Europe
လုပ်ငန်းခွင်များတွင် AI အစားထိုးသည့်အပေါ် နိုင်ငံအသီးသီး ပြည်သူများ၏ စိုးရိမ်မှုများကို လေ့လာမှုတစ်ခု၌ ဖော်ပြ

ဘာလင်၊ မတ် ၃ ရက် (ဆင်ဟွာ)
သင့်အနေဖြင့် စက်ရုပ်ဖြင့် သင်၏ သက်ကြီးရွယ်အိုမိဘများအား စောင့်ရှောက်ခိုင်းမည်လော။ သင့်အနေဖြင့် ဉာဏ်ရည်တု (AI) က သင့်အား ဆေးကုသမှုပေးခြင်းကို လက်ခံနိုင်ပါသလော။ AI ဦးဆောင်သည့် ညွှန်ကြားမှုများကို လိုက်နာရန် သင်ဆန္ဒရှိပါသလော။ မတူညီသော နိုင်ငံများမှ ပြည်သူများသည် လူသားများ၏ လုပ်ငန်းခွင်များတွင် AI အစားထိုးလာမှုအပေါ် စိုးရိမ်မှုမှာ ဘေဘုယျအားဖြင့် ပို၍ ရှိသော်လည်း ၎င်းတို့အနေဖြင့် မတူညီကြကြောင်း လတ်တလောတွင် ထုတ်ဝေထားသော “American Psychologist” ဂျာနယ်၏ လေ့လာမှုတစ်ရပ်၌ ဖော်ပြခဲ့သည်။
ဂျာမနီ Max Planck Institute for Human Development စသည့် အေဂျင်စီများမှ သုတေသီများသည် နိုင်ငံပေါင်း ၂၀ မှ လူပေါင်း ၁၀,၀၀၀ ခန့်ကို နမူနာစစ်တမ်းကောက်ယူခဲ့ရာ ဖြေဆိုသူများ၏ ဆေးပညာ၊ တရားစီရင်ရေး၊ သတင်း၊ စီမံခန့်ခွဲရေး စသည့် မတူသော နယ်ပယ်များတွင် AI အသုံးပြုခြင်းအပေါ် အမြင်သဘောထားများကို နားလည်ရန် ကြိုးစားခဲ့ကြသည်။
မတူညီသော နိုင်ငံများမှ ဖြေဆိုသူများ၏ လုပ်ငန်းခွင်များတွင် AI အသုံးပြုခြင်းအပေါ် စိုးရိမ်မှုအတိုင်းအတာ မတူညီကြကြောင်း၊ အိန္ဒိယ၊ ဆော်ဒီအာရေဗျနှင့် အမေရိကန်ရှိ ဖြေဆိုသူများ၏ ပျမ်းမျှကြောက်ရွံ့မှုအတိုင်းအတာသည် အမြင့်မားဆုံး ဖြစ်ရာ အထူးသဖြင့် AI က တရားသူကြီးနှင့် ဆရာဝန်စသည့် ဇာတ်ကောင်များနေရာ၌ အစားထိုးလုပ်ဆောင်ရာတွင် ဖြစ်ကြောင်း၊ ဆန့်ကျင်ဘက်အနေဖြင့် တူကီယဲ၊ ဂျပန်စသည့်နိုင်ငံများမှ ဖြေဆိုသူများ၏ ပျမ်းမျှကြောက်ရွံ့မှုအတိုင်းအတာသည် အနိမ့်ဆုံးဖြစ်ကြောင်း လေ့လာမှုရလဒ်တွင် ဖော်ပြခဲ့သည်။
သက်မွေးဝမ်းကျောင်းလုပ်ငန်းရှုထောင့်မှ ကြည့်လျှင် နိုင်ငံအများစုမှ ဖြေဆိုသူများက AI တရားသူကြီးမှာ လူကို အကြောက်ရွံ့စေဆုံးဖြစ်သည်ဟု ယူဆကြပြီး AI က သတင်းထောက်အနေဖြင့် ခြိမ်းခြောက်မှုသည် ပို၍နည်းပါးကြောင်း တွေ့ရသည်။ AI ဆရာဝန်၊ AI သူနာပြုဝန်ထမ်းစသည်တို့သည် အချို့သော နိုင်ငံများတွင်လည်း ပိုမိုပြင်းထန်သော ကြောက်ရွံ့သည့်ခံစားမှုများဖြစ်စေသည်။
AI ကို ကျွမ်းကျင်မှုနယ်ပယ်အသစ်တွင် အသုံးချသောအခါ အပျက်သဘောဆောင်များသက်ရောက်မှုအချို့ ရှိနိုင်ကြောင်း၊ ဤအပျက်သဘောဆောင်သက်ရောက်မှုများကို အနည်းဆုံးဖြစ်အောင် မည်သို့လျှော့ချရန်နှင့် တစ်ချိန်တည်းမှာပင် အပြုသဘောဆောင်သော သက်ရောက်မှုများကို မည်သို့ အကြီးဆုံးချဲ့ထွင်နိုင်ရန်မှာ နက်နက်နဲနဲ စူးစမ်းလေ့လာသင့်ကြောင်း၊ ယခုအကြိမ် လေ့လာစစ်ဆေးမှုသည် မတူညီသော လူမှုရေး၊ ယဉ်ကျေးမှုနောက်ခံတွင် လူတို့၏ AI အပေါ် အမြင်သဘောထားများကို ပိုမိုနားလည်ရန် အထောက်အကူပြုမည်ဖြစ်ပြီး အများသူငှာ ပိုမိုလွယ်ကူစွာ လက်ခံနိုင်သော AI ကိရိယာများ ဖန်တီးရေးအတွက် လေ့လာကိုးကားဖွယ်ရာ ဖြစ်စေကြောင်း သုတေသီက ပြောကြားခဲ့သည်။ (Xinhua)
…………………………………..
(Chinese Version)
研究揭示各国民众对AI替代工作的担忧
新华社柏林3月2日电 你会让机器人照顾年迈的父母吗?你能接受人工智能(AI)为你诊疗吗?你愿意听从AI领导的指挥吗?近期发表在《美国心理学家》期刊上的一项研究显示,不同国家民众对AI取代人类工作的担忧虽然较为普遍,但又不尽相同。
德国马克斯·普朗克人类发展研究所等机构的研究人员针对20个国家的约1万人开展抽样调查,试图了解受访者对于在医学、司法、新闻、管理等不同领域使用AI的看法。
结果显示,不同国家受访者对在工作场所使用AI的恐惧程度存在差异,印度、沙特阿拉伯和美国的受访者平均恐惧程度最高,特别是当AI充当法官和医生等角色时;相反,土耳其、日本等国的受访者平均恐惧程度最低。
从职业角度看,大多数国家的受访者认为AI法官最令人恐惧,而AI作为记者的威胁相对较小。AI医生、AI护理人员等在一些国家也引发了较强烈的恐惧情绪。
研究人员说,当AI应用于新的专业领域时,可能会产生一定负面影响。如何将这些负面影响降至最低,同时将积极影响最大化,值得深入探索。本次调查有助于更好地了解不同社会文化背景下人们对AI的看法,为开发更易被大众接受的AI工具提供参考。(完)
图说:2024年12月12日,在英国伦敦,人们参加2024世界慕课与在线教育大会。新华社记者李颖摄