Connect with us

China

ကမ္ဘာကြီး မရေရာမှုကို ရင်ဆိုင်ကြုံတွေ့ရချိန် တရုတ်နိုင်ငံက အပြုသဘောအင်အား ဖြည့်တင်းပေး______မြူးနစ်လုံခြုံရေးညီလာခံအပေါ် တရုတ်ကျွမ်းကျင်ပညာရှင်၏ သဘောထားအမြင်

မြူးနစ်လုံခြုံရေးညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် အမှာစကားပြောကြားနေသော မြူးနစ်လုံခြုံရေးညီလာခံ ဥက္ကဋ္ဌ Christoph Heusgen အား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြူးနစ်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

၆၁ ကြိမ်မြောက် မြူးနစ်လုံခြုံရေးညီလာခံ (MSC) သည် ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြီးဆုံးခဲ့သည်။ ညီလာခံသို့ တက်ရောက်သော တရုတ်ပညာရှင်များက ဆင်ဟွာသတင်းထောက်၏ တွေ့ဆုံမေးမြန်းမှုတွင် ယခုအကြိမ် မြူးနစ်လုံခြုံရေးညီလာခံသည် ကမ္ဘာကြီးကြုံတွေ့နေရသည့် များပြားလှစွာသော မရေရာမှုအသစ်များကို ဆွေးနွေးခဲ့ရာ ကမ္ဘာ့ပြုပြင်ပြောင်းလဲမှုတွင် အပြုသဘောအင်အားအဖြစ် ဆောင်ရွက်ပြီး တန်းတူညီမျှ၊ စနစ်ကျသည့် ကမ္ဘာ့ဗဟုအသွင် တည်ဆောက်ရေးကို တွန်းအားပေးသည့် သန္နိဋ္ဌာန်ကို တရုတ်နိုင်ငံက ကမ္ဘာ့အား သတင်းစကားပါးခဲ့ကြောင်း ပြောကြားခဲ့သည်။
ညီလာခံမတိုင်မီ ထုတ်ပြန်သည့် 《၂၀၂၅ ခုနှစ် မြူးနစ်လုံခြုံရေးညီလာခံ အစီရင်ခံစာ》၏ ခေါင်းစဉ်မှာ “ဗဟုအသွင်” ဖြစ်သည်။ အစီရင်ခံစာ၏ အမေရိကန်နိုင်ငံနှင့်သက်ဆိုင်သည့်အပိုင်းတွင် ထရမ့်အစိုးရက ပို၍ ရွေးချယ်မှုရှိပြီး မကြာခဏဆိုသလို တစ်ဖက်သတ်မူဝါဒများဖြင့် နိုင်ငံတကာရေးရာကိစ္စရပ်များတွင် ပါဝင်ကာ သေးသိမ်သည့် အမေရိကန်အကျိုးစီးပွားကို ဝန်ဆောင်မှုပေးကြောင်း ထောက်ပြထားကြောင်း၊ ၎င်းက ဂရင်းလန်းကျွန်း၊ ပနားမားတူးမြောင်းနှင့် ကနေဒါကို အတင်းအဓမ္မ သိမ်းပိုက်ရန် ထည့်သွင်းစဉ်းစားခြင်း ဖြစ်ရာ အချက်အချာကျသည့် နိုင်ငံတကာအခြေခံစံနှုန်းများ၏ ထိန်းကွပ်မှုကို အမေရိကန် ခံယူမည် မဟုတ်သည်ကို ဖော်ပြကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ယခုအကြိမ် မြူးနစ်လုံခြုံရေးညီလာခံ၌ ဂရုပြုမှုအခံရဆုံးမှာ ထရမ့်အစိုးရက သယ်ဆောင်လာသည့် မရေရာမှုဖြစ်ပြီး ထိုမတိုင်မီ ထရမ့်အစိုးရ၏ သဘောထားဖော်ပြချက် အမျိုးမျိုးနှင့် လုပ်ရပ်များက အမေရိကန်အနေဖြင့် နိုင်ငံတကာစည်းစနစ်အပေါ် မလေးစားမှု၊ တည်ဆဲ နိုင်ငံတကာစနစ်အပေါ် ဖျက်ဆီးမှုကို ပေါ်လွင်စေသည်ဟု တရုတ်သိပ္ပံအကယ်ဒမီ (CASS) အာရှ-ပစိဖိတ်နှင့် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ သုတေသနဌာန သုတေသီ ဝမ်ကျွင့်စိန်းက ဆိုသည်။

ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ ဥတုရာသီ ပြောင်းလဲမှု အရေးကိစ္စများအပေါ် ထရမ့်အစိုးရ၏ အေးစက်မှုက ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအပေါ် အနုတ်လက္ခဏာသက်ရောက်မှု ရှိမည် ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံ ရန်းမင်တက္ကသိုလ် (Renmin University) နိုင်ငံတကာရေးရာ သုတေသနဌာန ဌာနမှူး ဝမ်ယိဝေက 《ပဲရစ် သဘောတူညီချက်》၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့များမှ အမေရိကန်နုတ်ထွက်ခြင်းမှာ ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုစနစ်၏ ဩဇာအရှိန်အဝါနှင့် ထိရောက်မှုကို လျော့နည်းစေသလို ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု၏ တွန်းအားကိုလည်း လျော့ကျစေကြောင်း၊ နိုင်ငံတကာ စည်းစနစ် တစ်စစီဖြစ်သည့်အသွင်ကို ပို၍ ဆိုးရွားစေကာ ကမ္ဘာကြီးက စည်းစနစ်မကျသည့် အခင်းအကျင်းသို့ ဆင့်ကဲပြောင်းလဲမှုအရှိန်ကို တိုးမြင့်စေကြောင်း ပြောကြားခဲ့သည်။

ဒီမိုကရေစီ၊ လူဝင်မှုကြီးကြပ်ရေးစသည့် အရေးကိစ္စများအပေါ် ဂျာမနီအပါအဝင် ဥရောပနိုင်ငံများ၏ မူဝါဒရပ်တည်ချက်ကို အမေရိကန် ဒုတိယ သမ္မတ JD Vance က ဖေဖော်ဝါရီ ၁၄ ရက် မြူးနစ်လုံခြုံရေးညီလာခံ၌ အမှာစကားပြောကြားရာတွင် ဝေဖန်ပြောဆိုခဲ့သည်။ ဂျာမနီ Alternative ပါတီ (AfD) ကို ထောက်ခံသည့် JD Vance ၏ ပြောဆိုချက်များက “လျော်ကန်မှုမရှိ” သလို ဂျာမနီနိုင်ငံရေးကို ပြည်ပစွက်ဖက်ခြင်းက “မသင့်တော်” ကြောင်း ဂျာမနီ ဝန်ကြီးချုပ် Olaf Scholz က ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ ပြင်ပက အတင်းအဓမ္မပေးသည့် ပုံစံကို ဥရောပအနေဖြင့် လက်ခံမည်မဟုတ်ကြောင်း ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး Jean-Noël Barrot ကလည်း ဖေဖော်ဝါရီ ၁၅ ရက်တွင်ပင် ပြောကြားခဲ့သည်။

JD Vance ၏ ပြောဆိုမှုက အထက်စီးဆန်သည့်ပုံစံတစ်မျိုးဖြစ်ပြီး နိုင်ငံများအကြား တန်းတူညီမျှဆက်ဆံရေး ဟူသော အခြေခံမူကို ဖျက်ဆီးခြင်းဖြစ်ကြောင်း၊ ဂျာမနီပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း စွက်ဖက်ခြင်းက အခြားနိုင်ငံ၏ အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်း ပို၍ပင် ဖြစ်ရာ သံတမန်ရေးတင်းမာမှု ဖြစ်စေနိုင်သည့် တစ်ဖက်သတ်ဝါဒအပြုအမူ ဖြစ်ကြောင်း ဝမ်ကျွင့်စိန်းက ပြောကြားခဲ့သည်။

