Europe
“တရုတ်နိုင်ငံက BMW ရဲ့ ဒုတိယမြောက်အိမ် ဖြစ်ပါတယ်” ဟု ဂျာမနီနိုင်ငံ BMW Group ဘုတ်အဖွဲ့ဥက္ကဋ္ဌ Oliver Zipse က ပြောကြား
ဘာလင်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)
BMW သည် တရုတ်နိုင်ငံဈေးကွက်၌ အခြေစိုက်လုပ်ဆောင်နေသည်မှာ နှစ် ၃၀ ရှိပြီဖြစ်ကြောင်း၊ လက်ရှိတွင် တရုတ်နိုင်ငံသည် BMW ၏ တစ်ကမ္ဘာလုံး၌ အကြီးဆုံးဈေးကွက် ဖြစ်သည်သာမက ၎င်းတို့ ဂျာမနီရုံးချုပ်ပြီးနောက် အကြီးဆုံးသုတေသနပြုစင်တာနှင့် ထုတ်လုပ်ရေး အခြေစိုက်စခန်းလည်း ဖြစ်သဖြင့် BMW အတွက် အလွန်အရေးကြီးကြောင်း ဂျာမနီနိုင်ငံ BMW Group ဘုတ်အဖွဲ့ဥက္ကဋ္ဌ Oliver Zipse က မကြာသေးမီက ဆင်ဟွာသတင်းဌာန သတင်းထောက်၏ သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်သည် BMW က တရုတ်ဈေးကွက်သို့ ဝင်ရောက်သည့် နှစ် ၃၀ ပြည့်ဖြစ်သည်။ BMW Group သည် လက်ရှိ တရုတ်နိုင်ငံတွင် ဝန်ထမ်းပေါင်း ၂၈,၀၀၀ ရှိကြောင်း၊ ယင်းဒေသပံ့ပိုးမှုလုပ်ငန်းပေါင်း ၅၀၀ နီးပါးနှင့် ရင်းနှီးစွာပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ရေရှည်တိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံမှုအများအပြား စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံစီးပွားရေးနှင့် အတူတကွဖွံ့ဖြိုးတိုးတက်ရန် မျှော်လင့်ကြောင်း Oliver Zipse ကဆိုသည်။
“တရုတ်နိုင်ငံက BMW ရဲ့ ဒုတိယမြောက်အိမ် ဖြစ်ပါတယ်” ၊ လွန်ခဲ့သော နှစ် ၃၀ ကို ပြန်ပြောင်းအောက်မေ့ပါက BMW သည် တရုတ်ဈေးကွက်အပေါ် ပိုမိုနက်ရှိုင်းစွာ နားလည်မှုရှိပြီး ဒေသအသွင် သုတေသနပြု ထုတ်လုပ်မှုဖြင့် တရုတ်သုံးစွဲသူများ လိုအပ်ချက်နှင့် ကိုက်ညီသည့် ကုန်ပစ္စည်းများကို မိတ်ဆက်ပေးလျက်ရှိကြောင်း၊ “ဒါဟာ ကျွန်တော်တို့က တရုတ်ဈေးကွက်ရဲ့ မြင့်မားတဲ့မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးတဲ့ နည်းလမ်းဖြစ်သလို ဒီနေရာမှာအောင်မြင်မှုရရှိတဲ့ အရေးပါနည်းလမ်းကောင်းလည်း ဟုတ်ပါတယ်” ဟု Oliver Zipse က ဆိုသည်။
တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံးနည်းပညာနှင့် ဆန်းသစ်တီထွင်မှုစင်တာ ဖြစ်လာပြီဖြစ်ကြောင်း၊ “ကမ္ဘာကြီးရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု အလားအလာကို ကြိုတင်သိရှိလိုရင် တရုတ်နိုင်ငံက ဖြစ်ပေါ်နေတဲ့ပြောင်းလဲမှုကို မဖြစ်မနေဂရုပြုရမယ်” ဟု Oliver Zipse က ဆိုသည်။ ယင်းအတွက် BMW Group က တရုတ်နိုင်ငံတွင် ဂျာမနီနိုင်ငံပြီးနောက် အကြီးဆုံးသုတေသနစင်တာကို တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပေကျင်း၊ ရှန်ဟိုင်း၊ စိန်ရန်နှင့် နန်ကျင်းတို့တွင် ဆန်းသစ်တီထွင်မှု အခြေစိုက်စခန်းတို့ကို ထူထောင်ထားခြင်းဖြစ်ရာ ကားသုတေသနပြုထုတ်လုပ်မှု၊ ဒစ်ဂျစ်တယ်ဝန်ဆောင်မှု၊ ဆော့ဖ်ဝဲလ်စနစ်နှင့် အလိုအလျောက်မောင်းနှင်မှု စသည့် သက်ဆိုင်ရာ အရေးပါသည့် နည်းပညာကဏ္ဍများကို လွှမ်းခြုံထားသည်။
၂၀၂၄ ခုနှစ် ဧပြီတွင် BMW Group က စိန်ရန်ထုတ်လုပ်ရေးအခြေစိုက်စခန်းအား အကြီးစား အဆင့်မြှင့်တင်မှုနှင့် နည်းပညာဆန်းသစ်တီထွင်မှု လုပ်ဆောင်ရန်အတွက် တရုတ်နိုင်ငံ၌ ယွမ် ဘီလီယံ ၂၀ ထပ်တိုး ရင်းနှီးမြှုပ်နှံသွားမည်ဟု ကြေညာခဲ့သည်။ တရုတ်နိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု ထပ်တိုးခြင်းသည် BMW က တရုတ်ဈေးကွက်တွင် ရေရှည်၊ ထဲထဲဝင်ဝင် ဆောင်ရွက်သွားမည့် ဆုံးဖြတ်ချက်နှင့် တရုတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အနာဂတ်အလားအလာအပေါ် ယုံကြည်ချက်ကို ပေါ်လွင်စေသည်ဟု Oliver Zipse က ဆိုသည်။
တစ်ချိန်တည်းတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံး၌ ယှဉ်ပြိုင်နိုင်မှုစွမ်းရည်အရှိဆုံး ဈေးကွက်များအနက် တစ်ခုအဖြစ် တိုးတက်လာခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါဈေးကွက်အတွင်း၌ လျှပ်စစ်ကားလုပ်ငန်းများစွာ အတူတိုးတက်နေသည့် အခြေအနေ ပေါ်ထွက်လာကြောင်း၊ အနာဂတ်တွင် BMW သည် တရုတ်နိုင်ငံ၌ စွမ်းအင်သစ်ကား ဖွံ့ဖြိုးတိုးတက်မှုကို တစ်ဆင့်တိုးဖော်ဆောင်၍ “တရုတ်နိုင်ငံတွင် နောက်ထပ် နှစ် ၃၀ အတွက် ကြိုးပမ်းသွားမယ်” ဟု Oliver Zipse က ဆိုသည်။
“တရုတ်မော်တော်ကားလုပ်ငန်းမှာ လျှပ်စစ်ပြောင်းလဲအသုံးပြုလာတာကို ကျွန်တော် အရမ်းသဘောကျပါတယ်။ ဒါဟာ လက်တွေ့အခြေအနေအပေါ် အခြေခံပြီး လက်တွေ့ရလဒ်များကို အလေးထားကာ တရားသေဝါဒ (dogmatism) အတိုင်း ပုံသေဖြစ်နေတာ မဟုတ်ပါဘူး”၊ တရုတ်နိုင်ငံ၏ စွမ်းအင်သစ်ကား မဟာဗျူဟာတွင် လျှပ်စစ်သီးသန့်သုံး လှုပ်ရှားမှု၊ နှစ်မျိုးစပ် Plug-in hybrid