Connect with us

Europe

ရုရှားရှိ လေယာဉ်ထုတ်လုပ်ရေးစက်ရုံသို့ မြောက်ကိုရီးယား ခေါင်းဆောင် သွားရောက်လေ့လာ

ကိုရီးယားအလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် မြောက်ကိုရီးယား နိုင်ငံတော်ရေးရာကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်းကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - KCNA via Xinhua)

ဆိုးလ်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်းသည် ရုရှားခရီးစဉ်အတွင်း ရုရှား အရှေ့ဖျားဒေသရှိ စက်မှုလုပ်ငန်းအချက်အချာနေရာဖြစ်သော Komsomolsk-on-Amur မြို့တွင် ရောက်ရှိနေစဉ် အဓိကလေယာဉ်စက်ရုံသို့ စက်တင်ဘာ ၁၅ ရက်က သွားရောက်လေ့လာခဲ့ကြောင်း Korean Central News Agency (KCNA) က စက်တင်ဘာ ၁၆ ရက် သတင်းတွင် ဖော်ပြထားသည်။

ကိုရီးယားအလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် မြောက်ကိုရီးယား နိုင်ငံတော်ရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင် သည် Yuri Gagarin Aviation စက်ရုံသို့သွားရောက်လေ့လာစဉ် Su-57 တိုက်လေယာဉ်ဖြင့် လိုက်ပါကာ လေယာဉ်၏ နည်းပညာဆိုင်ရာ အသေးစိတ်ဖော်ပြချက်များနှင့် ပျံသန်းမှုစွမ်းဆောင်ရည်ကို လေ့လာခဲ့ပြီး Su-35 တိုက်လေယာဉ် သရုပ်ပြပျံသန်းမှုကိုလည်း ကြည့်ရှုခဲ့သည်။ ထို့ပြင် ကင် သည် ယင်းစက်ရုံမှထုတ်လုပ်သော ခရီးသည်တင်လေယာဉ်၏ စွမ်းဆောင်မှုကိုလည်း လေ့လာခဲ့ကြောင်း သတင်းအရ သိရသည်။

ကင် သည် ရုရှား လေယာဉ်ထုတ်လုပ်ရေးစက်ရုံ၏ သီးခြားရပ်တည်မှုအလားအလာနှင့် ခေတ်မီမှုကို အထင်ကြီးလေးစားခဲ့ကြောင်း သတင်း၌ ဖြည့်စွက်ဖော်ပြထားသည်။

၁၉၃၄ ခုနှစ်တွင် တည်ထောင်ခဲ့သော Yuri Gagarin Aviation စက်ရုံသည် ရုရှားကာကွယ်ရေးစက်ရုံနှင့် လေကြောင်း သယ်ယူပို့ဆောင်ရေးစက်ရုံ၏ အရေးပါသော အခြေစိုက်စခန်းတစ်ခု ဖြစ်သည်။ (Xinhua)

………………………………
(English Version)
Top DPRK leader visits Russian aviation plant
SEOUL, Sept. 16 (Xinhua) — Kim Jong Un, top leader of the Democratic People’s Republic of Korea (DPRK), visited on Friday a major aviation plant upon his arrival in Komsomolsk-on-Amur, an industrial center in the Russian Far East, during his ongoing visit to the country, the official Korean Central News Agency (KCNA) reported Saturday.
During the visit to Yuri Gagarin Aviation Plant, Kim, general secretary of the Workers’ Party of Korea and president of the State Affairs of the DPRK, got on a Su-57 fighter jet to hear a detailed explanation of its technical specifications and flight performance and watched flight demonstration of a Su-35 fighter jet. He also learned about the performance of the passenger aircraft produced at the factory, the report said.
Kim was deeply impressed with the independent potential and modernity of the Russian aircraft manufacturing industry, it added.
Founded in 1934, Yuri Gagarin Aviation Plant is a pivotal base of the Russian defense industry and air transport industry.
Photo: Kim Jong Un, general secretary of the Workers’ Party of Korea and president of the State Affairs of the Democratic People’s Republic of Korea (DPRK), attends the celebration in Pyongyang, capital of the DPRK, Sept. 8, 2023. (KCNA via Xinhua)