Connect with us

China

“တရုတ်နိုင်ငံ၏ ပြည်နယ်တစ်ခုအနေဖြင့် ထိုင်ဝမ်တွင် သီးခြားခွဲထွက်သည့် အနေအထားမရှိခြင်း” က ကုလသမဂ္ဂ၏ အစဉ်အမြဲ ရပ်တည်ချက်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

ပေကျင်း၊ မတ် ၁၀ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂနှင့် ၎င်း၏ အထူးအဖွဲ့အစည်းဌာနများက ထိုင်ဝမ်အရေးဆွေးနွေးရာတွင် အသုံးပြုသော အခေါ်အဝေါ်မှာ “တရုတ်နိုင်ငံ ထိုင်ဝမ်ပြည်နယ်” ဖြစ်ကြောင်း၊ “တရုတ်နိုင်ငံ၏ ပြည်နယ်တစ်ခုအနေဖြင့် ထိုင်ဝမ်တွင် သီးခြားခွဲထွက်သည့် အနေအထားမရှိ” ကြောင်း၊ ယင်းမှာ ကုလသမဂ္ဂ၏ အစဉ်အမြဲ ရပ်တည်ချက်ဖြစ်ပြီး အားလုံးမှာ စစ်ဆေးရန် မှတ်တမ်းမှတ်ရာအထောက်အထားများ ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က မတ် ၁၀ ရက်၌ ပြောကြားခဲ့သည်။

အဆိုပါနေ့ သတင်းစာရှင်းလင်းပွဲအတွင်းသတင်းထောက်တစ်ဦးက ၎င်းတို့အနေဖြင့် ယခင်ရက်သတ္တပတ်က အစည်းအဝေးကြီးနှစ်ရပ်၌ ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် ဝမ်ရိက “ကုလသမဂ္ဂမှာ ထိုင်ဝမ်ဒေသရဲ့ တစ်ခုတည်းသော အခေါ်အဝေါ်မှာ ‘တရုတ်နိုင်ငံ ထိုင်ဝမ်ပြည်နယ်’ ဖြစ်တယ်” ဟု ပြောကြားခဲ့သည်ကို သတိထားမိကြောင်း၊ ယင်းက ထိုင်ဝမ်အပေါ် တရုတ်ပြည်မကြီး၏မူဝါဒသည် ပိုမိုအားကောင်းတင်းမာလာသည်ကိုပြသနေသည်ဟု အမြင်များ ရှိကြကြောင်း၊ ပြောရေးဆိုခွင့်ရှိသူအနေဖြင့် ယင်းနှင့် ပတ်သက်၍ မည်သို့ ထင်မြင်ပါသနည်းဟု မေးမြန်းခဲ့သည်။

မော်နင်က ၁၉၇၁ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ဆုံးဖြတ်ချက်အမှတ် ၂၇၅၈ မှာ ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံ တစ်ခုတည်းသာရှိကြောင်း၊ ထိုင်ဝမ်သည် နိုင်ငံတစ်နိုင်ငံမဟုတ်ကြောင်း၊ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ကုလသမဂ္ဂတွင် တရုတ်နိုင်ငံ ကိုယ်စားပြုနေရာမှာ တစ်နေရာတည်းသာရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရသာလျှင် တစ်ခုတည်းသော တရားဝင်ကိုယ်စားလှယ်ဖြစ်သည်ကိုလည်း အတည်ပြုခဲ့ကြောင်း ပြောကြားခဲ့သည်။ ဤဆုံးဖြတ်ချက်ပါ သတ်မှတ်ချက်များကိုလိုက်နာဆောင်ရွက်ရန် ကုလသမဂ္ဂနှင့် ၎င်း၏ အထူးအဖွဲ့အစည်းဌာနများက ထိုင်ဝမ်အကြောင်း ဆွေးနွေးရာတွင် အသုံးပြုသော အခေါ်အဝေါ်မှာ “တရုတ်နိုင်ငံ ထိုင်ဝမ်ပြည်နယ် (Taiwan, Province of China)” ဖြစ်ကြောင်း၊ “တရုတ်နိုင်ငံ၏ ပြည်နယ်တစ်ခုအနေဖြင့် ထိုင်ဝမ်သည် သီးခြားခွဲထွက်သည့်အနေအထားမရှိ” ကြောင်းကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး၏ ဥပဒေရေးရာရုံး တရားဝင်ဥပဒေသဘောထားတွင် ထောက်ပြထားကြောင်း၊ ယင်းမှာ ကုလသမဂ္ဂ၏ အစဉ်အမြဲရပ်တည်ချက်ဖြစ်ပြီး အားလုံးမှာ စစ်ဆေးရန် မှတ်တမ်းမှတ်ရာ အထောက်အထားများရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ထိုင်ဝမ်အရေးမှာ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ကတစ်သမတ်တည်း၊ အတိအလင်း ဖြစ်တယ်။ မိမိတို့အနေနဲ့ တရုတ်တစ်နိုင်ငံတည်း မူဝါဒနဲ့ ‘၁၉၉၂ ခုနှစ် သဘောတူညီချက်” ကို အစဉ်အမြဲ အခိုင်အမာလက်ကိုင်ထားပြီး အကြီးမားဆုံး ရိုးသားမှု၊ အစွမ်းကုန်ကြိုးစားမှုဖြင့် ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးအလားအလာ ရရှိဖို့ ဆန္ဒရှိပါတယ်။ တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံအနေနဲ့ လိုအပ်မယ့် အစီအမံအားလုံးကို လုပ်ဆောင်သွားမှာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်နက်ပြည့်စုံမှုကို ကာကွယ်သွားမှာဖြစ်ကာ ထိုင်ဝမ် သီးခြားခွဲထွက်ရေးနဲ့ ပြင်ပအင်အားစုတွေရဲ့ စွက်ဖက်မှုကို ပြတ်ပြတ်သားသား ဆန့်ကျင်သွားမှာ ဖြစ်တယ်” ဟု မော်နင်က ပြောကြားခဲ့သည်။ (Xinhua)
……………………………….
(Chinese Version)
外交部:“台湾作为中国的一个省没有独立地位”是联合国一贯立场
新华社北京3月10日电(记者温馨、董雪)外交部发言人毛宁10日表示,联合国及其专门机构在提及台湾时,使用的称谓就是“中国台湾省”。“台湾作为中国的一个省没有独立地位”,这是联合国的一贯立场,均有案可查。
当日例行记者会上,有记者问:我们注意到,上周王毅外长在两会外长记者会上谈及台湾问题时表示,“台湾地区在联合国的唯一称谓就是‘中国台湾省’”。有观点认为这表明大陆对台政策更趋强硬。请问发言人如何看待?
毛宁表示,1971年联大第2758号决议明确了世界上只有一个中国,台湾不是一个国家,台湾是中国的一部分,明确了中国在联合国的席位只有一个,中华人民共和国政府是唯一合法代表。为恪守这一决议规定,联合国及其专门机构在提及台湾时,使用的称谓就是“中国台湾省”(Taiwan, Province of China)。联合国秘书处法律事务办公室官方法律意见明确指出,“台湾作为中国的一个省没有独立地位”。这是联合国的一贯立场,均有案可查。
“在台湾问题上,中方的立场是一贯的、明确的。我们始终坚持一个中国原则和‘九二共识’,愿以最大诚意、尽最大努力争取和平统一的前景。同时,中方将采取一切必要措施捍卫国家主权和领土完整,坚决反对‘台独’分裂和外部势力干涉。”她说。(完)