နှင့် လောင်စာဆဲလ် (Fuel Cell) စသည့် နည်းပညာလမ်းကြောင်း အမျိုးမျိုးပါဝင်ကြောင်း၊ ထိုကဲ့သို့ ပြောင်းလွယ်ပြင်လွယ်ပြီး လက်တွေ့ကျသည့်နည်းလမ်းသည် ဈေးကွက်က လျှပ်စစ်ကား ပြောင်းလဲအသုံးပြုလာခြင်းအား လက်ခံနိုင်စေရန်အတွက် အလားအလာအရှိဆုံး၊ အထိရောက်ဆုံးလမ်းကြောင်း ဖြစ်ကြောင်း Oliver Zipse က ဆိုသည်။
၂၀၂၄ ခုနှစ် ပထမသုံးလပတ်အတွင်း BMW လျှပ်စစ်သီးသန့်သုံးကား၏ တရုတ်ဈေးကွက် ရောင်းအားသည် ယမန်နှစ်ကာလတူထက် ၁၀ ရာခိုင်နှုန်းနီးပါး တိုးတက်လာပြီး တစ်ချိန်တည်းတွင် ကုမ္ပဏီက တရုတ်နိုင်ငံ၌ စွမ်းအင်သစ်ကားအစီးရေ စုစုပေါင်း ၄ သိန်း ရောင်းချနိုင်သော သမိုင်းမှတ်တိုင်ကို ဖော်ဆောင်နိုင်ခဲ့သည်။ Oliver Zipse က ၂၀၂၆ ခုနှစ်တွင် BMW မကြာမီမိတ်ဆက်တော့မည့် “မျိုးဆက်သစ်” လျှပ်စစ်ကားမော်ဒယ်ကို တရုတ်နိုင်ငံ၌ စတင်ထုတ်လုပ်တော့မည်ဟု ပြောကြားခဲ့သည်။
တရုတ်-ဥရောပ မော်တော်ကားနယ်ပယ် ပူးပေါင်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ အပြန်အလှန်အကျိုးရှိ၍ ဘုံအကျိုးဖြစ်ထွန်းစေသော မိတ်ဖက်ဆက်ဆံရေးသည် အလွှာအသီးသီးတွင် အလွန်အရေးပါကြောင်း၊ ရာသီဥတုပြောင်းလဲမှု စသည့် စိန်ခေါ်မှုများအပေါ် နိုင်ငံဖြတ်ကျော်၊ ဒေသဖြတ်ကျော်ပူးပေါင်းဆောင်ရွက်မှုသည် ကြီးမားကျယ်ပြန့်သည့် အနာဂတ်အလားအလာများရှိနေကြောင်း၊ BMW နှင့် တရုတ်နိုင်ငံ၏ မိတ်ဖက်ဆက်ဆံရေးသည် ၎င်းအတွက် အကောင်းဆုံးနမူနာဖြစ်ကြောင်း Oliver Zipse က ဆိုသည်။
BMW သည် CATL စသည့် ကုမ္ပဏီများနှင့်အတူ လျှပ်စစ်ကားဘတ်ထရီများကို သုတေသနပြုထုတ်လုပ်ပြီး ချင်းဟွာတက္ကသိုလ် စသည့် အဆင့်မြင့်ပညာကျောင်းများနှင့်အတူ ဉာဏ်ရည်တု (AI) ၊ Solid state ဘက်ထရီ စသည့် ရှေ့ပြေးနည်းပညာများကိုလည်း စူးစမ်းလေ့လာသွားမည်ဖြစ်ကြောင်း၊ အနာဂတ်တွင် ပိုမိုများပြားသည့်နယ်ပယ်၌ အလားအလာရှိသော ပူးပေါင်းဆောင်ရွက်မှုဖော်ဆောင်သွားနိုင်ရန် မျှော်လင့်ကြောင်း Oliver Zipse က ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂက တရုတ်နိုင်ငံမှတင်သွင်းသည့် လျှပ်စစ်ကားများအပေါ် စည်းကြပ်ခွန်တိုးမြှင့်သည့် လုပ်ရပ်နှင့်စပ်လျဉ်း၍ Oliver Zipse က ၎င်း၏ကန့်ကွက်သောသဘောထားကို အလေးထားပြောကြားခဲ့သည်။ “လွတ်လပ်စွာကုန်သွယ်ရေးဟာ ကျွန်တော်တို့ရဲ့ လမ်းညွှန်မူဝါဒအဖြစ် အမြဲတစေနှင့် ရာသက်ပန် ဖြစ်နေမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။ အပိုထပ်ဆောင်း စည်းကြပ်ခွန်များသည် နိုင်ငံဖြတ်ကျော် ကုမ္ပဏီများ၏ စီးပွားရေးလုပ်ငန်းပုံစံကို ပျက်စီးစေရုံသာမက ဥရောပတိုက်ဈေးကွက်၏ လျှပ်စစ်ကားဖြန့်ချိမှုကိုလည်း ကန့်သတ်မှုဖြစ်စေပြီး ထိုမှတစ်ဆင့် ကာဗွန်လျော့နည်းရေး လုပ်ငန်းစဉ်ကို အရှိန်လျော့စေမည်ဖြစ်ကြောင်း၊ “ကုန်သွယ်ရေးပဋိပက္ခဟာ ဘယ်ဘက်ကိုမှ အကျိုးမပြုတာကြောင့် ဘယ်သူကမှ ကုန်သွယ်ရေး ပဋိပက္ခကို မတွေ့မြင်ချင်ပါဘူး” ဟု Oliver Zipse က အလေးထားဖြေကြားခဲ့သည်။ (Xinhua)
——————–
(Chinese Version)
共话中国经济新机遇|专访:“中国是宝马的第二个家”——访德国宝马集团董事长齐普策 新华社柏林1月5日电 专访:“中国是宝马的第二个家”——访德国宝马集团董事长齐普策 新华社记者车云龙 德国宝马集团董事长奥利弗·齐普策日前接受新华社记者专访时表示,宝马已扎根中国市场30年,中国如今不仅是宝马在全球的最大市场,还是其德国总部以外最大的研发中心和生产基地,对宝马“极为重要”。 2024年是宝马集团进入中国市场30周年。齐普策说,集团如今在华拥有约2.8万名员工,与近500家本地供应商密切合作,并为长期增长持续大量投资,期待与中国经济共同发展。 “中国是宝马的第二个家。”他说,回望过去30年,宝马对中国市场有更深刻理解,并通过本地化研发生产,推出符合中国消费者需求的产品。“这既是我们满足中国市场高期望的方式,也是在这里取得成功的重要诀窍。” 齐普策表示,中国已成为全球技术和创新中心,“要预见世界未来发展趋势,就必须关注中国正在发生的变化”。为此,宝马集团在中国设立了德国以外最大的研发中心,在北京、上海、沈阳和南京设立了创新基地,覆盖汽车研发、数字服务、软件系统和自动驾驶等关键技术领域。 2024年4月,宝马集团宣布在华追加投资200亿元人民币,用于沈阳生产基地的大规模升级和技术创新。齐普策说,在华增资彰显宝马长期深耕中国市场的决心,以及对中国经济发展前景的信心。 齐普策同时表示,过去30年间,中国已发展成为全球最具竞争力的市场之一。在这一市场,众多电动车企呈现出百花齐放的局面。未来,宝马将进一步在中国推进新能源汽车发展,“为在华下一个30年而努力”。 “我非常欣赏中国汽车产业的电气化进程,它立足现实,注重实际效果,而非拘泥于教条主义。”齐普策说,中国的新能源汽车战略涵盖纯电动、插电混动和燃料电池等多种技术路线,这种灵活务实的方式,是推动市场接受电气化最有前景、最有效的路径。 2024年前三季度,宝马纯电动汽车在中国市场销量同比增长近10%,同时公司实现在华累计销售40万辆新能源汽车的里程碑。齐普策表示,2026年,宝马将开始在华生产其即将推出的“新世代”电动车型。 谈及中欧汽车领域合作,齐普策指出,互利共赢的伙伴关系在各个层面都至关重要。对于气候变化等挑战,跨国、跨区域合作蕴藏着巨大潜力,而宝马与中国伙伴的合作就是很好的例子。 他说,宝马与宁德时代等企业合作研发电动车电池,还与清华大学等高校共同探索人工智能、固态电池等前沿技术,期待未来在更多领域达成富有前景的合作。 针对欧盟对从中国进口的电动汽车加征关税的做法,齐普策重申了其反对立场。“自由贸易始终是、也将永远是我们的指导原则。”他强调,额外关税不仅损害跨国企业的商业模式,还将限制欧洲市场的电动车供应,从而减缓欧盟脱碳进程。“没有人希望看到一场贸易冲突,因为这对任何一方都没有益处。”(完) 图说1:德国宝马集团董事长奥利弗·齐普策的资料照片。 (受访者供图)
图说2:宝马i5纯电动汽车从位于辽宁的大东工厂下线(2024年1月8日摄)。 (宝马集团供图)