China
နိုင်ငံတကာစည်းစနစ် ပြုပြင်ပြောင်းလဲမှုနှင့် ကမ္ဘာလုံးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအကြောင်း ဝမ်ရိ ဆွေးနွေး
![](https://xinhuamyanmar.com/wp-content/uploads/2025/02/15m01-1.jpg)
မြူးနစ်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ သည် ဖေဖော်ဝါရီ ၁၄ ရက်က မြူးနစ်လုံခြုံရေးညီလာခံသို့ တက်ရောက်ပြီး “တရုတ်သီးသန့်ဆွေးနွေးပွဲ” တွင် အမှာစကားပြောကြားကာ မေးခွန်းများအား ပြန်လည်ဖြေကြားခဲ့သည်။
နိုင်ငံတကာစည်းစနစ် အကျပ်အတည်းကြုံတွေ့ရမှုနှင့် ကမ္ဘာလုံးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၌ “စံချိန်နှစ်မျိုး” ထားသည့်အရေးကိစ္စကို ရှောင်ရှားရာတွင် မည်သို့ ကိုင်တွယ် ဖြေရှင်းရမည်နည်း ဟူသော မေးခွန်းအပေါ် ဝမ်ရိက ယခုနှစ်ပိုင်းအချို့ လူအချို့က တရုတ်နိုင်ငံသည် စည်းစနစ်များကို ပြုပြင်ပြောင်းလဲ၍ တစ်စင်ထောင်မည်ဟု ပြောနေကြကြောင်း၊ သို့သော် လက်ရှိ စည်းစနစ်ကို အမှန်တကယ် စိန်ခေါ်ပြီး ဘက်ပေါင်းစုံအဖွဲ့မှ နုတ်ထွက် ကတိပျက်သည့်နိုင်ငံကြောင့် ဥရောပတိုက်က နေ့စဉ်နှင့်အမျှ အေးစက်နေသည့်ဒဏ်ကို ခံစားနေရကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် လက်ရှိ တည်ဆဲစည်းစနစ်တွင် ဖွံ့ဖြိုးတိုးတက်လာခြင်းဖြစ်ပြီး ဤစည်းစနစ်၏ အကျိုးခံစားသူ ဖြစ်ကြောင်း၊ မိမိတို့လုပ်ဆောင်ရမည်မှာ နိုင်ငံအများစု၏ သဘောဆန္ဒအရ ဤစည်းစနစ်ကို ပို၍ တရားမျှတ၊ တရားနည်းလမ်းကျသော ဦးတည်ရာသို့ ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဘက်အသီးသီးက နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများအပေါ် မတူညီသည့် နားလည်မှုရှိနိုင်ကြသော်လည်း မိမိတို့အနေဖြင့် အခြေခံအကျဆုံးသော ဘုံသဘောထားအမြင် ရှိသင့်ကြောင်း၊ ယင်းမှာ ကုလသမဂ္ဂကို ဗဟိုပြုသည့် နိုင်ငံတကာစနစ်ကို ကာကွယ်ထိန်းသိမ်းခြင်း၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်နှင့် အခြေခံမူများကို အခြေခံသည့် နိုင်ငံတကာဆက်ဆံရေး အခြေခံစံနှုန်းများကို လေးစားလိုက်နာခြင်း ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ ယင်းမှာ နိုင်ငံတကာအသိုက်အဝန်း၏ အများဆုံးသဘောတူညီမှု ဖြစ်ရာ အားလုံးအနေဖြင့် ဤအချက်ကို သဘောတူလက်ခံပါက “စံနှုန်းနှစ်မျိုးထားမှု” ဖြစ်ပေါ်လာမည် မဟုတ်သလို “စံနှုန်းနှစ်မျိုးထားမှု” တည်ရှိရန် လေဟာနယ်လည်း ရှိမည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် မိမိထမ်းဆောင်ရမည့် နိုင်ငံတကာတာဝန်ကို သိရှိသလို နိုင်ငံတကာ အသိုက်အဝန်းအတွက်လည်း ပြည်သူ့ထုတ်ကုန်များ ပိုမို ပံ့ပိုးသွားလိုကြောင်း ဝမ်ရိက အလေးထားပြောကြားခဲ့သည်။ သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် အရေးကြီးအဆိုပြုချက်၊ ခံယူချက်များတွင် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုတိုးတက်ရေး အဆိုပြုချက် (GDI)၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက် (GSI)၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု အဆိုပြုချက် (GCI) တို့ပါဝင်ကြောင်း၊ ယင်းသည် ယနေ့မျက်မှောက်ခေတ် တစ်နေ့တခြား ဆိုးရွားလာသည့် ဖွံ့ဖြိုတိုးတက်ရေး လိုအပ်ချက်၊ လုံခြုံရေး လိုအပ်ချက်နှင့် စီမံခန့်ခွဲရေးလိုအပ်ချက်များကို နိုင်ငံတကာအသိုက်အဝန်းက အတူလက်တွဲ၍ ကောင်းမွန်စွာ ဖြေရှင်းရေးအား တိုက်တွန်းရန် ဖြစ်ကြောင်း၊ သမ္မတ ရှီကျင့်ဖိန်သည် လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း အတူတကွ တည်ဆောက်ရေးဟူသော ကြီးမြတ်သည့် ရည်မှန်းချက်ကိုလည်း အဆိုပြုခဲ့ရာ သမိုင်းယဉ်ကျေးမှု၊ လူမှုစနစ်နှင့် အယူဝါဒ ကွဲပြားမှုကို နိုင်ငံအသီးသီး ကျော်လွှားကာ တစ်လှေတည်းစီး တစ်ခရီးတည်းသွားသော စိတ်ဓာတ်ဖြင့် လူသားမျိုးနွယ်တို့ အတူတကွ နေထိုင်ကြသော ကမ္ဘာမြေကြီးကို ကာကွယ်ထိန်းသိမ်းရန်၊ အေးအတူ ပူအမျှ ကမ္ဘာ့ကျေးရွာ အသိုက်အဝန်း တည်ဆောက်ရန် တိုက်တွန်းခြင်း ဖြစ်ကြောင်း၊ ယင်းမှာ တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာဝါဒ စိတ်နေသဘောထား ဖြစ်သလို ကမ္ဘာမှာ အားလုံး၏ ကမ္ဘာ ဖြစ်သည့် တရုတ်ယဉ်ကျေးမှုရိုးရာကို ဖော်ပြခြင်းဖြစ်ရာ ပို၍များပြားသော နိုင်ငံများ၏ နားလည်မှု၊ သဘောတူလက်ခံမှုနှင့် အားပေးထောက်ခံမှုကို ရရှိခဲ့ကြောင်း၊ အဆိုပါ အတွေးအခေါ်များကို ဖော်ဆောင်ရာတွင် တရုတ်နိုင်ငံသည် မိမိပုံစံဖြင့် ဆက်လက်၍ အကျိုးထမ်းဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
…………………………
(Chinese Version)
王毅谈国际秩序变革和全球规则
新华社德国慕尼黑2月14日电 当地时间2月14日,中共中央政治局委员、外交部长王毅出席慕尼黑安全会议,在“中国专场”致辞并回答了现场提问。
针对如何应对国际秩序面临危机及避免在全球规则上搞“双重标准”的问题,王毅表示,这些年,总有人说中国要改变秩序、另起炉灶。但现在真正挑战秩序、毁约退群的国家让欧洲每天都能感受到阵阵袭来的寒意。中国是在现行秩序中发展起来的,是这一秩序的受益者,我们要做的,就是按照大多数国家的愿望,推动这一秩序朝更加公正合理的方向发展。
王毅说,各方对国际规则或许有不同理解,但我们应当有一个最基本的共同认知,那就是维护以联合国为核心的国际体系,遵守以联合国宪章宗旨和原则为基础的国际关系基本准则。这应是国际社会的最大公约数,只要大家都认同这一点,就不会出现“双重标准”,也没有“双重标准”存在的空间。
王毅强调,中方意识到自己承担的国际责任,愿为国际社会提供更多公共产品。习近平主席提出一系列重大倡议主张,包括全球发展倡议、全球安全倡议、全球文明倡议,就是为了呼吁国际社会行动起来,携手解决好当今日益严重的发展赤字、安全赤字和治理赤字。习近平主席还提出共同构建人类命运共同体的宏伟目标,呼吁各国超越历史文化、社会制度和意识形态差异,以同舟共济的精神,呵护好人类唯一共同居住的星球,建设好命运与共的地球村,这既是中国共产党人的国际主义情怀,也体现了天下为公的中华文明传统,得到越来越多国家的理解、认同和支持。中方将继续为践行上述重要理念作出自己的贡献。(完)
2月14日,中共中央政治局委员、外交部长王毅出席慕尼黑安全会议,在“中国专场”发表题为《坚定做变革世界中的建设性力量》的致辞。