Connect with us

Media

လစ်ဗျားနိုင်ငံတွင် ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၃၈,၆၄၀ နေအိမ်ရွှေ့ပြောင်းခဲ့ရပြီး ရေညစ်ညမ်းမှု၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများကြောင့် နေ့စဉ်လူမှုဘဝအပေါ် ထိခိုက်မှုများ ရှိနေ

ထရီပိုလီ၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံ အရှေ့မြောက်ပိုင်းဒေသသည် မြေထဲပင်လယ် မုန်တိုင်း Daniel တိုက်ခတ်မှုကြောင့် ရေကြီးရေလျှံဖြစ်ပွားမှုဒဏ် အဆိုးရွားဆုံးခံခဲ့ရရာ နေအိမ်ရွှေ့ပြောင်းခဲ့ရသူ ၃၈,၆၄၀ ကျော် ရှိပြီ ဖြစ်ကြောင်း ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) က စက်တင်ဘာ ၁၅ ရက်၌ ပြောကြားခဲ့သည်။

ရေကြီးရေလျှံမှုကြောင့် နေအိမ် ၅,၀၀၀ ခန့် ပျက်စီးသွားခဲ့သလို ရေပေးဝေရေးကွန်ရက်များ ပျက်စီးခဲ့ရာ ကပ်ဘေးဒဏ်သင့်ပြည်သူများ၏ သောက်သုံးရေလည်း ဆိုးဝါးစွာ ပြတ်လပ်လျက်ရှိကြောင်း လစ်ဗျား အိမ်ရာနှင့်အများသုံးလုပ်ငန်း စီမံကိန်း ဖော်ဆောင်ရေး အေဂျင်စီက စက်တင်ဘာ ၁၅ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ယနေ့အထိ ရေကြီးမှုကြောင့် သေဆုံးသူ အနည်းဆုံး ၅,၅၀၀ ဦး၊ ပျောက်ဆုံးနေသူ ၁၀,၀၀၀ ခန့် ရှိကြောင်း တရားဝင်ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။

Derna မြို့ ၌ ရှာဖွေတွေ့ရှိသည့် ရုပ်အလောင်းများကို လုံခြုံရေးဌာနက ဓာတ်ပုံများ ရိုက်ကူးပြီးနောက် အစုလိုက်အပြုံလိုက် မြှုပ်နှံမှုများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း၊ သေဆုံးသူများ၏ ဆွေမျိုးများကို သိရှိနိုင်ရန် DNA နမူနာပုံစံ စုဆောင်းမှုများကို အဆိုပါမြို့၏ အစိုးရရှေ့နေက ကြီးကြပ်လျက်ရှိကြောင်း သတင်းအရင်းအမြစ်တစ်ဦးက ဆင်ဟွာသို့ ပြောသည်။

မြေထဲပင်လယ်မုန်တိုင်းသည် စက်တင်ဘာ ၁၀ ရက်တွင် လစ်ဗျားနိုင်ငံ အရှေ့ဘက်ကုန်းမြေသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး ရေကြီးရေလျှံဖြစ်ပွားမှုများကြောင့် လမ်းကြောင်းတစ်လျှောက် အခြေခံအဆောက်အဦ အများအပြား ပျက်စီးခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………….
(English Version)
38,640 people displaced in Libya floods as water contamination, power outages disrupt daily life
The International Organization for Migration (IOM) said on Friday that more than 38,640 people have been displaced in the most affected areas in northeastern Libya after heavy floods triggered by Mediterranean storm Daniel swept the region.
Also on Friday, Libya’s Housing and Utilities Projects Implementation Agency revealed that the floods had damaged about 5,000 homes. It added that the floods have also ruined water supply networks, leaving people in the affected areas with a serious water shortage of drinking water.

The floods have so far claimed at least 5,500 lives and left another 10,000 missing, official statistics show.
The security services on Friday continued the mass burial of the retrieved bodies in Derna after taking their photos, and the city’s public prosecutor is overseeing the collection of DNA samples from the victims so that they could be identified by their relatives later, local sources told Xinhua.