Connect with us

Africa & Middle East

၂၀၂၅ ခုနှစ် ကမ္ဘာတွင် ဂရုပြုရမည့် အမေးပုစ္ဆာ ၆ ရပ်

ဂါဇာကမ်းမြောင်ဒေသ တောင်ဘက် ရာဖာမြို့ အဆောက်အအုံ အပျက်အစီးများကြားတွင် ထိုင်နေသော ပါလက်စတိုင်း မိန်းကလေးတစ်ဦးအား ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)
၂၀၂၄ ခုနှစ်တွင် ကမ္ဘာကြီးသည် ပြောင်းလဲရှုပ်ထွေးပြီး မငြိမ်မသက်လှုပ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ဂါဇာဒေသစစ်မက်မီးလျှံများ အဆက်မပြတ် ပြင်ပသို့ ယိုလျှံလောင်ကျွမ်းလာမှု၊ ရုရှား-ယူကရိန်းပဋိပက္ခ ကာလတာရှည် ပိုမိုဆိုးရွားလာမှု၊ ဖွံ့ဖြိုးပြီးနိုင်ငံအများအပြား နိုင်ငံရေးအခြေအနေ ပြောင်းလဲမှု၊ ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့ရန် ခက်ခဲမှု၊ ရာသီဥတုပြောင်းလဲမှု ပြဿနာ တစ်နေ့တခြားဆိုးရွားလာမှု …စသည်တို့ ဖြစ်ပွားခဲ့ရာ ၂၀၂၅ ခုနှစ်တွင် အဆိုပါပြဿနာများက မည်ကဲ့သို့ ဆက်လက် ပြောင်းလဲ၍ မည်ကဲ့သို့ သက်ရောက်မှုများ ရှိလာမည်နည်း။

ဆက်လက်စောင့်ကြည့်ရန် အကြောင်းအရာ (၁) – အရှေ့အလယ်ပိုင်း ရှုပ်ထွေးသည့်အခြေအနေများ အဘယ်သို့ ဦးတည်မည်နည်း

ပါလက်စတိုင်း-အစ္စရေးပဋိပက္ခ အသစ်တစ်ဖန် ဖြစ်ပွားနေသည်မှာ အချိန်အားဖြင့် တစ်နှစ်ကျော်ရှိပြီဖြစ်ပြီး ဂါဇာကမ်းမြောင်ဒေသပြည်သူများ အလွန်အမင်း အကျပ်အတည်းမှုများနှင့် ရင်ဆိုင်နေရကာ စစ်မက်မီးလျှံများ အဆက်မပြတ် အရှိန်မြင့်တက်၍ ပြင်ပသို့ ယိုလျှံသက်ရောက်လျက်ရှိသည်။ တစ်နှစ်တာအတွင်း အစ္စရေးနှင့် အီရန်တို့သည် တစ်ဖက်၏ပိုင်နက်မြေကို တိုက်ရိုက်အပြန်အလှန်တိုက်ခိုက်လာသည်။ အစ္စရေးစစ်တပ်က လက်ဘနွန် ဟစ်ဇ်ဘိုလာများအပေါ် အကြီးစားတိုက်ခိုက်မှုများ လုပ်ဆောင်၍ လက်ဘနွန်တောင်ပိုင်းမြေပြင်သို့ ကျူးကျော်ဝင်ရောက်ကာ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လာသည်။ ယီမင်ဟူသီလက်နက်ကိုင်များက အစ္စရေးပြည်တွင်းနှင့် ပင်လယ်နီပင်လယ်ပြင်ရှိ အမေရိကန်နှင့် အနောက်တိုင်းစစ်သင်္ဘောများထံသို့ ဒုံးကျည်၊ ဒရုန်းများ မကြာခဏ ပစ်လွှတ်လာသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာတွင် ဆီးရီးယား ဘာရှာ အယ်လ်အစိုးရသည် ၎င်း၏စွမ်းဆောင်ရည်ပျော့ညံ့မှုနှင့် ပြင်ပမှထောက်ပံ့ကူညီမှုများ လျော့နည်းလာခြင်းကြောင့် အတိုက်အခံ လက်နက်ကိုင်အင်အားစုများ၏ ဖြုတ်ချခြင်းခံခဲ့ရသည်။