ချင်းဟွာတက္ကသိုလ် (Tsinghua University) ဗဟာဗျူဟာနှင့် လုံခြုံရေး သုတေသနစင်တာ ဒုတိယ ညွှန်ကြားရေးမှူး ရှောင်းချန့်က JD Vance ၏ ပြောကြားမှုများတွင် ရုရှား-ယူကရိန်း ပဋိပက္ခ၊ စည်းကြပ်ခွန် စသည့် ပြဿနာများကို တစ်လုံးမျှ မပြောကြားဘဲ ဥရောပနှင့် ကမ္ဘာ့နိုင်ငံအသီးသီး၏ စိုးရိမ်မှုကို မျက်ကွယ်ပြုခဲ့ကြောင်း၊ ထို့အပေါ် ဥရောပ အရာရှိနှင့် ပညာရှင်များက အလွန်ကြီးမားစွာ စိတ်ပျက်သည်ကို ဖော်ပြခဲ့ကြောင်း ဆိုသည်။

ရုရှား-ယူကရိန်း ပဋိပက္ခမှာ ယခုအကြိမ် မြူးနစ်လုံခြုံရေးညီလာခံ၏ အရေးကြီးဆုံး ဆွေးနွေးသည့်အကြောင်းအရာ ဖြစ်ကြောင်း ၊ ထရမ့်အစိုးရက ဆွေးနွေးညှိနှိုင်းမှုဖြင့် ရုရှား-ယူကရိန်း ပဋိပက္ခ အဆုံးသတ်ရန် တက်ကြွစွာ ကြိုးပမ်းနေသော်လည်း အမေရိကန်၏ နည်းလမ်းက တရားမျှတမှု သမာသမတ်ကျမှု ရှိမရှိ၊ ရေရှည် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မှု ရှိမရှိနှင့် အမေရိကန် အကျိုးစီးပွားကိုသာ ဝန်ဆောင်မှုပေးနေခြင်းသက်သက်လော ဆိုသည်ကို ဥရောပက ကျယ်ကျယ်ပြန့်ပြန့် စိုးရိမ်လျက်ရှိကြောင်း ဝမ်ကျွင့်စိန်းက ဆိုသည်။

အမေရိကန်နိုင်ငံ၏ လိုသလို “စည်းကြပ်ခွန် တုတ်ဖြင့် ရမ်းကားနေခြင်း” အပေါ် ဝမ်ယိဝေက ယင်းမှာ ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်စွာ ကုန်သွယ်ရေးစနစ်နှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း၊ ယင်းမှာ ကုန်သွယ်ရေး ကိုယ်ကျိုးစီးပွားကာကွယ်ရေး မူဝါဒနှင့် စီးပွားရေး အမျိုးသားရေးဝါဒကို ဆိုးရွားစေသလို ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့မှုကွင်းဆက်ကို ရှုပ်ထွေးစေပြီး ကမ္ဘာ့စီးပွားရေးတိုးတက်မှု၏ မရေရာမှုများကို ထပ်တိုးစေကြောင်း ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဖေဖော်ဝါရီ ၁၄ ရက်က မြူးနစ်လုံခြုံရေးညီလာခံ “တရုတ်သီးသန့်ဆွေးနွေးပွဲ” တွင် 《ပြောင်းလဲနေသည့်ကမ္ဘာကြီး၏ အပြုသဘောအင်အားအဖြစ် အခိုင်အမာ ဆောင်ရွက်သွားမည်》 ဟူသော ခေါင်းစဉ်ဖြင့် အမှာစကားပြောကြားခဲ့ရာ တရုတ်နိုင်ငံက ကမ္ဘာ့ဗဟုအသွင်ပြောင်းရေးအမြင် ၄ ရပ် အား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းတို့မှာ တန်းတူညီမျှ ဆက်ဆံရေးကို တိုက်တွန်းအားပေးခြင်း၊ နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးကို လေးစားခြင်း၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို ဖော်ဆောင်ခြင်း၊ တံခါးဖွင့်လှစ်မှုဖြင့် ဘုံအကျိုးဖော်ဆောင်ရေးအား အခိုင်အမာဆောင်ရွက်ခြင်း တို့ပင် ဖြစ်ပေသည်။

