Connect with us

Asia

ဂျပန်နိုင်ငံ အီဝါ့တဲခရိုင်တွင် တောမီးဆက်လက်လောင်ကျွမ်းနေ၊ မီးလောင်ကျွမ်းမှုဧရိယာ ၂,၁၀၀ ဟက်တာအထိ ရှိလာ

ဂျပန်နိုင်ငံ၊ အီဝါ့တဲခရိုင်၊ အိုဖူနာတိုမြို့တွင် မီးလောင်ကျွမ်းနေသော နေအိမ်အဆောက်အအုံကို ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Xinhua/ Reuters)

တိုကျို၊ မတ် ၃ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း အီဝါ့တဲခရိုင် အိုဖူနာတိုမြို့၏ တောမီးလောင်ကျွမ်းမှုဧရိယာသည် လက်ရှိတွင် ၂,၁၀၀ ဟက်တာခန့် တိုးချဲ့လာကြောင်း ဂျပန် ကျိုဒိုသတင်းဌာန၏ မတ် ၃ ရက် သတင်းအရ သိရသည်။
အိုဖူနာတိုမြို့ အစိုးရသည် လူပေါင်း ၄,၅၀၀ ကျော်ကို ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးရန် ညွှန်ကြားခဲ့ပြီးဖြစ်ကြောင်း သိရသည်။ စာရင်းအင်းအရ မတ်လ ၃ ရက် နံနက် ၇ နာရီအထိ လူပေါင်း ၁,၂၀၀ ခန့်ကို ယာယီနေရာချထားရေးစခန်းသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာက မီးသတ်ဌာနနှင့် ကိုယ်ပိုင်ကာကွယ်ရေးတပ်(JSDF)များကို တတ်နိုင်သမျှ ကြိုးပမ်းစုစည်းကာ တောမီးလောင်မှုကြောင့် နေအိမ်အဆောက်အအုံများပေါ် ထိခိုက်မှုများကို ကြိုးစား တားဆီးသွားမည်ဟု မတ်လ ၃ ရက်တွင် အောက်လွှတ်တော် ဘတ်ဂျက်ကော်မတီ အစည်းအဝေး၌ ပြောကြားခဲ့သည်။

လက်ရှိတွင် မီးငြှိမ်းသတ်ရာတွင် မီးသတ်သမား ၂,၀၀၀ ကျော်ပါဝင်လျက်ရှိကြောင်း ဂျပန်နိုင်ငံ ပြည်ထဲရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနရှိ မီးသတ်ဌာန၏ မတ်လ ၃ ရက် သတင်းအရ သိရသည်။
ယခုအကြိမ် တောမီးလောင်မှုသည် ဖေဖော်ဝါရီ ၂၆ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ အဆိုပါ တောမီးကြောင့် လူ ၁ ဦးသေဆုံးခဲ့ပြီး အဆောက်အအုံအများအပြားနှင့် သစ်တော ဧရိယာအများအပြား မီးလောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

ဂျပန်နိုင်ငံ၊ အီဝါ့တဲခရိုင်၊ အိုဖူနာတိုမြို့တွင် မီးငြှိမ်းသတ်ရာတွင် ပါဝင်ဆောင်ရွက်နေသော ရဟတ်ယာဉ်ကို ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Xinhua/ Agence France-Presse)

……………………….
(Chinese Version)
日本岩手县山火持续 过火面积已达2100公顷
新华社东京3月3日电(记者陈泽安 李子越)据日本共同社3日报道,日本东北部岩手县大船渡市的山火过火面积目前已扩大至约2100公顷。
大船渡市政府已向超过4500人发出疏散指示。据统计,截至3日上午7时,约1200人被疏散至临时安置点。
日本首相石破茂3日在众议院预算委员会会议上表示,将尽一切努力调动消防部门和自卫队前往救援,力求阻止山火对居民住宅的影响。
据日本总务省消防厅3日消息,目前已有约2000名消防员投入灭火工作。
此次山火发生于2月26日,已造成1人死亡,多栋房屋和大面积林地被焚毁。(完)
图说1:这是2月28日在日本岩手县大船渡市拍摄的起火的民房。新华社/路透
图说2:2月28日,在日本岩手县大船渡市,直升机参与灭火。新华社/法新