Connect with us

Africa & Middle East

တရုတ်နိုင်ငံ၏ ကယ်ဆယ်ရေးလုပ်ဆောင်မှုဖြင့် လက်ဘနွန်မှ ဘေးကင်းရာသို့ရွှေ့ပြောင်းသူများ ဆိုက်ပရပ်စ်တွင် ခိုလှုံခွင့်ရှာဖွေ

ဆိုက်ပရပ်စ်နိုင်ငံ လီမာဆိုလ်ဆိပ်ကမ်းတွင် လက်ဘနွန်နိုင်ငံမှ ဘေးကင်းရာသို့ရွှေ့ပြောင်းလာသည့် မိန်းကလေးငယ်နှင့် မိခင်တို့ ပွေ့ဖက်နေသည်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လီမာဆိုလ်၊ ဆိုက်ပရပ်စ်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသားများနှင့် ၎င်းတို့၏ နိုင်ငံခြားသားမိသားစုဝင်များ ၈၀ ခန့်ကို တင်ဆောင်ထားသော သင်္ဘောတစ်စင်းသည် ဆိုက်ပရပ်စ်နိုင်ငံ လီမာဆိုလ်ဆိပ်ကမ်းသို့ အောက်တိုဘာ ၁ ရက်က ဘေးကင်းစွာ ဆိုက်ကပ်လာခဲ့သည်။ ယင်းမှာ အရှေ့အလယ်ပိုင်းဒေသ အထူးသဖြင့် လက်ဘနွန်နိုင်ငံတွင် ဖြစ်ပေါ်နေသော တင်းမာမှုများ ဆက်လက်အရှိန်မြင့်တက်နေသဖြင့် လတ်တလော ရွှေ့ပြောင်းမှုများအနက်မှ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။
China COSCO သင်္ဘောကော်ပိုရေးရှင်းမှ ပိုင်ဆိုင်သော “ရှင်းရှမန်” သင်္ဘောသည် အောက်တိုဘာ ၁ ရက် ညသန်းခေါင်ယံအချိန်က လက်ဘနွန်နိုင်ငံမှ ထွက်ခွာလာခဲ့ပြီး ရှုပ်ထွေးသောအခြေအနေများအကြား အချိန် ၁၃ နာရီကြာခရီးကို ဖြတ်သန်းပြီးနောက် ဘေးကင်းစွာ ဆိုက်ကပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ဆိုက်ပရပ်စ်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဘေးကင်းရာသို့ရွှေ့ပြောင်းသူများအတွက် စာရွက်စာတမ်းအထောက်အထားလုပ်ငန်းစဉ်နှင့် အရေးပေါ်ကူညီပံ့ပိုးမှုများ အသင့်ဆောင်ရွက်ပေးနိုင်ရန် လီမာဆိုလ်ဆိပ်ကမ်း၌ သီးခြားဝန်ဆောင်မှုစင်တာ ဖွင့်လှစ်ထားခဲ့သည်။
လုပ်ငန်းစဉ်အောင်မြင်ရခြင်းမှာ တရုတ်နိုင်ငံ၏ လျင်မြန်သောတုံ့ပြန်မှုနှင့် အနီးကပ်ညှိနှိုင်းဆောင်ရွက်မှုများ၏ ရလဒ်ဖြစ်ကြောင်း ဆိုက်ပရပ်စ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ် Liu Yantao က ပြောခဲ့သည်။ “တရုတ်အစိုးရက အခက်အခဲအမျိုးမျိုးကို ကျော်လွှားပြီး နိုင်ငံသားတွေ ဘေးကင်းစွာရွှေ့ပြောင်းနိုင်အောင်လို့ အခြေအနေတွေ ဖန်တီး‌ပေးနိုင်မယ့် အားထုတ်မှုတိုင်းကို ဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု Liu က ဆိုသည်။
ယခုလို ဘေးကင်းရာသို့‌ ရွှေ့ပြောင်းခြင်းသည် အရှေ့အလယ်ပိုင်းဒေသတွင် ကြီးထွားလာသော မတည်ငြိမ်မှုများကြားမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ဒေသတွင်း တင်းမာမှုများက နိုင်ငံတကာလေကြောင်းလိုင်းများစွာကို ခရီးစဉ်ရပ်ဆိုင်းခြင်းများ ဖြစ်ပေါ်စေခဲ့သလို လတ်တလောကာလအတွင်း အရှေ့အလယ်ပိုင်းရှိ လေဆိပ်များသို့ လေကြောင်းခရီးစဉ် ၈၀ နီးပါးလည်း လမ်းကြောင်းပြောင်းခဲ့ရသည်။ အစ္စရေးနိုင်ငံကို အီရန်နိုင်ငံက