အဆိုပါအမှာစကားက ဘက်ပေါင်းစုံ၏ ဂရုပြုမှုကို တုံ့ပြန်ခြင်းဖြစ်ပြီး ယနေ့ မျက်မှောက်ခေတ် မရေရာသည့် ကမ္ဘာကြီးအတွက် အကြီးမားဆုံးသော သေချာရေရာမှုကို ပံ့ပိုးခြင်း ဖြစ်ကြောင်း တရုတ်ပညာရှင်များက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ တန်းတူညီမျှ၊ စနစ်ကျသည့် ကမ္ဘာ့ဗဟုအသွင် တည်ဆောက်ရေး တွန်းအားပေးသည့် အဆိုပြုချက်ကို အခမ်းအနားအစီအစဉ် များစွာတွင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ရာ ညီလာခံတက်ရောက်သော ဧည့်သည်တော်များ၏ အထူး တန်ဖိုးထားချီးကျူးမှုကို ရရှိခဲ့ပေသည်။ (Xinhua)

……………………………………..
(Chinese Version)
综述|世界面临新不确定性 中国贡献建设性力量——中国专家解读慕安会
新华社德国慕尼黑2月16日电 综述|世界面临新不确定性 中国贡献建设性力量——中国专家解读慕安会   新华社记者张章 郭爽 李超
第61届慕尼黑安全会议(慕安会)16日闭幕。与会中国专家学者在接受新华社记者采访时表示,本届慕安会讨论了世界面临的众多新不确定性,中国向世界传递了做变革世界中的建设性力量、推动构建平等有序的世界多极化的决心。
会前发布的《2025年慕尼黑安全报告》主题为“多极化”。报告在关于美国的部分指出,特朗普政府许诺采取更有选择性的、往往是单边的政策参与国际事务,服务狭义的美国利益。其考虑以强制手段吞并格陵兰岛、巴拿马运河和加拿大,表明美国不会受制于关键的国际准则。
中国社科院亚太与全球战略研究院研究员王俊生说,本届慕安会最受关注的就是特朗普政府所带来的不确定性,而特朗普政府此前的种种表态和做法体现了美国对国际秩序的不尊重、对既有国际体系的破坏。
报告说,特朗普政府对联合国机构、气候变化问题的冷漠,将对全球南方国家产生负面影响。中国人民大学国际事务研究所所长王义桅说,美国退出《巴黎协定》、退出世界卫生组织不仅削弱了全球治理体系的权威性和有效性,还削减了多边合作的动力,加剧了国际秩序的碎片化,加速世界向更加无序的格局演变。
美国副总统万斯14日在慕尼黑安全会议上发表讲话,批评包括德国在内的欧洲国家在民主、移民等问题上的政策立场。德国总理朔尔茨15日说,万斯发表言论支持德国选择党“不恰当”,外部干预德国政治“不合适”;法国外长巴罗15日说,欧洲不接受外部强加的模式。
王俊生说,万斯讲话采用的是一种居高临下的姿态,破坏了国与国平等交往的原则,对德国内政赤裸裸的干涉更是侵犯他国主权,是可能引发外交紧张的单边主义行为。   清华大学战略与安全研究中心副主任肖茜说,万斯的发言只字不提俄乌冲突、关税等问题,无视欧洲和世界各国的关切,欧洲官员和学者对此表现出很大失望。
王俊生说,俄乌冲突仍然是本届慕安会最重要的议题,虽然特朗普政府在积极推动谈判结束俄乌冲突,但欧洲普遍担心美国方案是否公平公正,是否能够实现持久和平,还是只是单纯为了服务美国的利益。
针对美国肆意挥舞“关税大棒”的做法,王义桅表示,这破坏了全球自由贸易体系和世贸组织规则,加剧贸易保护主义和经济民族主义,扰乱全球供应链,增加了世界经济发展的不确定性。
中共中央政治局委员、外交部长王毅14日在慕安会“中国专场”发表题为《坚定做变革世界中的建设性力量》的致辞,阐述中方对世界多极化的四点看法,即倡导平等相待、尊重国际法治、践行多边主义、坚持开放共赢。中国专家表示,致辞回应了各方关切,为当今不确定的世界提供了最大的确定性。中方推动构建平等有序的世界多极化的主张在多场活动上被广泛讨论,受到与会嘉宾的高度赞赏。(完)
1. 2月14日,慕安会主席克里斯托夫·霍伊斯根在慕尼黑安全会议开幕式上致辞。新华社记者 高静 摄