China
ရှီ၏ ဇာတ်ကြောင်း – ပါတီသို့ ဝင်ရောက်ရန် လျှောက်လွှာပေါင်း ၁၀ စောင်ရေးသားပေးပို့ခဲ့ရ
ပေကျင်း၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)
ဇူလိုင် ၁ ရက်သည် တရုတ်ကွန်မြူနစ်ပါတီ (CPC) တည်ထောင်ခြင်း နှစ်ပေါင်း ၁၀၁ နှစ်မြောက် နှစ်ပတ်လည်အခါသမယဖြစ်သည်။ ၉၆ သန်းကျော်ရှိပြီဖြစ်သော CPC ၏ ပါတီဝင်တစ်ဦးတစ်ယောက်စီတိုင်းသည် ပါတီသို့ ဝင်ရောက်ရန် လျှောက်လွှာတစ်စောင် တင်သွင်းရသည်မှာ ဘဝ၌ အရေးပါသောအခိုက်အတန့်ပင် ဖြစ်သည်။
CPC ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သော ရှီကျင့်ဖိန်သည်လည်း သန်းနှင့်ချီသော ပါတီဝင်များမတိုင်မီနှင့် သန်းပေါင်းများစွာသောပါတီဝင်များပြီးနောက် ယခုလိုအရေးပါလှသော ဖြစ်ရပ်ကို များစွာကြုံတွေ့ခဲ့ဖူးသည်။ သို့ရာတွင် ၎င်း၏ ပါတီဝင်လျှောက်ထားမှုသည် အလွန်တရာ ကြိုးပမ်းအားထုတ်ခဲ့ရပြီး ဖြေရှင်းမှုများ လုပ်ဆောင်ခဲ့ရသည်။ ၎င်းအနေဖြင့် နောက်ဆုံး၌ ပါတီသို့ ဝင်ရောက်ခွင့်မရမီအချိန်အထိ စုစုပေါင်း ၁၀ စောင်အား စေ့စပ်သေချာစွာ ရေးသားခဲ့ကာ တင်သွင်းခဲ့ရသည်ဟု ဆိုသည်။
၁၉၆၉ ခုနှစ်က အသက် ၁၆ နှစ်စွန်းစွန်းသာရှိသော ရှီသည် ကျေးလက်လူနေမှုဘဝနှင့် လုပ်ငန်းခွင်များအား အတွေ့အကြုံရယူရန် နိုင်ငံတစ်ဝန်းရှိ မြို့ပြပညာတတ်လူငယ်များ စည်းရုံးလှုံ့ဆောင်မှုအနက် တစ်ခုအဖြစ် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ်ရှိ ကျေးရွာငယ်တစ်ခုဖြစ်သည့် လျန်ကျားကျဲကျေးရွာသို့ ရောက်ရှိလာခဲ့သည်။
ပတ်ဝန်းကျင်အခြေအနေ ရုတ်တရက်ပြောင်းသွားခဲ့သော်ငြားလည်း ရှီသည် မကြာမီအချိန်အတွင်းမှာပင် ကျေးလက်ဘဝနှင့် လယ်ယာလုပ်ငန်း၌ လုပ်အားအသုံးပြုလုပ်သားဘဝ၌ နေသားကျလာခဲ့သည်။ ယင်းမှာ ရှီအား ပြည်သူကို အလေးထားသော ဒဿနကို သင်ကြားပေးခဲ့ပြီး ပါတီအတွင်း သူ၏ ယုံကြည်မှုကို ခိုင်မာစေခဲ့သည့် လျန်ကျားဟဲကျေးရွာ၌ ရှီ၏ဖြတ်သန်းခဲ့သောနှစ်ကာလများဖြစ်သည်။
ပြည်သူများအတွက် တာဝန်ထမ်းရွက်ရန် ရှီ၏ စိတ်အားထက်သန်မှုကို လျန်ယွီမင်က သတိပြုမိခဲ့ပြီး နောက်ပိုင်းတွင် ရှီက ကျေးရွာပါတီအကြီးအကဲ ဖြစ်လာခဲ့သည်။ လျန်၏ တိုက်တွန်းအားပေးမှုဖြင့် ရှီသည် ပါတီဝင်ရန် ပထမဆုံး လျှောက်လွှာကို တင်သွင်းခဲ့သည်။ သို့ရာတွင် ထိုအချိန်က နိုင်ငံရေးအခြေအနေများကြောင့် လျှောက်လွှာကို ချက်ချင်း ခွင့်မပြုခဲ့ပေ။ ရှီ၏ ပါတီဝင်လျှောက်ထားမှုကို ကူညီနေသည့်အတွက် လျန်အား ဝေဖန်ပြစ်တင်ခြင်းခံခဲ့ရသည်။
ရှီကမူ အရှုံးပေးခြင်းမရှိပေ။ ၎င်းသည် ထပ်ခါတလဲလဲပင် လျှောက်ထားခဲ့ရာ နောက်ထပ် လျှောက်လွှာစုစုပေါင်း ၉ စောင်အထိ ရေးသားလျှောက်ထားခဲ့သည်။
“ရှီက ပါတီကို ဝင်ရောက်ဖို့ စိတ်ဆုံးဖြတ်ထားတာ” ဟု လျန်ကျားဟဲကျေးရွာသား စစ်ချွန်းယန်က ဆိုသည်။ “ဘာကြောင့်လဲ။ ဘာလို့လဲဆိုတော့ ရှီက ပြည်သူတွေကို စောင့်ရှောက်ပြီးတော့ သူတို့အတွက် လက်တွေ့ကျပြီး အဓိပ္ပါယ်ပြည့်ဝတဲ့အရာတွေကို လုပ်ဆောင်ပေးချင်တာကြောင့်ပါပဲ”
နောက်ဆုံးတွင်မူ ၎င်း၏ အလုပ်ကြိုးစားမှုနှင့် စိတ်သဘောထားကြောင့် ကျေးရွာသားများထံမှ ရရှိခဲ့သော လေးစားမှုက အရေးပါသော လွှမ်းမိုးမှုကဏ္ဍများဖြင့် သက်သေပြလာခဲ့ဖွယ်ရှိသည်။ နောက်ဆုံးတွင်မူ ရှီ၏ လျှောက်လွှာကို လက်ခံခဲ့သည်။ ရှီသည် ၁၉၇၄ ခုနှစ်တွင် ပါတီသို့ဝင်ရောက်ခဲ့ပြီး နောက်ပိုင်းတွင် လျန်ကျားကျဲကျေးရွာ၏ ပါတီအကြီးအကဲဖြစ်လာခဲ့သည်။
“ရွာသားတွေက သူ့ကို ထောက်ခံခဲ့ကြတယ်။ သူ့ကိုယုံကြည်ပြီး ခွင့်ပြုခဲ့ကြတယ်။ ကျေးရွာပါတီ အကြီးအကဲအဖြစ် သူ့ကိုခန့်အပ်ဖို့ အားလုံးက သဘောတူခဲ့ကြတာ” ဟု ဝန်းအန်းရိမြို့ ပါတီကော်မတီ၏ အဖွဲ့ဝင်ဟောင်း ရန်စစ်ကျုံးက ပြောခဲ့သည်။
ကျေးရွာ ပါတီအကြီးအကဲအဖြစ် ရှီသည် လယ်ယာမြေရေကြီးရေလျှံဖြစ်ခြင်းမှ ကာကွယ်ရန် ဆည်တစ်ခု၊ ရွာသူရွာသားများ၏ ချက်ပြုတ်ရေးနှင့် မီးအလင်းရောင်ရရှိရေးအတွက် မီသိန်းဓာတ်ငွေ့လှောင်ကန်တစ်ခုနှင့် သီးနှံကြိတ်ခွဲစက်တစ်လုံး တည်ဆောက်ခြင်း အပါအဝင် စီမံကိန်းများစွာ ဦးဆောင်ဦးရွက်ပြုခဲ့သည်။