လက်ရှိတွင် လက်ဘနွန်-အစ္စရေး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင်အသက်ဝင်သည်မှာ တစ်လကျော်ပြီဖြစ်သော်လည်း နှစ်ဖက်က မကြာခဏ ပစ်ခတ်မှုများ ရှိနေဆဲဖြစ်သဖြင့် သဘောတူညီချက်အား ထိန်းသိမ်းထားနိုင်မည်လောဆိုသည့်အပေါ် သံသယများရှိနေဆဲဖြစ်သည်။ အစ္စရေးနှင့် ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) အကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးညှိနှိုင်းမှုသည် “သဘောတူညီချက် ရလုနီးပါး” ဟုအကြိမ်များစွာ ဆိုသော်လည်း ရလဒ်မရရှိသေးပေ။ မည်သည့်အချိန်မှသာ အမှန်တကယ် အပစ်အခတ် ရပ်စဲနိုင်မည်နည်းကိုလည်း မသိရပေ။ လက်ဘနွန် ဟစ်ဇ်ဘိုလာများက စစ်ရေးစွမ်းရည် ထိခိုက်လာပြီး ဆီးရီးယား ဘာရှာ အယ်လ်အစိုးရ ပြုတ်ကျသွားသည်နှင့်အမျှ အစ္စရေးက ဟူသီလက်နက်ကိုင်များအပေါ် အကြီးစားစစ်ရေးလှုပ်ရှားမှု လုပ်ဆောင်လာနိုင်သည့် ဖြစ်နိုင်ခြေကို ဖယ်ရှားထား၍မရပေ။ ဆီးရီးယားနိုင်ငံအစိုးရသစ်ကို တည်ဆောက်ဆဲဖြစ်ရာ အင်အားစုအသီးသီးက အပြင်ပန်းတွင် လွန်ဆွဲကာ ဒေသတွင်းနှင့် ဒေသပြင်ပနိုင်ငံကြီးများက နောက်ကွယ်၌ အားပြိုင်နေသောအခြေအနေတွင် “တစ်မနက်အတွင်း မိုးနှင့်မြေ ပြောင်းလဲ” သွားမည့် ဆီးရီးယားနိုင်ငံ၏ အနာဂတ်လားရာကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။

ဆက်လက်စောင့်ကြည့်ရန် အကြောင်းအရာ (၂) – အမေရိကန်၏ပြောင်းလဲသည့် အကျိုးသက်ရောက်မှုက မည်ကဲ့သို့ဖြစ်မည်နည်း

အမေရိကန်အစိုးရသစ်သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင် အာဏာယူအုပ်ချုပ်မည်ဖြစ်သဖြင့် ၎င်း၏ပြည်တွင်းပြည်ပမူဝါဒများက ကမ္ဘာအပေါ် ပိုမိုကြီးမားသည့် ရိုက်ခတ်မှုများ သယ်ဆောင်လာနိုင်သည်။

အမေရိကန်အစိုးရသစ်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပဲရစ်သဘောတူညီချက်မှ နုတ်ထွက်ခြင်းတို့အပါအဝင် အရေးပါနိုင်ငံတကာအဖွဲ့အစည်းနှင့် စာချုပ်များမှ နုတ်ထွက်မည်ဟု ထပ်မံကြေညာလာနိုင်ပြီး အမေရိကန်ကဦးဆောင်သည့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) ပင်လျှင် နုတ်ထွက်မည့်စာရင်း၌ ပါဝင်လာနိုင်သည်ဟု လေ့လာသူအများအပြားက ယူဆကြသည်။

အမေရိကန်အစိုးရသစ်သည် အကောက်ခွန်ကို “နေရာစုံသုံးနိုင်သော” မူဝါဒ အသုံးချလက်ကိုင်တုတ်အဖြစ် ယူဆလာနိုင်သည်။ အမေရိကန်အပေါ် ပမာဏကြီးမားသည့် ကုန်သွယ်မှုပိုငွေအား “လျော်ပေး” ရန်အတွက် ဥရောပသမဂ္ဂသည် အမေရိကန်မှ ရေနံနှင့်သဘာဝဓာတ်ငွေ့ကို မဖြစ်နေ ဝယ်ယူရမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက “စည်းကြပ်ခွန်လာတော့မယ်” ဟု အမေရိကန် ရွေးကောက်ခံသမ္မတ ထရမ့်က မကြာသေးမီက ထုတ်ဖော်ပြောကြားခဲ့သည်။ တာဝန်စတင်ထမ်းဆောင်သည့်နေ့တွင် မက္ကဆီကို၊ ကနေဒါမှ တင်သွင်းသော ကုန်ပစ္စည်းများအားလုံးအပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းတိုးမြင့်သတ်မှတ်မည်ဟုလည်း ၎င်းက မြောက်အမေရိကတိုက်မှ အိမ်နီးချင်းနိုင်ငံများကို ခြိမ်းခြောက်ခဲ့သည်။ ထရမ့်က တရုတ်နိုင်ငံမှတင်သွင်းသော ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန်များ ထပ်တိုးသတ်မှတ်မည်ဟုလည်း အကြိမ်များစွာထုတ်ဖော်ပြောကြားခဲ့ဖူးသည်။ အမေရိကန်သည် ဘက်ပေါင်းစုံ၏ ကန့်ကွက်မှုကိုမငဲ့ကွက်ဘဲ ကုန်သွယ်ရေးမိတ်ဖက်များအပေါ် အလွန်အကျွံ စည်းကြပ်ခွန် တိုးမြှင့်သတ်မှတ်ပါက ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားစေနိုင်ပြီး တစ်ကမ္ဘာလုံးစီးပွားရေးကို ထိခိုက်စေနိုင်သည်ဟု လေ့လာသူများက ယူဆကြသည်။