ဒုံးကျည်ဖြင့်ပစ်ခတ်မှုများကြောင့် ဝေဟင်နယ်နိမိတ် တစ်စိတ်တစ်ပိုင်းပိတ်ထားခဲ့ရသလို လေဆိပ်များသို့ ပျံသန်းမည့်ခရီးစဉ်များကိုလည်း ဆိုက်ပရပ်စ်နိုင်ငံကဲ့သို့ ဘေးကင်းသောနေရာများသို့ လမ်းကြောင်းပြောင်းခဲ့ရသည်။ မူလက ဘေရွတ်မြို့ သို့မဟုတ် တဲလ်အဗစ်သို့ ပျံသန်းမည့် လေယာဉ် ၁၁ စင်းထက်မနည်းကလည်း ညတွင်းချင်းပင် လာနာကာလေဆိပ်သို့ လမ်းကြောင်းပြောင်းပြေးဆွဲခဲ့ကြောင်း သိရသည်။
“ရှင်းရှမန်” သင်္ဘောဆိုက်ကပ်လာချိန်တွင် ရွှေ့ပြောင်းလာသူများသည် လီမာဆိုလ်ဆိပ်ကမ်းရှိ ဧည့်သည်စောင့်ဆိုင်းခန်းမအတွင်း တရုတ်နိုင်ငံတော်အလံများ ထင်ထင်ရှားရှား တွေ့မြင်ခဲ့ရသည်။ နိုင်ငံတော်အလံကို မြင်တွေ့လိုက်ရခြင်းက ၎င်းတို့အတွက် ခွန်အားများရရှိသောအခိုက်အတန့်ဖြစ်ကာ ၎င်းတို့အကူအညီလိုအပ်ချိန်တွင် ဘေးကင်းရေးနှင့် နိုင်ငံဂုဏ်သိက္ခာကို အလေးထားဖော်ပြခြင်းလည်းဖြစ်သည်။
China State Construction Engineering Corporation မှ အင်ဂျင်နီယာတစ်ဦးဖြစ်သော Guo Jia သည်လည်း ထိုသို့ရွှေ့ပြောင်းလာသူများအနက် တစ်ဦးဖြစ်သည်။ ၎င်းသည် လက်ဘနွန်တွင် အခြေအနေများ မဆိုးရွားလာမီက တရုတ်နိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်သော Lebanese National Higher Conservatory ဂီတစီမံကိန်းတွင် အလုပ်လုပ်ကိုင်နေခြင်းဖြစ်သည်။ Guo နှင့် ၎င်း၏လုပ်ဖော်ကိုင်ဖက်များသည် ဆောက်လုပ်ရေးအလုပ်သမား ၂၃ ဦးကို ဦးဆောင်လျက် ဆိုက်ပရပ်စ်နိုင်ငံသို့ ဘေးကင်းစွာရောက်ရှိလာခဲ့ပြီး မသေချာသောခရီးကို အဆုံးသတ်ခဲ့သည်။
“လက်ဘနွန်မှာ ဘေးလွတ်ရာကိုရွှေ့ပြောင်းတဲ့လမ်းကြောင်းတွေက အခြေခံအားဖြင့် ပြတ်တောက်နေပါပြီ။ လေကြောင်းလိုင်း အားလုံးနီးပါးလည်း အဝင်အထွက်ခရီးစဉ်တွေရပ်ဆိုင်းထားသလို ဆီးရီးယားနယ်စပ်တွေကိုလည်း ပိတ်ထားလိုက်တယ်” ဟု Guo က စိုးရိမ်ထိတ်လန့်ခဲ့ရသောအချိန်ကို ပြန်ပြောင်းပြောပြခဲ့သည်။ “တကယ်လို့ တရုတ်သံရုံးဆီက အချိန်မီကူညီမှုတွေ မရခဲ့ဘူးဆိုရင်တော့ ကျွန်တော်တို့ အလုပ်သမားတွေကို ဘေးကင်းရာဆီ ဘယ်လိုခေါ်ထုတ်ရမလဲဆိုတာ မသိတော့ဘူး”
အဆိုပါ လူများအကြား လက်ဘနွန်၌ ကာလရှည်နေထိုင်ခဲ့သော Lin Qun လည်း အပါအဝင်ဖြစ်ပြီး ရွှေ့ပြောင်းရေးလုပ်ငန်းတွင် စေတနာ့ဝန်ထမ်းအဖြစ် လုပ်ဆောင်ခဲ့သည်။ ရွှေ့ပြောင်းရေးလုပ်ငန်းစဉ်က စိတ်ဖိစီးပြီး ပင်ပန်းသောလုပ်ငန်းဖြစ်ကြောင်း၊ Lin အနေဖြင့် ရွှေ့ပြောင်းရေးသတိပေးချက်ကို နံနက် ၃ နာရီတွင် လက်ခံရရှိခဲ့ရာ ရွှေ့ပြောင်းမည့်သူများကို အကူအညီပေးရန် နံနက် ၆ နာရီအချိန်၌ အဆင်သင့်ရှိနေပြီဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ အဆိုပါ ခက်ခဲသောအချိန်နာရီများအတွင်း သံရုံးဝန်ထမ်းများကလည်း လုပ်ငန်းစဉ်အတွက် လိုအပ်သောအချက်အလက် အထောက်အထားများ စုဆောင်းခြင်း၊ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်ဟု Lin ပြောခဲ့သည်။ “သံရုံးဝန်ထမ်းတွေလည်း လွန်ခဲ့တဲ့သုံးရက်လောက်က နားချိန်ကိုမရှိသလောက်ပဲ” ဟု Lin က ဆိုသည်။
