China
တရုတ်နိုင်ငံမှ အကူအညီပေးမှုများ မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီဟု တရုတ်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီဆို

ပေကျင်း၊ မတ် ၂၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၌ အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် တရုတ်နိုင်ငံအစိုးရသည် အရေးပေါ် လူသားချင်းစာနာမှု ကယ်ဆယ်ရေးလုပ်ငန်းများ စတင်မှုကို အစောဆုံးကြေညာခဲ့ကြောင်း တရုတ်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (CIDCA) ၏ ပြောရေးဆိုခွင့်ရှိသူ လီမိန်က မတ် ၂၉ ရက်တွင် မေးမြန်းချက်အား ဖြေကြားရာ၌ ပြောကြားခဲ့သည်။
လက်ရှိတွင် ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးနှင့် ဆေးကုသရေးအဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိပြီးဖြစ်ကာ ယင်းသည် မြန်မာနိုင်ငံသို့ရောက်ရှိသည့် ပထမဆုံး နိုင်ငံခြားကယ်ဆယ်ရေးအဖွဲ့ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ အခြားကယ်ဆယ်ရေးအဖွဲ့နှင့် ကယ်ဆယ်ရေးပစ္စည်းများသည်လည်း အမြန်ဆုံးရောက်ရှိလာမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများကြိုးပမ်းမှု၊ နိုင်ငံတကာ အသိုက်အဝန်း၏ ကူညီမှုဖြင့် မြန်မာနိုင်ငံမှ ငလျင်ဒဏ်သင့်ပြည်သူများသည် ယာယီအခက်အခဲကို ကျော်ဖြတ်နိုင်ပြီး နေရပ်ဌာနေအား ပြန်လည်တည်ဆောက်နိုင်မည်မှာ မုချဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
国合署:中方援助已抵缅甸
新华社北京3月29日电 国家国际发展合作署新闻发言人李明29日应询表示,缅甸强震发生后,中国政府第一时间宣布启动紧急人道主义救援行动。云南省救援医疗队已抵缅甸。这是首支抵达缅甸的外国救援队伍。中国其他救援队和救援物资将尽快抵达。相信在缅甸政府和人民努力以及国际社会帮助下,缅甸受灾民众一定会克服暂时困难,重建家园。(完)