ထို့ပြင် ထရမ့်က ကနေဒါသည် အမေရိကန်၏ “၅၁ ခုမြောက် ပြည်နယ်” ဖြစ်နိုင်သည် ဟုပင်ဆိုပြီး ဒိန်းမတ်၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပိုင်နက်မြေ ဂရင်းလန်းကျွန်း၏ ပိုင်ဆိုင်ခွင့်နှင့် ထိန်းချုပ်ခွင့်အား ရယူရန် “လုံးဝဥဿုံ မဖြစ်မနေလိုအပ်သည်” ဟုပင် ကြေညာခဲ့သည်။ ထိုကဲ့သို့ သဘောထားများ ထုတ်ဖော်ပြောကြားမှုများကြောင့် မဟာမိတ်အဖွဲ့ဝင်များက “အတ္တလန္တိတ် သမုဒ္ဒရာဖြတ်ကျော် မဟာမိတ်” မှ “အတ္တလန္တိတ် သမုဒ္ဒရာဖြတ်ကျော် ပြိုင်ဘက်” ဖြစ်သွားမည်ကို စိုးရိမ်လာသည်။

ဆက်လက်စောင့်ကြည့်ရန် အကြောင်းအရာ (၃) - ရုရှား-ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးမှု မရေမရာဖြစ်နေ

ရုရှား-ယူကရိန်းပဋိပက္ခ ဆက်တိုက်ဖြစ်ပွားနေသည်မှာ ၃ နှစ်နီးပါးရှိပြီဖြစ်သည်။ လွန်ခဲ့သည့် တစ်နှစ်အတွင်း ပဋိပက္ခပြင်းထန်နေခဲ့ရာ ယူကရိန်းစစ်တပ်က ရုရှားဒေသတွင်းကို ရုတ်တရက်ဝင်တိုက်ခိုက်ပြီး ရုရှားစစ်တပ်က ယူကရိန်းအရှေ့ပိုင်းသို့ ဝင်ရောက်လာသဖြင့် နှစ်ဖက်အပြန်အလှန် တိုက်ခိုက်မှုအတိုင်းအတာသည် တိုးချဲ့လာသည့် အခြေအနေတွင်ရှိသည်။ အမေရိကန်နှင့် အနောက်နိုင်ငံများက ယူကရိန်းထံသို့ စစ်ရေးအကူအညီများ ဆက်လက်ထောက်ပံ့ပေးသည့်အပြင် ယူကရိန်းအား တာဝေးပစ်လက်နက်များ အသုံးပြုမှု ကန့်သတ်ချက်များကိုလည်း ဖြေလျှော့ပေးလိုက်သည်။ ရုရှားကမူ နျူကလီးယား ခြိမ်းခြောက်မှုမူဝါဒကို အသစ်ထုတ်ပြန်ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။ ထရမ့် သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်ပြီးနောက် အမေရိကန်သည် ရုရှား-ယူကရိန်းပဋိပက္ခအပေါ် ထားရှိသည့် မူဝါဒသဘောထား ပြောင်းလဲလာမည်လော။ ထရမ့်က ၎င်းစတင်တာဝန်ထမ်းဆောင်ပြီးနောက် ရုရှား-ယူကရိန်း နှစ်ဖက် ပဋိပက္ခရပ်စဲရေးကို ချက်ချင်းစတင် ဖော်ဆောင်မည်ဟု ပြောကြားခဲ့သည်။ ယူကရိန်းအပေါ် ထောက်ပံ့ကူညီပေးမှုကို အပေးအယူအနေဖြင့် ရုရှား-ယူကရိန်း နှစ်ဖက်ငြိမ်းချမ်းရေးဆွေးနွေးမှုကို ဖော်ဆောင်သွားမည်ဟုလည်း ၎င်းက လတ်တလောတွင် မီဒီယာများကို ပြောကြားခဲ့သည်။ ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်နှင့် ထရမ့်တို့က ရုရှား-ယူကရိန်းအရေးကိစ္စအား မျက်နှာချင်းဆိုင်ဆွေးနွေးသွားရန် ဆန္ဒရှိကြောင်း လတ်တလောကာလအတွင်း ထုတ်ဖော်ပြောကြားခဲ့သလို ရုရှား-ယူကရိန်း နှစ်ဖက်ကလည်း တွေ့ဆုံဆွေးနွေးမှုအပေါ် တံခါးဖွင့်ထားသည့် သဘောထားရှိကြောင်း မကြာသေးမီက အချက်ပြလာကြသည်။