ထို့ပြင် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းသူများကြားတွင် တရုတ်နိုင်ငံသားများ၏ နိုင်ငံခြားသားမိသားစုဝင်အချို့လည်း ပါဝင်ခဲ့သည်။ လက်ဘနွန်နိုင်ငံတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော Mounir Mohamad Hassan က ၎င်း၏မိသားစုနှင့်အတူ လွတ်မြောက်ခွင့်ရရှိသောကြောင့် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ “တရုတ်အစိုးရက ကျွန်တော်တို့ကို စစ်ဒဏ်သင့် လက်ဘနွန်ကနေ ဆိုက်ပရပ်စ်ဆီ ရွှေ့ပြောင်းပေးခဲ့တယ်။ ကျွန်တော်တကယ်ကို ကျေးဇူးတင်ပါတယ်” ဟု Hassan က ပြောခဲ့သည်။ ၎င်းအနေဖြင့် တရုတ်နိုင်ငံတွင် မိသားစုနှင့်အတူ ခေတ္တနေထိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
ထိုသို့အရေးပါသော အောင်မြင်စွာ ရွှေ့ပြောင်းသွားလာနိုင်ခဲ့ခြင်းက အောက်တိုဘာ ၁ ရက်တွင် ကျရောက်သော တရုတ်နိုင်ငံ အမျိုးသားနေ့နှင့် တိုက်တိုက်ဆိုင်ဆိုင်ဖြစ်နေခဲ့သည်။ လူငယ်စုံတွဲတစ်တွဲဖြစ်သော Hu Bozhi နှင့် Bi Beibei တို့က ယနေ့ (အောက်တိုဘာ ၁ ရက်) သည် အမျိုးသားနေ့ဖြစ်ပြီး မိမိတို့အတွက် အထူးသဖြင့် အဓိပ္ပါယ်ရှိကြောင်း၊ ဤအတွေ့အကြုံအားဖြင့် တရုတ်နိုင်ငံက မိမိတို့၏ ကျောရိုးအဖြစ် အခိုင်အမာရှိနေကြောင်းကို လေးလေးနက်နက် နားလည်သ‌ဘောပေါက်စေခဲ့ကြောင်း၊ နိုင်ငံ၏ ဂရုစိုက်မှုက မိမိတို့၏ ယုံကြည်စိတ်ချမှုဖြစ်ကြောင်း လီမာဆိုလ်ဆိပ်ကမ်းတွင် မတ်တတ်ရပ်လျက် ၎င်းတို့၏ အတွေ့အကြုံကို ပြောပြခဲ့သည်။
စောင့်ဆိုင်းခန်းမရှိ ပြတင်းပေါက်များမှတစ်ဆင့် တိုးဝင်ရောက်လာသော နေရောင်ခြည်နှင့်အတူ ကလေးငယ်များက အရုပ်များဖြင့် ဆော့ကစားနေခဲ့သလို ၎င်းတို့၏ ပျော်ရွှင်စွာရယ်မောသံများကလည်း ထိတ်လန့်ဖွယ်ခရီးကို ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာစေခဲ့သည်။ ဆိုက်ပရပ်စ်နိုင်ငံသို့ ဘေးကင်းစွာ ရောက်ရှိလာပြီး မကြာမီနေရပ်ပြန်နိုင်တော့မည်ဖြစ်သဖြင့် ပထမအသုတ် ရွှေ့ပြောင်းလာသူများ၏ စိုးရိမ်ထိတ်လန့်၍ သောကဖိစီးနေသော မျက်နှာများမှာလည်း စတင်ပြေလျော့လာပြီဖြစ်သည်။ (Xinhua)


………………………
(English Version)
Feature: Evacuees from Lebanon find refuge in Cyprus amid Chinese rescue effort
LIMASSOL, Cyprus, Oct. 2 (Xinhua) — A ship carrying around 80 Chinese citizens and their foreign family members arrived safely at the Port of Limassol, Cyprus, early on Tuesday. This was part of an ongoing evacuation operation as tensions continue to rise in the Middle East, particularly affecting Lebanon.
