Connect with us

China

ဘီးတပ်ကုလားထိုင် အကပညာရှင်၊ ကုလားထိုင်တွင် ရပ်တည်ကာ ဘဝလင်းရောင်ခြည်ကို ထွန်းလင်းလျက်ရှိ

ဆုန့်အိုက်ရှာ (ဝဲ ဒုတိယ) နှင့် အဖွဲ့ဝင်များက နန်ကျင်းမြို့ ကူလိုခရိုင် ရှောင်စစ်လမ်း ပြည်သူ့ ဝန်ဆောင်မှုစင်တာတွင် အကအစမ်းလေ့ကျင့်နေသည်ကို ဧပြီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နန်ကျင်း၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)
ဧပြီ ၂၉ ရက်တွင် ကျရောက်မည့် ကမ္ဘာ့အကနေ့မတိုင်မီ တရုတ်နိုင်ငံ နန်ကျင်းမြို့ ကူလိုခရိုင် ရှောင်စစ်လမ်းတွင် ယိတောရှင်း ယဉ်ကျေးမှုအားကစားအကအဖွဲ့၏ ဘီးတပ်ကုလားထိုင် အကပညာရှင်များသည် ဘီးကို ခြေထောက်အဖြစ် အသုံးပြုကာ ပရဟိတဖျော်ဖြေတင်ဆက်မှု အစီအစဉ်အတွက် အစမ်းလေ့ကျင့်လျက်ရှိသည်။

အသက် ၅၈ နှစ်အရွယ် အကအဖွဲ့ခေါင်းဆောင် ဆုန့်အိုက်ရှာက ဘီးတပ်ကုလားထိုင်ကို လှည့်ကာ နွဲ့နှောင်းစွာ ကပြလျက်ရှိရာ ပေါ့ပါးသွက်လက်သော လက်နှစ်ဖက်က လှလှပပ ချိုးကွေ့ကပြခြင်းဖြင့် အဖွဲ့ဝင်များနှင့်အတူ စင်မြင့်ထက်တွင် ထွန်းလင်းတောက်ပလျက်ရှိသည်။

ယိတောရှင်း ယဉ်ကျေးမှုအားကစားအကအဖွဲ့ကို ၂၀၂၂ ခုနှစ် စက်တင်ဘာတွင် စတင်ထူထောင်ခဲ့ပြီး အပတ်စဉ် နှစ်ကြိမ် အကလေ့ကျင့်လေ့ရှိသည်။ လက်ရှိတွင် အဖွဲ့ဝင် ၁၄ ဦးရှိပြီး ၎င်းအနက် ၉ ဦးသည် ခန္ဓာကိုယ်အစိတ်အပိုင်း အဆင့် ၂ မသန်စွမ်းသူဖြစ်ကာ အခြား ၅ ဦးကလည်း အတိုင်းအတာမတူညီသော ကိုယ်ခန္ဓာ မသန်စွမ်းမှုများရှိသည်။

“အကအဖွဲ့ စတင်ထူထောင်တဲ့ ရည်ရွယ်ချက်က မသန်စွမ်းသူတွေ အိမ်ပြင်ထွက်ပြီး လူမှုအသိုက်အဝန်းမှာ ပေါင်းစည်းပါဝင်နိုင်ဖို့ပါ။ ယခု အကအဖွဲ့က ဘီးတပ်ကုလားထိုင်အက လေး၊ ငါးမျိုး လေ့ကျင့်ထားပြီးဖြစ်ပါတယ်။ အားလုံးကလည်း ရင်ကော့ခေါင်းမော့ပြီး ဘီးတပ်ကုလားထိုင်ပေါ်မှာ ထိုင်ကာ သီချင်းသံစဉ်နဲ့အတူ လက်တွေဆန့်တန်းရင်း၊ ခန္ဓာကိုယ်လှည့်ရင်း အကအဖွဲ့ပုံစံပြောင်းတာတွေ လုပ်ဆောင်နိုင်ပါပြီ” ဟု ဆုန့်အိုက်ရှာက ဆိုသည်။

အဆိုပါ ဘီးတပ်ကုလားထိုင်ပေါ်က အကအဖွဲ့၏ အဖွဲ့ဝင်တိုင်းက မိမိ၏အရောင်အသွေးစုံလင်သောဘဝကို အကဖြင့်ဖော်ဆောင်လျက်ရှိသည်။ အကနည်းပြဆရာမ ဝမ်ကြွယ်က မိမိစရိတ်ဖြင့် ကကွက်များကို သင်ယူခဲ့ပြီး အခမဲ့ပြန်လည်သင်ကြားပေးသည်။ ၎င်းသည် ကျွမ်းကျင်သောကကွက်များကို မသန်စွမ်းသူများ ဖျော်ဖြေတင်ဆက်ရန် သင့်လျော်သောဗားရှင်းအဖြစ် အသွင်ပြောင်းလိုက်သည်။