သို့သော် ရုရှား-ယူကရိန်း နှစ်ဖက်ဆွေးနွေးသည့်တောင်းဆိုချက်သည် သိသိသာသာ ကွာခြားမှုရှိနေသည်။ ရုရှားက စစ်မြေပြင်တွင် အားသာချက်များရယူနေပြီး ယူကရိန်းကမူ အနောက်တိုင်း၏ ထောက်ခံအားပေးမှုကို ဆက်လက်ရယူနေသည်။ ရုရှား-ယူကရိန်းက ဆွေးနွေးမှုစတင်၍ အပြန်အလှန်လိုက်လျောနိုင်မည်လောဆိုသည်မှာ နှစ်ဖက်၏ စစ်မြေပြင်အနေအထားပေါ်တွင် မူတည်သွားမည်ဖြစ်သည်။ အမေရိကန်နှင့် ၎င်း၏ဥရောပတိုက် မဟာမိတ်များက ယူကရိန်းအပေါ်သဘောထားနှင့် ယူကရိန်းအား ထောက်ပံ့ကူညီမှုအတိုင်းအတာသည် စစ်ပွဲအခြေအနေနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုအပေါ် တိုက်ရိုက်သက်ရောက်မှုရှိနိုင်သည်။

   
ဆက်လက်စောင့်ကြည့်ရန် အကြောင်းအရာ (၄)- နိုင်ငံပေါင်းစုံ၏ နိုင်ငံရေးအခြေအနေ မည်သို့ ပြောင်းလဲမည်နည်း 

၂၀၂၄ ခုနှစ်တွင် ဖွံ့ဖြိုးပြီးနိုင်ငံအများအပြား၏ နိုင်ငံရေးအခြေအနေ ပြောင်းလဲမှုများဖြစ်ပေါ်ခဲ့သည်။ ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်လက်ထက်တွင် ဝန်ကြီးချုပ် ၃ ကြိမ်ပြောင်းခဲ့ရာ ပြင်သစ်နိုင်ငံရေးသည် ကြွေမွနေသည့်အခြေအနေသို့ ရောက်ရှိခဲ့သည်။ ဂျာမနီအာဏာရညွန့်ပေါင်းအဖွဲ့အတွင်း ပဋိပက္ခ ပြန်လည်သင့်မြတ်နိုင်ခြင်းမရှိသောကြောင့် နောက်ဆုံးတွင် ပြိုကွဲသွားခဲ့ရာ ဝန်ကြီးချုပ် Scholz မှာ လူနည်းစု အစိုးရ ခေါင်းဆောင်ဖြစ်လာသဖြင့် Bundestag လွှတ်တော်ရွေးကောက်ပွဲကြိုတင်ကျင်းပရန် ၎င်းကိုယ်တိုင်စတင်ကာ “နောက်ဆုတ်ပြီး ရှေ့တိုးရန် ပြင်ဆင်” သည့် သဘောဆောင်သော ကြိုးပမ်းမှုများပြုလုပ်ခဲ့သည်။ ဂျပန်အာဏာရညွန့်ပေါင်းအဖွဲ့သည် အောက်လွှတ်တော် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ရာ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာ ဦးဆောင်သော အစိုးရသည် လူနည်းစု အစိုးရ ဖြစ်လာခဲ့ရကာ ၎င်း၏ အုပ်ချုပ်ရေးအာဏာမှာ ပြင်းထန်သော ကန့်သတ်ချက်များနှင့် ရင်ဆိုင်ခဲ့ရသည်။ တောင်ကိုရီးယားနိုင်ငံ သမ္မတ ယွန်းဆက်ယိုကမူ “အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့်” ဂယက်ရိုက်ခတ်မှုကြောင့် လွှတ်တော်၏ စွဲချက်တင်ခြင်းခံနေရပြီး ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ၎င်း၏ ကံကြမ္မာကို ဆုံးဖြတ်မည်ဖြစ်သည်။

