Connect with us

China

တရုတ်ကယ်ဆယ်ရေးအဖွဲ့နှင့် တရုတ်နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တို့ ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ အကြီးစားကယ်ဆယ်ရေးအဖွဲ့ စွမ်းရည်ပြန်လည်စစ်ဆေးမှုကို အဆင်ပြေချောမွေ့စွာ အောင်မြင်ခဲ့

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ အမျိုးသား ငလျင်အရေးပေါ် ကယ်ဆယ်ရေး လေ့ကျင့်ရေးအခြေစိုက်စခန်းတွင် ငလျင်ရှာဖွေကယ်ဆယ်ရေး သရုပ်ဖော်လေ့ကျင့်နေသော တရုတ်နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့ဝင်များက “ပိတ်မိနေသူများကို” အောင်မြင်စွာ ကယ်ထုတ်လာသည်ကို မေ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၃၀ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်ရေးရုံး၊ အပြည်ပြည်ဆိုင်ရာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အကြံပေးအဖွဲ့သည် နိုင်ငံ ၁၄ နိုင်ငံမှ နိုင်ငံတကာ အကဲဖြတ်ပညာရှင် ၁၈ ဦးအား ဖွဲ့စည်း၍ တရုတ်ကယ်ဆယ်ရေးအဖွဲ့နှင့် တရုတ်နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တို့အပေါ် စည်းကမ်းတင်းကျပ်သော၊ ဘက်စုံဖြစ်သော၊ စနစ်တကျရှိသော အရည်အချင်းစိစစ်မှုများကို မေ ၂၇ ရက်မှ မေ ၂၈ ရက်အထိ လုပ်ဆောင်ခဲ့သည်။ ခက်ခဲနက်နဲသော၊ အဆက်မပြတ်ဖြစ်သော ငလျင်အပြီး ရှာဖွေရေးနှင့် ကယ်ဆယ်ရေးကို နာရီ ၄၀ ကျော်ကြာ လက်တွေ့လှုပ်ရှားလေ့ကျင့်မှုပြီးနောက် အပြည်ပြည်ဆိုင်ရာ အကဲဖြတ်ပညာရှင်များက တရုတ်ကယ်ဆယ်ရေးအဖွဲ့နှင့် တရုတ်နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တို့က ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ အကြီးစားကယ်ဆယ်ရေးအဖွဲ့ စွမ်းရည်ပြန်လည်စစ်ဆေးမှုကို အောင်မြင်ကြောင်း တစ်ပြိုင်တည်း သဘောတူခဲ့ကြသည်။ လက်ရှိတွင် ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ အကြီးစားကယ်ဆယ်ရေးအဖွဲ့ စစ်ဆေးအကဲဖြတ်မှု အောင်မြင်ထားသော ကယ်ဆယ်ရေးအဖွဲ့ ၃၃ ဖွဲ့ရှိပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ အမျိုးသား ငလျင်အရေးပေါ် ကယ်ဆယ်ရေး လေ့ကျင့်ရေးအခြေစိုက်စခန်းတွင် ငလျင်ရှာဖွေကယ်ဆယ်ရေး သရုပ်ဖော်လေ့ကျင့်နေသော တရုတ်နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့ဝင်များက “ငလျင်ဒဏ်သင့်နေရာ၌” သယ်ဆောင်ရေးစနစ်ဖြင့် “ကံကောင်းစွာ အသက်ရှင်ကျန်ရစ်သူ” အား အမြင့်မှ မြေပြင်သို့ စောင်း၍ ရွှေ့ပြောင်းလာသည်ကို မေ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………
(Chinese Version)
中国救援队和中国国际救援队顺利通过联合国国际重型救援队能力复测
新华社照片,北京,2025年5月29日
5月27日至28日,联合国人道主义事务协调办公室、国际搜索与救援咨询团组织来自14个国家的18名国际测评专家对中国救援队、中国国际救援队进行了严格、全面和规范的考核。经过40多个小时高强度、不间断的地震搜救实战演练,国际测评专家一致同意中国救援队、中国国际救援队通过联合国国际重型救援队能力复测。目前,全世界已有33支救援队通过联合国国际重型救援队测评。
图说1:5月28日,中国国际救援队在位于北京的国家地震紧急救援训练基地进行地震搜救演练,这是队员成功将建筑物中的“被困人员”营救出来。新华社记者 金良快 摄
图说2:5月28日,中国国际救援队在位于北京的国家地震紧急救援训练基地进行地震搜救演练,这是队员在“地震现场”利用转运系统将“幸存者”从高处斜向转移至地面。新华社记者 金良快 摄