Culture & Entertainment
ရှန်ဟိုင်းမြို့ ယွိယွမ်ဥယျာဉ်တွင် နှစ် ၃၀ ပြည့် မီးပုံးပွဲတော်ကျင်းပ
ရှန်ဟိုင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် ရှန်ဟိုင်းမြို့ ယွိယွမ်ဥယျာဉ်မီးပုံးပွဲတော်ကို ဇန်နဝါရီလ ၁ ရက် ညပိုင်းတွင် မီးထွန်းကာ စတင်ကျင်းပခဲ့သည်။ ရှန်ဟိုင်းမြို့ ယွိယွမ်မီးပုံးပွဲတော်သည် ယခုနှစ်တွင် နှစ် ၃၀ ပြည့်ခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ် ရှန်ဟိုင်းမြို့ ယွိယွမ်ဥယျာဉ်မီးပုံးပွဲတော်သည်လည်း ၂၀၂၄ ခုနှစ်၏ “ယွိယွမ်ဥယျာဉ် တောတောင်ရေမြေ ဂန္ထဝင်မှတ်တမ်း” ခေါင်းစဉ်ဖြင့် ဆက်လက်ကျင်းပသွားခြင်းဖြစ်ရာ မီးပုံးပွဲတော်တွင် တရုတ်ရာသီခွင်အကောင် “မြွေ” ၏ အကြီးစားမီးပုံးအုပ်စုများပါဝင်သလို “တောတောင်ရေမြေ ဂန္ထဝင်မှတ်တမ်း” ၌ တင်စားရေးသားသည့် ဒဏ္ဍာရီလာ သားရဲတိရစ္ဆာန်များ၊ အံ့ဖွယ်သစ်ပင်ပန်းမံများအတိုင်း ပြုလုပ်ထားသည့် အလှဆင်မီးပုံးအမျိုးမျိုးလည်း ပါဝင်ရာ ထွန်းလင်းတောက်ပသော မီးပုံးပင်လယ်ကြီးဖြင့် ကောင်းမွန်သော တရုတ်ရိုးရာယဉ်ကျေးမှု၏ ဆွဲဆောင်မှုကို ကမ္ဘာကြီးအား တင်ဆက်ပြသလျက်ရှိပေသည်။ (Xinhua)
————————
(Chinese Version)
亮灯了!上海豫园灯会迎来30岁“生曰”
【解说】1月1日晚,2025年上海豫园灯会正式亮灯。上海豫园灯会今年迎来30岁“生日”。2025年豫园灯会延续2024年“山海奇豫记”的主题,既有生肖蛇的大型灯组,也有各种以《山海经》中描述的灵兽猛禽、奇花异草为灵感制作的花灯,以璀璨灯海向世界展现中华优秀传统文化的魅力。
新华社记者张梦洁 上海报道。(完)
图说1:2025年1月1日拍摄的豫园商城中心广场的生肖蛇年主题灯组。
图说2:2025年1月1日在豫园商城出入口拍摄的彩灯。
图说3:2025年1月1日,人们在豫园九曲桥上赏灯。