၂၀၂၅ ခုနှစ်တွင် ထိုနိုင်ငံများ၏ နိုင်ငံရေးအခြေအနေမှာ ဆက်လက်၍ မရေမရာရှိနေသည်။   အကျပ်အတည်းကာလတွင် ပြင်သစ်ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ခြင်းခံရသော Francois Bayrou က နိုင်ငံရေးအခြေအနေကို တည်ငြိမ်စေနိုင်မည်လော။ ဂျာမနီနိုင်ငံရေးအခင်းအကျင်းသည် ဖေဖော်ဝါရီလ Bundestag လွှတ်တော်ရွေးကောက်ပွဲအပြီးတွင် မည်သို့ပြောင်းလဲမှုများဖြစ်ပေါ်မည်နည်း။ အစိုးရအသစ်ကို အဆင်ချောမွေ့စွာ ဖွဲ့စည်းနိုင်မည်လော။ ဂျပန်နိုင်ငံ အီရှီဘာအစိုးရသည် အရေးကြီးသောမူဝါဒများတွင် အတိုက်အခံပါတီနှင့် သဘောတူညီချက်ရရှိနိုင်မည်လော။ ထို့အပြင် ဂျပန်အာဏာရညွန့်ပေါင်းအဖွဲ့သည် ၂၀၂၅ ခုနှစ် နွေရာသီ အထက်လွှတ်တော် ရွေးကောက်ပွဲ၌ အထက်လွှတ်တော် အမတ်နေရာအများစုကို ထိန်းထားနိုင်မည်လော။ တောင်ကိုရီယားနိုင်ငံအတွင်း ယွန်းဆက်ယိုအား ရာထူးမှနုတ်ထွက်ရန် တောင်းဆိုသံများ လျော့နည်းသွားခြင်းမရှိသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက သမ္မတအားဖယ်ရှားခြင်း ဆုံးဖြတ်ချက်ကို အတည်ပြုရန် သတ်မှတ်ချက်မှာ မြင့်မားခြင်းနှင့် အတိုက်အခံပါတီ၏ နာမည်ကျော် သမ္မတလောင်း၊ ဒီမိုကရက်တစ်ပါတီခေါင်းဆောင် Lee Jae-myung မှာလည်း အမှုရင်ဆိုင်နေရသောကြောင့် တောင်ကိုရီးဘားနိုင်ငံ အခြေအနေမှာ မရေရာလှပေဖြစ်သည်။

ဆက်လက်စောင့်ကြည့်ရန် အကြောင်းအရာ (၅)- ကမ္ဘာ့စီးပွားရေး ပြန်လည်ရှင်သန်လာမှု အလားအလာ မည်သို့ရှိသနည်း

၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေး ပြန်လည်ရှင်သန်လာမှု နှေးကွေးသောကြောင့် ငွေကြေးဖောင်းပွမှု ပြေလျော့ခဲ့ရာ ကုန်သွယ်ရေး ပြန်လည်တိုးတက်မှုရှိလာခဲ့သည်။ သိပ္ပံနှင့် နည်းပညာတီထွင်ဖန်တီးမှုမှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်ရေးကို တွန်းအားပေးလျက်ရှိသည့် အရေးကြီးသော ခွန်အားဖြစ်သည်။ လက်ရှိတွင် ဉာဏ်ရည်တု (AI)၊ စွမ်းအင်သစ် စသည့်ကဏ္ဍများ၏ နည်းပညာ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာမှုက ထုတ်လုပ်မှုအသွင်အသစ်၊ စီးပွားရေးပုံစံအသစ်များကို ဖော်ဆောင်နိုင်ခဲ့သည်သာမက သမားရိုးကျထုတ်လုပ်မှုလုပ်ငန်းများ၏ ဒစ်ဂျစ်တယ် အသွင်၊ အစိမ်းရောင်အသွင်ပြောင်းခြင်းကို တွန်းအားပေးကာ စီးပွားရေးတိုးတက်မှုအတွက် တွန်းအားသစ်၊ ထောက်ပံ့မှုအသစ် ဖြစ်စေသည်။

၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေး ပြန်လည်ကောင်းမွန်တိုးတက်လာမည်ဟု မျှော်မှန်းရသည်။ ၂၀၂၅ ခုနှစ် ကမ္ဘာ့စီးပွားရေးတိုးတက်နှုန်းမှာ ၃.၂ ရာခိုင်နှုန်းရှိမည်ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ယင်းမတိုင်မီ ခန့်မှန်းထားသည်။ ၂၀၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ GDP မှာ ၃.၃ ရာခိုင်နှုန်းခန့် တိုးတက်လာမည်ဟု ခန့်မှန်းထားကြောင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်သော စီးပွားရေးအလားအလာအစီရင်ခံစာ၌ ဖော်ပြခဲ့သည်။

တစ်ချိန်တည်းမှာပင် ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှု၊ နည်းပညာ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒများ စဉ်ဆက်မပြတ် ဆိုးရွားလာကာ အမေရိကန်စသည့် အနောက်နိုင်ငံတစ်ချို့သည် စီးပွားရေးပြဿနာကို အမျိုးသားလုံခြုံရေးအသွင်၊ နိုင်ငံရေးအသွင်ချဲ့ထွင်၍ “ကွင်းဆက် ပြတ်တောက်ခြင်း” ကို တွန်းအားပေးလုပ်ဆောင်ကြရာ နိုင်ငံတကာ လွတ်လပ်သောကုန်သွယ်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်မှုကွင်းဆက်၊ ကုန်စည်ထောက်ပံ့ရေးကွင်းဆက်တည်ငြိမ်ရေးကို ဆိုးရွားစွာ ထိခိုက်စေခဲ့သည်။ ရုရှာ-ယူကရိန်း ပဋိပက္ခ၊ အရှေ့အလယ်ပိုင်းစစ်ရေးများသည် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စွမ်းအင်အရင်းအမြစ် ထောက်ပံ့ရေးစသည့်တို့ကို အပျက်သဘောဆောင်သော ထိခိုက်မှုများ ဆက်လက်ဖြစ်ပေါ်စေသည်။ ကမ္ဘာ့စီးပွားရေးအနေဖြင့် ပြန်လည်ရှင်သန်လာမှု အရှိန်အဟုန်ကို တည်ငြိမ်စေနိုင်မည်လောဆိုသည်မှာ နိုင်ငံအသီးသီးက မူဝါဒပိုင်းတွင် အားဖြည့်ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်မည်လားအပေါ် များစွာမူတည်ကြောင်း ဘဏ္ဍာရေးအဖွဲ့အစည်းအများအပြားက ထောက်ပြခဲ့သည်။

