Africa & Middle East
ချာဂို့စ်ကျွန်းစု သဘောတူညီချက်သည် မောရစ်သျှနိုင်ငံအတွက် “မဟာအောင်ပွဲကြီး” ဖြစ်သည်ဟု မောရစ်သျှနိုင်ငံ ဝန်ကြီးချုပ် ပြောကြား

Antananarivo၊ မေ ၂၃ ရက် (ဆင်ဟွာ)
ဗြိတိန်နိုင်ငံနှင့်အတူ မေ ၂၂ ရက်တွင် လက်မှတ်ရေးထိုးသော ချာဂို့စ်ကျွန်းစု သဘောတူညီချက်တွင် Diego Garcia ကျွန်းအပါအဝင် ချာဂို့စ်ကျွန်းစုတစ်ခုလုံးအပေါ် မောရစ်သျှ အချုပ်အခြာအာဏာရှိကြောင်း အတိအလင်း အသိအမှတ်ပြုခြင်းသည် မောရစ်သျှနိုင်ငံအတွက် “မဟာအောင်ပွဲကြီး” ဖြစ်ကြောင်း မောရစ်သျှနိုင်ငံ ဝန်ကြီးချုပ် Navin Ramgoolam က အဆိုပါနေ့တွင် ပြောကြားခဲ့ကြောင်း Port Louis သတင်းအရ သိရသည်။
Ramgoolam က ယင်းမှာ မောရစ်သျှနိုင်ငံ၏ နှစ် ၆၀ ကြာ တိုက်ပွဲဝင်ခဲ့သည့် ရလဒ်ဖြစ်ပြီး သဘောတူညီချက်က ၁၉၆၈ ခုနှစ် မောရစ်သျှနိုင်ငံ လွတ်လပ်ရေးရပြီးကတည်းက စတင်ခဲ့သော ကိုလိုနီအသွင် ဖယ်ရှားခြင်းလုပ်ငန်းစဉ်ကို အဆုံးသတ်စေခဲ့သည်ဟု အဆိုပါနေ့ ညပိုင်း ရုပ်သံလိုင်းတွင် မိန့်ခွန်းပြောကြားရာတွင် အလေးအနက်ထား ပြောကြားခဲ့သည်။
ဗြိတိန်နှင့် မောရစ်သျှတို့သည် မေ ၂၂ ရက်က သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ပြီး ချာဂို့စ်ကျွန်းစုအချုပ်အခြာအာဏာကို မောရစ်သျှထံ တရားဝင်လွှဲပြောင်းပေးခဲ့သည်။ အဆိုပါဒေသရှိ Diego Garcia စစ်အခြေစိုက်စခန်းကို မောရစ်သျှနိုင်ငံမှ ဗြိတိန်နှင့် အမေရိကန်ကို ငှားရမ်းပေးမည်ဖြစ်ကြောင်း သဘောတူညီချက်ပါ အကြောင်းအရာများအရ သိရသည်။
ချာဂို့စ်ကျွန်းစုသည် မောရစ်သျှနိုင်ငံ အရှေ့မြောက်ဘက် ၇၅၀ ကီလိုမီတာအကွာရှိ အိန္ဒိယသမုဒ္ဒရာ အနောက်တောင် ပင်လယ်ပြင်တွင် တည်ရှိသည်။ မောရစ်သျှနိုင်ငံသည် ၁၉၆၅ ခုနှစ်တွင် ဗြိတိသျှကိုလိုနီအာဏာပိုင်များထံ ချာဂို့စ်ကျွန်းစုကို မဖြစ်မနေအပ်နှံခဲ့ရသည်။ ဗြိတိန်နိုင်ငံက ဒုတိယနှစ်တွင် အဓိကကျွန်းဖြစ်သော Diego Garcia ကို အမေရိကန် လေတပ်စခန်းတည်ဆောက်ရန် ငှားရမ်းခဲ့ပြီး ဒေသခံ ၂,၀၀၀ ခန့်ကို နှင်ထုတ်ခဲ့သည်။ (Xinhua)
………………………
(Chinese Version)
毛里求斯总理:查戈斯群岛协议是毛里求斯的“伟大胜利”
新华社塔那那利佛5月22日电(记者凌馨)路易港消息:毛里求斯总理拉姆古兰22日表示,当天同英国签署的查戈斯群岛协议明确承认毛里求斯对包括迪戈加西亚岛在内的整个查戈斯群岛拥有主权,这是毛里求斯取得的一场“伟大胜利”。
拉姆古兰当晚在电视讲话中强调,这是毛里求斯斗争60年的结果,协议为始于1968年毛里求斯独立以来的去殖民化进程画上了句号。
英国和毛里求斯22日签署协议,查戈斯群岛主权被正式移交给毛里求斯。根据协议内容,位于该地区的迪戈加西亚军事基地将由毛里求斯租借给英国和美国。
查戈斯群岛位于毛里求斯东北方向大约750公里的印度洋西南海域。毛里求斯1965年被迫向英国殖民当局割让查戈斯群岛。英国次年把主岛迪戈加西亚租给美国建空军基地,为此驱逐大约2000名居民。(完)