ရှီသည် အမြဲတစေ ပြည်သူများကို ဦးထိပ်ထားကာ ၎င်းကိုယ်တိုင် ကျစ်ကျစ်လျစ်လျစ်နေထိုင်လေ့ရှိကြောင်း စစ်က ပြောခဲ့သည်။ “သူက ကျေးရွာအတွက် လက်တွေ့ကျတဲ့အရာတွေ အများကြီးဆောင်ရွက်ခဲ့တယ်။ ပါတီဝင်တွေနဲ့ တာဝန်ရှိသူတွေအကြား ဦးဆောင်ဦးရွက်ပြုခဲ့တယ်”
“ပြည်သူ့ဝန်ထမ်းကောင်းတစ်ယောက်အဖြစ် ကျွန်တော်ဟာ မြောက်ပိုင်း ဆန်ရှီး ကုန်းပြင်မြင့်မှာ နက်ရှိုင်းတဲ့ အရင်းခံအကြောင်းတရားတွေ ရှိခဲ့တယ်။ ဘာလို့လဲဆိုတော့ အဲဒီကျေးရွာက ကျွန်တော့်ကို ပြည်သူတွေအတွက် လက်တွေ့လုပ်ဆောင်ရမယ်ဆိုတဲ့ မပြောင်းလဲတဲ့မစ်ရှစ်ကို ပျိုးထောင်ပေးခဲ့လို့ပါပဲ” ဟု ရှီက လျန်ကျားဟဲတွင် နေထိုင်စဉ်ကာလများကို ပြန်ပြောင်းအမှတ်ရလျက် ရေးသားခဲ့ဖူးသည်။
ရှီသည် ပါတီသို့ ဝင်ရောက်ခဲ့ချိန်မှစ၍ သူ၏မူလရည်မှန်းချက်ဖြစ်သော ပြည်သူများ၏ ပျော်ရွှင်မှုနှင့် နိုင်ငံကို အားသစ်လောင်းမှုကို ရှာဖွေရန် အမြဲတစေထိန်းသိမ်းခဲ့သည်။
၂၀၁၂ ခုနှစ်တွင် ပါတီ၏ ထိပ်တန်းရာထူးကို လက်ခံပြီးနောက် တစ်လပင်မကြာသေးသောအချိန်၌ ရှီက တရုတ်နိုင်ငံ၏ အမျိုးသား အားသစ်လောင်းအိပ်မက်ကို အဆိုပြုခဲ့သည်။ ထိုအချိန်မှစ၍ ရှီသည် ဆင်းရဲနွမ်းပါးမှု အပြည့်အဝ လျှော့ချရေး၊ ကဏ္ဍအားလုံးတွင် အသင့်အတင့် ကြွယ်ဝပြည့်စုံသောလူမှုအသိုက်အဝန်းတစ်ခု တည်ဆောက်ရေး၏ ပထမရာစုပန်းတိုင်ကို နားလည်သဘောပေါက်ရန် သမိုင်းဝင် ကြိုးပမ်းအားထုတ်မှုများကို ဦးဆောင်ခဲ့ပြီးဖြစ်သည်။
ပါတီဝင်ကျမ်းသစ္စာကျိန်ဆိုထားသည့် “ပါတီအပေါ် သစ္စာစောင့်သိပါမည်။ ကျွန်ုပ်၏ ဘဝတစ်လျှောက်လုံး ကွန်မြူနစ်ဝါဒအတွက် ကြိုးစားလုပ်ဆောင်ကာ တိုက်ခိုက်သွားပါမည်။ ပါတီနှင့် ပြည်သူများအတွက် ကျွန်ုပ်၏ အရာအားလုံးကို အချိန်တိုင်း ပေးဆပ်သွားရန် အသင့်ရှိပါသည်” ဟူ၍ ပြောကြားခဲ့သဖြင့် အဆိုပါ အောင်မြင်မှုရလဒ်များအကြား ပါတီသို့ဝင်ရောက်ခဲ့ချိန်က ရှီ၏ တူညီသော သံန္နိဋ္ဌာန်တို့မှ လွဲချော်နိုင်ရန်မှာ ခက်ခဲပေမည်။ (Xinhua)
…………………………………..