The vessel, the “Xin Xiamen,” owned by China COSCO Shipping Corporation, departed Lebanon just after midnight on Monday, navigating turbulent conditions in a 13-hour journey to reach safety. The Chinese Embassy in Cyprus set up a dedicated service desk at Limassol Port, ready to assist evacuees with processing documentation and providing immediate support.
For Liu Yantao, the Chinese Ambassador to Cyprus, the operation’s success is a result of China’s swift response and close coordination. “The Chinese government has made every effort to overcome various difficulties and create conditions to ensure the safe evacuation of the citizens,” Liu said.
This evacuation comes amid a backdrop of growing unrest in the Middle East. Regional tensions have led many international airlines to suspend flights, and nearly 80 flights to Middle Eastern airports were recently diverted. The Iranian missile attack against Israel further led to a partial closure of airspace and a rerouting of flights to airports in safer locations, such as Cyprus. At least 11 planes originally bound for Beirut or Tel Aviv were redirected overnight to Larnaca airport.
Upon arrival, evacuees saw the Chinese flag prominently displayed at the waiting hall of Limassol Port. The sight of the national flag was a powerful moment for many of them, underscoring the sense of safety and national pride during their time of need.
Guo Jia, an engineer with the China State Construction Engineering Corporation, was among those evacuated. He had been working on the China-aided Lebanese National Higher Conservatory of Music project before Lebanon’s security situation deteriorated. Guo and his colleagues led 23 construction workers to safety in Cyprus, completing what was an intense and uncertain journey.
“Evacuation routes in Lebanon had essentially been cut off. Nearly all airlines had stopped flying in and out, and the borders with Syria were closed,” Guo recalled with a sense of lingering fear. “If it weren’t for the timely help from the Chinese Embassy, we wouldn’t have known how to safely bring our workers out.”
Amid the crowd, Guangdong-born Lin Qun, a long-time Chinese resident of Lebanon, worked as a volunteer to aid the evacuation. She described the evacuation process as “tense and exhausting.” Lin received the evacuation notice at 3 a.m. and by 6 a.m. was already on her way to help others embark on their journey. She noted that during those critical hours, embassy staff had to gather and verify information and issue documentation — a process requiring immense focus and resilience. “The embassy staff barely rested over the past three days,” Lin said.
Among those evacuated were also some foreign family members of Chinese citizens. Mounir Mohamad Hassan, one of the foreign nationals who had lived in Lebanon for years, expressed deep gratitude for the opportunity to escape with his family. “The Chinese government evacuated us from war-torn Lebanon to Cyprus. I am truly thankful,” Hassan shared, adding that he plans to live in China for a while with his family.
The significance of the successful evacuation coincided with China’s National Day on Oct. 1. A young couple, Hu Bozhi and Bi Beibei, standing side by side at the port, reflected on their experience: “Today is National Day, and it’s especially meaningful for us. This experience has deepened our understanding that the strength of our country is our backbone, and its care is our confidence.”
As the sun shone brightly through the waiting hall’s windows, children played with toys, their laughter bringing a moment of normalcy to a harrowing journey. For the first group of evacuees, the worry and exhaustion on their faces began to ease as they settled into the relative safety of Cyprus, and later back home.
Photo 1: A girl evacuated from Lebanon embraces her mother at the Port of Limassol, Cyprus, on Oct. 1, 2024. (Xinhua/Li Jing)
Photo 2: Evacuees from Lebanon disembark from a ship at the Port of Limassol, Cyprus, on Oct. 1, 2024. (Photo by Song Zhizhu/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.