ဆက်လက်စောင့်ကြည့်ရန် အကြောင်းအရာ (၆)- ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများ ရှေ့ဆက်တွန်းအားပေးနိုင်မည်လော

၂၀၂၄ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းနေရာအများအပြား၌ ဆိုးရွားသော မိုးခေါင်ရေရှားမှု၊ အသက်ဆုံးရှုံးစေလောက်သည့် ရေကြီးရေလျှံမှု၊ အပူချိန်မြင့်မားသော အပူလိုင်းများ၊ မုန်တိုင်းကပ်ဘေးများ ဖြစ်ပေါ်ခဲ့ရာ အစွန်းရောက် ရာသီဥတု ကြိမ်ဖန်များစွာဖြစ်ပွားခြင်းက လူသားများအား ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော ပြင်းထန်သည့်အကျိုးဆက်များကို ထပ်မံသတိပေးလျက်ရှိသည်။ ၂၀၂၄ ခုနှစ်သည် မှတ်တမ်းတင်ကာလတစ်လျှောက် အပူချိန်အမြင့်ဆုံးနှစ် ဖြစ်သည့်အပြင် ၂၀၂၄ ခုနှစ်အပါအဝင် လွန်ခဲ့သည့် ၁၀ နှစ်သည် မှတ်တမ်းတင်ကာလတစ်လျှောက် အပူဆုံး ၁၀ နှစ် ဖြစ်ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့(WMO) က နှစ်ကုန် သတင်းစာကြေညာချက်တွင် ဖော်ပြခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုအကျပ်အတည်းကို ကိုင်တွယ်ရာတွင် အဓိကအားဖြင့် “တူညီသော်လည်း ကွဲပြားသည့် တာဝန်ဝတ္တရား” မူစည်းမျဉ်းများကို ထိန်းသိမ်းပြီး နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို လက်ကိုင်ထားခြင်း၊ တစ်လှေတည်းစီး တစ်ခရီးတည်းသွားခြင်း၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးဖော်ဆောင်ခြင်းကို အခိုင်အမာဆောင်ရွက်ရမည်ဖြစ်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံများသည် ပိုမိုကြီးမားသော ရည်မှန်းချက်နှင့် လှုပ်ရှားမှုများကို ပြသသင့်ပြီး ကာဗွန်လျှော့ချမှုကို ဦးဆောင်လိုက်နာကာ ကာဗွန်ထုတ်လုပ်မှု မျှခြေအဆင့် ရောက်ရှိရေးအချိန်ကို ကြိုတင်ပြည့်မီရန် ဆောင်ရွက်သင့်သလို ဖွံ့ဖြိုးဆဲနိုင်ငံများကလည်း ၎င်းတို့၏ စွမ်းဆောင်နိုင်ရည်နှင့်အညီ အတတ်နိုင်ဆုံး ကြိုးပမ်းရမည်ဖြစ်သည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့တွင် ကျင်းပသော《ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း》၂၉ ကြိမ်မြောက် သက်ဆိုင်ရာပါတီများညီလာခံ (COP29) ၌ “ဘာကူ ရာသီဥတုဆိုင်ရာ စည်းလုံးညီညွတ်ရေး ပဋိညာဉ်” ဟုခေါ်ဆိုသော မျှတမှု ရလဒ်အများအပြားရရှိခဲ့သော်လည်း ဖွံ့ဖြိုးပြီးနိုင်ငံများ မတက်သာစွာ ကတိပြုခဲ့သည့် ၂၀၃၅ ခုနှစ်ရောက်သည်အထိ နှစ်စဉ် အနည်းဆုံး ကန်ဒေါ်လာ ၃၀၀ ဘီလီယံ ရန်ပုံငွေကောက်ခံ၍ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ရာသီဥတုဆိုင်ရာ လှုပ်ရှားမှုတွင် အသုံးပြုရန် ရည်မှန်းချက်သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန် လုံလောက်မှုမရှိသေးကြောင်း သိရသည်။