(English Version)
Xi Story: 10 application letters to join the Party
Source: Xinhua
Editor: huaxia
2022-07-01 01:48:30
BEIJING, June 30 (Xinhua) — July 1 this year marks the 101st anniversary of the founding of the Communist Party of China (CPC). For each of its 96 million plus members, submitting an application letter to join the Party is a significant moment in life.
Like the millions before him, and the millions after, Xi Jinping, general secretary of the CPC Central Committee, too experienced this momentous life event. His application, however, took tremendous effort and resolve. A total of 10 application letters were meticulously penned and submitted until he finally joined the Party.
In 1969, Xi, barely 16 years old, arrived in Liangjiahe, a small village in northwest China’s Shaanxi Province, as one of the urban educated youths nationwide mobilized to experience rural life and work.
Despite the sudden change of surroundings, Xi soon settled into village life and the manual labor of farm work. It was Xi’s years in Liangjiahe that taught him the people-oriented philosophy and solidified his faith in the Party.
Xi’s passion to serve the people was noticed by Liang Yuming, then village Party chief. Encouraged by Liang, Xi submitted his first application letter to join the Party. However, due to political circumstances at that time, the application was not immediately approved. Liang was even chastised for helping Xi submit his application.
Yet Xi did not give up. He applied again, and again, and again; nine more letters in total.
“Xi was determined to join the Party,” said Liangjiahe villager Shi Chunyang. “Why? Because he cared about the people, and wanted to do practical and meaningful things for them.”
In the end, the respect he had earned from the villagers for his hard work and attitude would prove to be crucially influential factors. Xi’s application was finally accepted. He joined the Party in 1974, and later became the village Party chief of Liangjiahe.
“Villagers supported him. They trusted him and approved him. They all wanted to make him their village Party chief,” said Yang Shizhong, a former member of the Wen’anyi Commune Party committee.
As village Party chief, Xi spearheaded a series of initiatives, including a dam that would protect farmland from floods, a methane tank to provide villagers with gas for their cooking and lighting, and a mill.
Xi always put people first and was strict with himself, Shi said. “He did a lot of practical things for the village. He took the lead among the Party members and officials.”
“As a public servant of the people, I have my roots deep in the northern Shaanxi plateau because it cultivated my unchanging mission: to do practical things for the people!” Xi once wrote while recalling his years in Liangjiahe.
Since he joined the Party, Xi has always maintained his original aspiration to seek happiness for the people and rejuvenation for the nation.
Less than a month after assuming the Party’s top post in late 2012, Xi put forward the Chinese Dream of national rejuvenation. Since then, he has already led the historic efforts to eliminate absolute poverty and realize the first centenary goal of building a moderately prosperous society in all respects.
It is hard to miss the same determination and faith Xi exhibited when joining the Party in these achievements, as is expressed in the Party admission oath — “be loyal to the Party, work hard, fight for communism throughout my life, be ready at all times to sacrifice my all for the Party and the people.” ■
Photo : Aerial photo taken on July 29, 2020 shows a view of Liangjiahe Village of Yanchuan County in Yan’an, northwest China’s Shaanxi Province. Liangjiahe Village, used to be a barren mountain village, has been lifted out of poverty through the development of rural tourism and characteristic agriculture over years. (Xinhua/Zhang Bowen)