Africa & Middle East
ဗြိတိန်ဝန်ကြီးချုပ် ပဋိပက္ခဖြစ်ပွားမှုအတွင်း အစ္စရေးသို့ ရောက်ရှိ
ဂျေရုဆလမ်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)
လက်ရှိဖြစ်ပွားနေသော အစ္စရေးနှင့် ဟားမက်စ်အဖွဲ့ကြား ပဋိပက္ခအတွင်း ဗြိတိန်အနေဖြင့် အစ္စရေးကို ထောက်ခံကြောင်း အစ္စရေးနိုင်ငံ၌ ရောက်ရှိနေသော ဗြိတိန်ဝန်ကြီးချုပ် ရီရှီ ဆူနက်ခ်က အောက်တိုဘာ ၁၉ ရက်တွင် ကတိပြုခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် တွေ့ဆုံပြီးနောက် ဆူနက်ခ်က ၎င်းအနေဖြင့် “မိတ်ဆွေ” အဖြစ် အစ္စရေးနိုင်ငံနှင့် ရပ်တည်လျက်ရှိသလို အစ္စရေးက “စစ်ပွဲကို အောင်နိုင်မည်” ဟု မျှော်လင့်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
နေတန်ယာဟုကလည်း အစ္စရေးနိုင်ငံအနေဖြင့် “ကြာရှည်သော စစ်ပွဲ” အတွက် “အကူအညီ ဆက်လက်” လိုအပ်ကြောင်း ပြောခဲ့သည်။
ထို့ပြင် ဗြိတိန်ဝန်ကြီးချုပ်သည် အစ္စရေးနိုင်ငံ သမ္မတ Isaac Herzog နှင့် တွေ့ဆုံခဲ့ပြီး ၎င်းအနေဖြင့် အစ္စရေးကို ထောက်ခံကြောင်း အလေးထားပြောကြားခဲ့သလို ဂါဇာသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများအတွက်လည်း တိုက်တွန်းခဲ့သည်။
“ပါလက်စတိုင်းတွေက ဟားမက်စ်အဖွဲ့ လုပ်ဆောင်မှုရဲ့ သားကောင်တွေဖြစ်ပါတယ်။ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ဝင်ရောက်နိုင်ရေး ဆက်လက်ကူညီဖို့ အရေးကြီးပါတယ်” ဟု ၎င်းက ပြောခဲ့သည်။
ယခုသီတင်းပတ်အစောပိုင်းအတွင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်၊ ဂျာမနီဝန်ကြီးချုပ် Olaf Scholz နှင့် အခြားအနောက်နိုင်ငံ ခေါင်းဆောင်များ၏ ခရီးစဉ်ပြီးနောက် ဆူနက်ခ်၏ အစ္စရေးခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။ (Xinhua)
………………………………
(English Version)
British PM visits Israel, pledges support amid conflict
JERUSALEM, Oct. 19 (Xinhua) — Visiting British Prime Minister Rishi Sunak pledged Thursday British support for Israel amid the ongoing conflict between Israel and the Islamic Resistance Movement (Hamas).
Speaking to reporters after a meeting with his Israeli counterpart Benjamin Netanyahu, Sunak said he stands with Israel as a “friend” and hopes Israel to “win the war.”
For his part, Netanyahu said Israel needed “continual support” for “a long war.”
The British prime minister also held a meeting with Israeli President Isaac Herzog, during which he urged humanitarian aid to Gaza while stressing support for Israel.
“Palestinians are victims of what Hamas has done. It’s important that we continue to provide humanitarian access,” he said.
Sunak’s visit to Israel follows trips made by U.S. President Joe Biden, German Chancellor Olaf Scholz, and several other Western leaders earlier this week.
Photo: British Prime Minister Rishi Sunak delivers a keynote speech at the Conservative Party’s annual conference in Manchester, Britain, on Oct. 4, 2023. (Xinhua)