Connect with us

Africa & Middle East

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ အသစ်တစ်ဖန် ပြန်လည်ဖြစ်ပွားစဉ်ကာလအတွင်း အစ္စရေး လေကြောင်းလိုင်းကုမ္ပဏီ (EL AL) ၏ အမြတ်အစွန်းငွေ အရှိန်အဟုန်မြင့် တိုးတက်လာ

ဂျေရုဆလမ်၊ မတ် ၁၅ ရက် (ဆင်ဟွာ)
အစ္စရေး လေကြောင်းကုမ္ပဏီ (EL AL) ၏ ၂၀၂၄ ခုနှစ် အမြတ်အစွန်းငွေသည် သိသိသာသာ တိုးလာကာ စံချိန်သစ်တင် မြင့်မားလာကြောင်း ၎င်းကုမ္ပဏီ၏ မကြာသေးမီရက်က ထုတ်ပြန်ခဲ့သည့် ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ အသစ်တစ်ဖန် ပြန်လည်ဖြစ်ပွားလာချိန်မှစ၍ နိုင်ငံတကာ လေကြောင်းလိုင်းကုမ္ပဏီအများအပြားသည် အစ္စရေးသို့ ပျံသန်းသော လေကြောင်းခရီးစဉ်ကို ယာယီရပ်ဆိုင်းခဲ့ရာ ဆက်လက်လည်ပတ်လျက်ရှိသော လေကြောင်းလိုင်းကုမ္ပဏီများ၏ လေယာဉ်လက်မှတ်ဈေးနှုန်းသည် သိသိသာသာ မြင့်တက်လာခဲ့သည်။ EL AL ကုမ္ပဏီသည် အများစု လေကြောင်းလိုင်း လည်ပတ်မှုကို ထိန်းသိမ်းထားခြင်းမှတစ်ဆင့် ၂၀၂၃ ခုနှစ်၏ အသားတင်အမြတ်ငွေသည် စံချိန်တင်လောက်သော ကန်ဒေါ်လာ သန်း ၁၃၀ အထိရှိလာခဲ့ပြီး ယမန်နှစ်တွင် ပို၍ အရှိန်အဟုန်မြင့်စွာ ကန်ဒေါ်လာ ၅၄၅ သန်းခန့် အထိ တိုးတက်လာခဲ့သည်။

၂၀၂၄ ခုနှစ် အဆိုပါကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှုဝင်ငွေသည် ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၃၇ ရာခိုင်နှုန်းခန့် တိုးလာကြောင်း ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြခဲ့သည်။
အဆိုပါကုမ္ပဏီသည် အစ္စရေးမှ မြောက်အမေရိကသို့ လေကြောင်းခရီးစဉ်ကို လက်ဝါးကြီးအုပ်လုနီးပါး ချုပ်ကိုင်ထားပြီး ပျမ်းမျှခရီးသည်တင်ဆောင်မှုမှာလည်း ၉၆ ရာခိုင်နှုန်းအထိ မြင့်မားခြင်းက ၎င်း၏ အမြတ်အစွန်း သိသိသာသာတိုးတက်လာခြင်း၏ အဓိက အချက်ဖြစ်ကြောင်း The Times of Israel သတင်းစာတွင် ဖော်ပြထားသည်။ (Xinhua)
………………………..
(Chinese Version)
以色列航空公司在新一轮巴以冲突期间利润猛增
新华社耶路撒冷3月14日电(记者王卓伦 陈君清)以色列航空公司近日公布的数据显示,该公司2024年利润大幅增长,创下历史新高。
自2023年10月7日新一轮巴以冲突爆发以来,多家国际航空公司暂停飞往以色列的航班,而仍在运营的航空公司票价大幅上涨。以色列航空公司通过维持大多数航线的运营,2023年净利润达到创纪录的1.3亿美元,去年更是猛增至约5.45亿美元。
数据显示,2024年该公司营业收入较2023年也增长约37%。《以色列时报》报道,该公司几乎垄断以色列至北美航线,且平均客座率高达96%,成为其盈利大幅增长的主要因素。(完)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.