစံတော်ချိန် ဇန်နဝါရီ ၂၉ ရက် ညပိုင်းတွင် ခရီးသည်တင်လေယာဉ်တစ်စင်းသည် အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ ရေဂင်အမျိုးသားလေဆိပ်၌ ဆင်းသက်နေစဉ် “Black Hawk” စစ်ရဟတ်ယာဉ်နှင့် တိုက်မိပြီး မြစ်ထဲသို့ပျက်ကျခဲ့သည်။ ခရီးသည်တင်လေယာဉ်ပေါ်တွင် ခရီးသည် ၆၄ ဦး ပါဝင်ကြောင်း သိရသည်။ အဆိုပါ လေယာဉ်နှစ်စင်း မတိုက်မိခင် လေဆိပ်ထိန်းချုပ်မျှော်စင်နှင့် စစ်ရဟတ်ယာဉ်ကြား ဆက်သွယ်မှုအခြေအနေကို အမေရိကန်မီဒီယာများက ဇန်နဝါရီ ၃၀ ရက်တွင် ဖော်ပြခဲ့သည်။
ယင်းလေယာဉ်နှစ်စင်း မတိုက်မိခင် စက္ကန့် ၃၀ ခန့်အလိုတွင် လေဆိပ်ထိန်းချုပ်မျှော်စင်ဝန်ထမ်းက ရဟတ်ယာဉ်ကို အရှေ့တွင် ခရီးသည်တင်လေယာဉ်အား တွေ့မြင်ခြင်းရှိမရှိ မေးမြန်းခဲ့ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။ ရဟတ်ယာဉ်သည် ခရီးသည်တင်လေယာဉ် အနောက်ဘက်မှ ဖြတ်သန်းသွားမည်ဟုလည်း လေဆိပ်ထိန်းချုပ်မျှော်စင်ဝန်ထမ်းက ဆက်လက်ပြောကြားခဲ့သည်။ ထို့နောက် လေယာဉ်နှစ်စင်း တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီဆိုးရွားလှတဲ့အခြေအနေက အမှန်ကတော့ ရှောင်ရှားနိုင်သယောင်ရှိပါတယ်။ မကောင်းပါဘူး” ဟု အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ အမေရိကန်နိုင်ငံသမ္မတ ထရမ့်က ဇန်နဝါရီ ၃၀ ရက် ညပိုင်းတွင် သဘောထား ထုတ်ပြန်ခဲ့သည်။
“ဘာလို့ ရဟတ်ယာဉ်က အမြင့်ကိုပျံသန်းတာ ဒါမှမဟုတ် အောက်ဆင်းတာ မလုပ်တာလဲ။ ဘာလို့ မကွေ့တာလဲ။ ဘာလို့ လေဆိပ်ထိန်းချုပ်မျှော်စင်က ရဟတ်ယာဉ်ကို ဘယ်လိုလုပ်ရမလဲ မပြောပြဘဲ ခရီးသည်တင်လေယာဉ်ကို မြင်ရသလား မေးရတာလဲ” ဟု ထရမ့်က လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
ခရီးသည်တင်လေယာဉ် ဆင်းသက်နေစဉ် ရဟတ်ယာဉ်က အနောက်ဘက်ခြမ်းမှ ခရီးသည်တင်လေယာဉ်ကို တိုက်မိပြီး လေယာဉ်နှစ်စင်းက ညကောင်းကင်တွင် မီးလုံးကြီးပမာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း လူမှုမီဒီယာပေါ်တွင် ပျံ့နှံ့နေသည့် ဗီဒီယိုအရသိရသည်။
ခရီးသည်တင်လေယာဉ်ပေါ်တွင် လူ ၆၄ ဦး လိုက်ပါသွားကြောင်း သိရသည်။ လက်ရှိတွင် မြစ်ထဲမှ သေဆုံးသူ ၁၈ ဦး၏ ရုပ်အလောင်းများကို ဆယ်ယူရရှိပြီးဖြစ်ကာ လက်ရှိအခင်းဖြစ်ရာနေရာတွင် လူပေါင်း ၃၀၀ ကျော် ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်လျက်ရှိကြောင်း၊ ကယ်ဆယ်ရေးအခြေအနေ ခက်ခဲဆိုးရွားလျက်ရှိကာ လက်ရှိအထိ အသက်ရှင်ကျန်ရစ်သူ မတွေ့ရှိရသေးကြောင်း အမေရိကန်မီဒီယာများက သတင်းဖော်ပြထားသည်။ (Xinhua)

………………….
(Chinese Version)
美媒公布两机相撞前机场塔台通话
新华社华盛顿1月30日电 当地时间29日晚,一架客机在美国首都华盛顿里根国家机场降落过程中,与一架军方“黑鹰”直升机相撞后坠河。美国媒体30日公布了两机相撞前机场塔台与直升机通话情况。
报道说,两机相撞前不到30秒,机场塔台人员曾发问,直升机是否看到前方客机。塔台人员接着又说,直升机从客机后方经过。随即,两机相撞。
美国总统特朗普30日凌晨就此事表态说:“这个糟糕的局面看似本可以避免。不好!!!”
特朗普在社交媒体上写道,“为什么直升机不上升或下降,也不转弯。为什么机场塔台不告诉直升机该怎么做,而是问他们是不是看到客机”。
社交媒体上传播的视频显示,客机在降落过程中,直升机从后方撞上客机,两机在夜空中爆炸成巨大火球。
客机上载有64人。据美国媒体报道,已从河中打捞出18具遇难者遗体,目前现场有300多人在开展救援,救援条件恶劣,尚未发现生还者。(完)
图说:1月29日,在美国华盛顿里根国家机场附近,应急车辆在客机坠河事故现场待命。新华社记者 胡友松 摄