၂၀၂၅ ခုနှစ်သည် 《ပဲရစ်သဘောတူညီချက်》ရရှိခြင်း ၁၀ နှစ်ပြည့်ဖြစ်ရာ 《ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း》၃၀ ကြိမ်မြောက် သက်ဆိုင်ရာပါတီများညီလာခံ (COP30) ကို နှစ်ကုန်ပိုင်းတွင် ဘရာဇီးနိုင်ငံ Belem မြို့၌ ကျင်းပမည်ဖြစ်သည်။ ဘရာဇီးနိုင်ငံ သမ္မတ လူလာက ယခုအကြိမ် အစည်းအဝေးသည် “ရာသီဥတုစနစ်၏ မသွေဖယ်နိုင်သော ပြိုကွဲမှုကို ရှောင်ရှားရန် နောက်ဆုံးအခွင့်အလမ်း” ဖြစ်သည်ဟု ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ထုတ်လွှင့်မှုပမာဏ စုစုပေါင်း၏ အများဆုံးနိုင်ငံဖြစ်ရာ ကမ္ဘာကြီး ပူနွေးလာမှုတွင် လွဲရှောင်မရသော တာဝန်ရှိသည်။ သို့သော် ရာသီဥတုပြောင်းလဲမှုအပေါ် သံသယရှိသော ထရမ့်က နောက်တစ်ကြိမ်အာဏာရခဲ့ရာ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုအား ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းမှုများအပေါ် မသေချာမရေရာမှုများ ဆောင်ကြဉ်းလာပေမည်ဖြစ်သည်။ COP30 က နိုင်ငံတကာ အသိုင်းအဝန်း မျှော်လင့်ထားသော ရလဒ် ရရှိနိုင်မည်လောဆိုသည်မှာ ခန့်မှန်းရ ခက်ခဲပေသည်။ (Xinhua)