အသက် ၇၀ အရွယ်ရှိ သက်ကြီးအဖွဲ့ဝင် ကျန်းရှို့ချင်က တစ်နှစ်ပတ်လုံး ပျက်ရက်မရှိလာရောက် လေ့ကျင့်ခဲ့သည်။ ကြွက်သားအားနည်းရောဂါရှိသည့် အဖွဲ့ဝင် နီမိန်ကလည်း လအနည်းငယ်ကြာ ပင်ပင်ပန်းပန်း လေ့ကျင့်ပြီးနောက် ယပ်တောင်အကကို ကျွမ်းကျင်စွာကပြနိုင်ပြီဖြစ်သည်။

စင်မြင့်ထက်တွင် ဆုန့်အိုက်ရှာနှင့် အဖွဲ့ဝင်များသည် ဘီးတပ်ကုလားထိုင်ကို ညီညီညာညာလှည့်ရင်း ကကွက်များကို ကပြနေသည်မှာ နွဲ့နှောင်းသောအကကို တင်ဆက်ပြသနေရုံသာမက မသန်စွမ်းသူအုပ်စု၏ မဆုတ်မနစ်ကြိုးပမ်းသော စိတ်ဓာတ်ကိုလည်း ပေါ်လွင်စေပေသည်။

ဘီးတပ်ကုလားထိုင်က ၎င်းတို့၏ သာယာလှပသောဘဝအပေါ် မျှော်လင့်သည့်စိတ်ကို တားဆီးနိုင်မည် မဟုတ်ဟု ဆုန့်အိုက်ရှာက သတင်းထောက်ကို ပြောကြားခဲ့သည်။ အနုပညာဖြင့် ဘဝကိုထွန်းလင်းစေသည့် အဆိုပါ အကအဖွဲ့သည် ဘီးဖြင့် ဘဝလင်းရောင်ခြည်ကို ထွန်းလင်းလျက်ရှိပေသည်။ (Xinhua)

ဆုန့်အိုက်ရှာ (စင်မြင့်ပေါ် အရှေ့တန်း ယာ ဒုတိယ) နှင့် အဖွဲ့ဝင်များက နန်ကျင်းမြို့ ကူလိုခရိုင် ရှောင်စစ်လမ်း ပြည်သူ့ဝန်ဆောင်မှုစင်တာတွင် ရပ်ကွက်နေပြည်သူများအတွက် ဘီးတပ်ကုလားထိုင်အကဖြင့် တင်ဆက်ကပြနေသည်ကို ဧပြီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————–
(Chinese Version)
轮椅舞者:以轮为足舞动生命之光
新华社照片,南京,2025年4月28日
4月29日世界舞蹈日前夕,南京市鼓楼区小市街道艺多星文体舞蹈队的轮椅舞者,以轮为足排练公益演出节目。58岁的舞蹈队队长宋爱霞转动轮椅轻盈起舞,灵动的双臂划出优美弧线,和队员们一起在舞台上绽放光芒。
艺多星文体舞蹈队成立于2022年9月,每周进行两次排练,目前共有14名成员,其中9人是肢体2级残疾,另外5人也有不同程度的身体残疾。
宋爱霞说:“舞蹈队组建的初衷是希望残障人士能走出家门、融入社会。如今,舞蹈队已经排出四、五支轮椅舞,大家都能昂首挺胸地坐在轮椅上,跟随音乐伸臂、转身、变换队形。”
这支轮椅上的舞蹈队,每个成员都在舞出自己的精彩人生。舞蹈教练王珏自费学习编舞后无偿教学,将专业舞蹈动作拆解为适合残疾人表演的版本;70多岁的老队员张秀琴全年全勤;患有肌无力的队员倪明苦练数月终将扇子舞得行云流水。
舞台上,当宋爱霞和队员们整齐划一地转动着轮椅进行舞蹈动作,展现的不仅是动人舞蹈,更是残疾人群体自强不息的精神。
宋爱霞告诉记者,轮椅困不住他们向往美好生活的心。这群用艺术照亮人生的舞者,以轮为足舞动生命之光。
图说1:宋爱霞(左二)和队员在南京市鼓楼区小市街道便民服务中心排练舞蹈(4月27日摄)。 新华社记者 李博 摄
图说2:宋爱霞(舞台前排右二)和队员在南京市鼓楼区小市街道便民服务中心为社区居民表演轮椅舞蹈(4月27日摄)。新华社记者 李博 摄