Connect with us

Media

တရုတ်နိုင်ငံ၏ အရပ်ဘက်သုံးရဟတ်ယာဉ်အရေအတွက် ၂၀၃၂ ခုနှစ်တွင် အစင်းရေ ၂,၀၀၀ အထိ ရောက်ရှိမည်

ထျန်းကျင်း၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အရပ်ဘက်သုံး ရဟတ်ယာဉ် စုစုပေါင်းအရေအတွက်မှာ ၂၀၂၇ ခုနှစ်တွင် အစင်းရေ ၁,၄၄၉ စင်းနှင့် ၂၀၃၂ ခုနှစ်တွင် အစင်းရေ ၂,၀၀၀ စင်းအထိ ရောက်ရှိမည်ဟု မျှော်မှန်းထားကြောင်း ဦးဆောင်လေယာဉ်ထုတ်လုပ်ရေးမှ စက်တင်ဘာ ၁၄ ရက်က ထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။

တရုတ်နိုင်ငံတွင် အရပ်ဘက်သုံး ရဟတ်ယာဉ် ၁,၀၃၇ စင်း အပါအဝင် နိုင်ငံအတွင်း လည်ပတ်ပြေးဆွဲနေသော အထွေထွေလုပ်ငန်းသုံးလေယာဉ်အရေအတွက်သည် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်း၌ အစင်းရေ ၃,၁၈၆ စင်းရှိကြောင်း တရုတ်နိုင်ငံ လေကြောင်းလုပ်ငန်းကော်ပိုရေးရှင်း (AVIC) အောက်ရှိ အရပ်ဘက်သုံး လေယာဉ်အင်ဂျင်နီးယားရင်း သုတေသနစင်တာ ညွှန်ကြားရေးမှူး ချောင်ဟယ်က ပြောခဲ့သည်။ တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့တွင် ကျင်းပသော ၆ ကြိမ်မြောက် တရုတ် ရဟတ်ယာဉ်ပြပွဲတွင် ချောင်က အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။ ၂၀၂၂ ခုနှစ်၌ တရုတ်နိုင်ငံတွင် အထွေထွေသုံးလေယာဉ်အမျိုးမျိုး ပျံသန်းချိန်နာရီမှာ ၁.၂၂ သန်းရှိခဲ့ပြီး ယင်းအနက် အရပ်ဘက်ရဟတ်ယာဉ် ပျံသန်းမှုကြာမြင့်ချိန်မှာ နာရီပေါင်း ၂၀၀,၀၀၀ ရှိကြောင်း သိရသည်။ လာမည့် ၁၀ နှစ်အတွင်း အရပ်ဘက်သုံးလေယာဉ် ပျံသန်းမှုကြာမြင့်ချိန်များကို ဆက်လက်တိုးမြှင့်သွားမည်ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။ (Xinhua)

……………………………………
(English Version)
China’s civil helicopter fleet to reach 2,000 by 2032
TIANJIN, Sept. 15 (Xinhua) — The total number of China’s civil helicopters is expected to reach 1,449 by 2027 and hit 2,000 by 2032, according to a report released by the country’s leading aircraft maker on Thursday.
Cao He, director of the civil aircraft engineering research center under the Aviation Industry Corporation of China (AVIC), said 3,186 general aviation aircraft were in operation in China by the end of 2022, including 1,037 civil helicopters. Cao made the remarks at the 6th China Helicopter Exposition held in north China’s Tianjin Municipality.
In 2022, various general aviation aircraft in China accumulated 1.22 million flight hours, with civil helicopters contributing 200,000 hours.
The report also anticipates that China’s cumulative flight hours of civil helicopters will continue to increase in the next ten years.