အမေရိကန်နိုင်ငံ နယူးယောက်မြို့ Times Square တွင် အချိန်နှင့်တစ်ပြေးညီ မဲရုံစစ်တမ်းအား ကြည့်ရှုနေသူများအား ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရုရှားနိုင်ငံ မော်စကိုပြည်နယ် Ramenskoye မြို့တွင် ဒရုန်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော အဆောက်အအုံကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………….
(Chinese Version)
国际观察|2025,关注这个世界的六个问号
新华社北京1月5日电   新华社记者刘赞
2024年,世界变乱交织,动荡不安。加沙战火不断外溢,俄乌冲突延宕加剧,多个发达国家政局生变,世界经济复苏步履艰难,气候变化问题日益严峻……2025年,这些问题将如何演变,影响几何?
悬念一:中东乱局走向何方
新一轮巴以冲突已持续一年有余,加沙民众苦难深重,战火不断升级外溢。一年来,以色列与伊朗相互直接打击对方领土;以军对黎巴嫩真主党实施大规模袭击,并地面入侵黎南部开展军事行动;也门胡塞武装频繁向以色列本土以及位于红海海域的美西方军舰发射导弹、无人机。2024年12月,叙利亚巴沙尔政府因自身实力虚弱和外部援助减少被反政府武装推翻。
当前,黎以停火协议生效已超过一个月,双方交火仍时有发生,协议能否维持存在疑问;以色列与巴勒斯坦伊斯兰抵抗运动(哈马斯)之间的停火谈判已多次号称“接近达成协议”但仍无结果,何时能真正实现停火不得而知;胡塞武装对以色列和美西方军舰的袭击持续多久或取决于加沙冲突何时停止;随着黎巴嫩真主党军事实力受损、巴沙尔政府倒台,以色列对胡塞武装实施大规模军事行动的可能性不能排除;叙利亚新政权正在构建,在各方势力前台拉扯、地区和域外大国后台博弈的情况下,“一朝变天”的叙利亚未来走向还有待观察。
悬念二:美国变量影响几何
2025年1月,新一届美国政府将上台执政,其内外政策或将给世界带来更大冲击。   许多观察人士认为,新一届美国政府有可能再次宣布退出一些重要国际组织和条约,包括退出世界卫生组织和气候变化《巴黎协定》等,就连美国主导的北大西洋公约组织或许也在“退群”清单上。   新一届美国政府或将关税视为“万能”的政策工具。美国当选总统特朗普日前公开表示,欧盟必须购买美国油气,作为对美巨额贸易顺差的“补偿”,“否则关税就要来了”。他还威胁北美邻国:上任首日,将对所有自墨西哥和加拿大进口的产品征收25%的关税。特朗普还多次声称要对从中国进口的商品加征关税。分析人士认为,倘若美国不顾多方反对向贸易伙伴大规模加征关税,将引发贸易战,损害全球经济。
此外,特朗普还声称加拿大可以成为美国的“第51个州”,宣称获得对丹麦自治领地格陵兰岛的所有权和控制权“绝对必要”。一系列表态引发盟友担忧,“跨大西洋盟友”是否会变成“跨大西洋对手”。
悬念三:俄乌和谈成效难料
俄乌冲突已持续近3年。过去一年,战事激烈胶着,乌军突袭俄本土,俄军在乌东推进,双方相互攻击范围呈扩大态势。美西方继续向乌克兰提供军援,还对乌松绑远程武器使用限制,俄罗斯则以更新核威慑政策回应。
特朗普就任总统后,美国在俄乌冲突上的政策立场会否出现变化?特朗普曾“放话”要在上台后立刻推动俄乌双方结束冲突,他近期对媒体表示将以对乌援助为筹码,推动俄乌双方和谈。俄总统普京和特朗普近期都表示愿意与对方面谈俄乌问题,俄乌双方近来也都释放出对谈判持开放态度的信号。
不过,俄乌双方谈判条件仍有明显差距。俄方正在战场上积累优势,乌方则继续得到西方支持。俄乌能否开启和谈并相互妥协或将取决于双方在战场上的形势,而美国及其欧洲盟友对待乌克兰的态度和援乌力度将对战局及和谈产生直接影响。
悬念四:多国政局如何演变
2024年,多个发达国家政局发生变化。法国总统马克龙年内三换总理,法国政治呈现碎片化趋势。德国执政联盟内部矛盾无法调和最终解体,总理朔尔茨沦为少数派政府领导人,主动触发提前举行联邦议院选举,试图“以退为进”。日本执政联盟在国会众议院选举中失利,首相石破茂领导的政府成为少数派政府,其执政面临严重掣肘。韩国总统尹锡悦因“紧急戒严”风波遭到国会弹劾,宪法法院将决定他的去留。
2025年,这些国家的政局仍存在不确定性。临危受命的法国新总理贝鲁能否稳住政局?德国政治格局在2月联邦议院选举后将发生怎样的变化,能否顺利组成新政府?日本石破政府能否在重要政策上与在野党达成妥协,执政联盟在2025年夏天的参议院选举中能否保住参议院多数地位?韩国国内要求尹锡悦下台的呼声不减,但考虑到宪法法院确认罢免总统的门槛较高,同时在野党热门总统候选人、共同民主党党首李在明也是官司缠身,韩国政局走向尚不明朗。
悬念五:世界经济复苏前景如何
2024年,世界经济缓慢复苏,通胀得到缓和,贸易有所回升,科技创新仍然是推动全球经济增长的重要力量。当前,人工智能、新能源等领域的技术快速发展,不仅催生出新的产业形态和商业模式,还促进传统产业的数字化、绿色化转型,为经济增长注入新动力、提供新支撑。
2025年,世界经济有望保持温和回升势头。国际货币基金组织此前预计,2025年全球经济增长率为3.2%。经济合作与发展组织2024年12月发布经济展望报告,预测2025年全球GDP增长约3.3%。
但与此同时,全球投资、贸易和技术保护主义不断加剧,美国等一些西方国家将经济问题泛安全化、泛政治化,推行“脱钩断链”,严重冲击国际自由贸易和全球产业链供应链稳定。俄乌冲突、中东战事继续对全球粮食和能源供应等造成负面影响。众多金融机构指出,世界经济能否稳住复苏势头,很大程度上取决于各国能否在政策上加强协调合作,共同应对地缘政治冲突和经济不确定性。
悬念六:气候谈判能否向前推进
2024年,全球多地出现严重干旱、致命洪灾、高温热浪、飓风灾难,极端天气频发再次提醒人们气候变化带来的严重后果。世界气象组织年底发布新闻公报说,2024年将成为有记录以来最热的一年,而包括2024年在内的过去10年是有记录以来最热的10年。
应对全球气候危机,关键在于坚持“共同但有区别的责任”原则,坚持多边主义,同舟共济,合作共赢。发达国家应当展现更大雄心和行动,履行率先减排义务,提前碳中和时间,发展中国家也要在能力范围内尽最大努力。2024年11月在阿塞拜疆巴库举行的《联合国气候变化框架公约》第二十九次缔约方大会(COP29)达成了名为“巴库气候团结契约”的一揽子平衡成果,但发达国家勉强承诺的到2035年每年至少筹集3000亿美元用于支持发展中国家气候行动的资金目标,仍远未能满足发展中国家需要。
2025年是《巴黎协定》达成十周年,《联合国气候变化框架公约》第三十次缔约方大会(COP30)将于年底在巴西贝伦举行。巴西总统卢拉称这次会议将是“避免气候系统不可逆转破裂的最后机会”。美国是全球累计碳排放量最多的国家,对于全球气候变暖负有不可推卸的责任。然而,对气候变化持怀疑态度的特朗普再次执政,将为全球应对气候变化的努力带来不确定性。COP30能否达成国际社会期待的结果难以预料。(完)

图说1:2024年1月27日,在加沙地带南部城市拉法,一名巴勒斯坦女孩坐在废墟上。新华社发(里泽克·阿卜杜勒贾瓦德摄)
图说2:2024年11月5日,人们在美国纽约时报广场观看实时出口民调。新华社记者 李睿 摄
图说3: 这是2024年9月10日在俄罗斯莫斯科州拉缅斯科耶拍摄的在无人机袭击中受损的建筑。新华社发(亚历山大摄)