International Organizations
၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၀ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်
— လီဗာပူးလ်က အက်စတွန်ဗီလာအား အနိုင်ယူ၍ ပရီးမီးယားလိဂ်၌ ၅ မှတ်ဖြတ်ကာ ဦးဆောင်လျက်ရှိ
နိုဝင်ဘာ ၉ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် လီဗာပူးလ်နှင့် အက်စတွန်ဗီလာအသင်း၏ ပရီးမီးယားလိဂ်ပွဲစဉ်တွင် လီဗာပူးလ်အသင်းက ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ ၅ မှတ်ဖြတ်၍ ဦးဆောင်ထားနိုင်ခဲ့သည်။
အက်စတွန်ဗီလာအသင်း၏ ထောင့်ကန်ဘော လျှံထွက်လာရာမှ လျင်လျင်မြန်မြန် တန်ပြန်တိုက်စစ်ဆင်ကာ လီဗာပူးလ်တိုက်စစ်မှူး ဒါဝင်နူနက်ဇ်က ပွဲချိန်မိနစ် ၂၀ တွင် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ မိုဟာမက် ဆာလာက ဘောလုံးဆွဲပြေးလာပြီး နူနက်ဇ်ဆီသို့ ထိုးပေးလိုက်ရာ နူနက်ဇ်က ဗီလာဂိုးသမား အမ်မီလီယာနို မာတီနက်ဇ်အားကျော်၍ ထောင့်ကျဉ်းအနေအထားမှ ကန်သွင်းခဲ့ခြင်းဖြစ်သည်။ ထို့နောက် ပွဲချိန် ၈၄ မိနစ်တွင် ဆာလာက ဒုတိယအနိုင်ဂိုးအား တည်တည်ငြိမ်ငြိမ်ဖြင့် သွင်းယူခဲ့သည်။
…..
— အိုဆာဆူနာအား ဂိုးပြတ်အနိုင်ရခဲ့သော်လည်း ဒဏ်ရာပြဿနာနှင့် ကြုံတွေ့ခဲ့ရသည့် ရီးရဲလ်မက်ဒရစ်
နိုဝင်ဘာ ၉ ရက် ညပိုင်းက အိုဆာဆူနာအသင်းနှင့် အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်အသင်းက ၄ ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး ဘာစီလိုနာနှင့် အေစီမီလန်တို့အား ဆက်တိုက်ရှုံးနိမ့်ခဲ့သည့် ရလဒ်ဆိုးများကို ရပ်တန့်ကာ နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့သည်။
အဆိုပါ အနိုင်ရလဒ်ကြောင့် ရီးရဲလ်နည်းပြ ကာလို အန်ဆလော့တီအဖို့ ဖိအားအနည်းငယ် လျော့ကျသွားခဲ့သည်။ နိုဝင်ဘာ ၅ ရက်က အေစီမီလန်အား အိမ်ကွင်း၌ ၁-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်အပြီးတွင် ရီးရဲလ်အနေဖြင့် နောက်ဆုံး ၁၆ သင်းအဆင့်သို့ တိုက်ရိုက်တက်ရောက်နိုင်ရန် ခက်ခဲသွားသည့်အတွက် အန်ဆလော့တီ ရာထူးမှထုတ်ပယ်ခံရခြင်း ရှိမရှိနှင့်ပတ်သက်၍ သတင်းမီဒီယာများက ပေါ်ပေါ်ထင်ထင် ဝေဖန်သုံးသပ်မှုများ ပြုလုပ်ခဲ့သည်။ ယခုပွဲစဉ်တွင် ဗင်နီစီယက်စ် ဂျူနီယာက ရီးရဲလ်အသင်းအတွက် ဟက်ထရစ်သွင်းယူခဲ့ပြီး ဂျုဒ်ဘယ်လင်ဟမ်ကလည်း ဂိုးမိုးခေါင်မှုကို အဆုံးသတ်ကာ ပထမပိုင်းမပြီးခင် သုံးမိနစ်အလို၌ သွင်းဂိုးတစ်ဂိုး ရယူနိုင်ခဲ့သည်။ သို့သော် ပွဲချိန်ပထမပိုင်း၌ပင် တိုက်စစ်ကစားသမား ရိုဒရီဂိုနှင့် နောက်ခံလူ အီဒါ မီလီတိုတို့အား ဒဏ်ရာကြောင့် လူစားလဲခဲ့ရသည်။
…..
— WTT Champions Frankfurt အမျိုးသမီးတစ်ဦးချင်း စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲသို့ တရုတ်ကစားသမားနှစ်ဦး တက်ရောက်
နိုဝင်ဘာ ၉ ရက်က ယှဉ်ပြိုင်ခဲ့သည့် WTT Champions Frankfurt အမျိုးသမီးတစ်ဦးချင်း စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ဆီဒင်အမြင့်ဆုံး ကစားသမားနှစ်ဦးဖြစ်သည့် တရုတ် စားပွဲတင်တင်းနစ်မယ်များဖြစ်သည့် Wang Manyu နှင့် Wang Yidi တို့က ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။
လက်ရှိချန်ပီယံ Wang Yidi က ဂျပန်စားပွဲတင်တင်းနစ်မယ် မိဝါ ဟာရိမိုတိုအား ၁၁-၅၊ ၈-၁၁၊ ၁၁-၆၊ ၇-၁၁၊ ၁၁-၉၊ ၁၁-၇ ဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
…..
— ပထမဆုံးယှဉ်ပြိုင်သည့် WTA Finals တင်းနစ်ပြိုင်ပွဲတွင် တရုတ်တင်းနစ်အကျော်အမော် ကျိန့်ချင်းဝန်က ချန်ပီယံဆုနှင့် ပွတ်ကာသီကာလွဲချော်
နိုဝင်ဘာ ၉ ရက်က ယှဉ်ပြိုင်ခဲ့သည့် WTA Finals တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲ၌ တရုတ်တင်းနစ်အကျော်အမော်၊ အိုလံပစ်ချန်ပီယံ ကျိန့်ချင်းဝန်က ပြိုင်ဘက်ဖြစ်သူ အမေရိကန်တင်းနစ်မယ် ကိုကိုဂတ်ဖ်အား ၃-၆၊ ၆-၄၊ ၇-၆ (၂) ဖြင့် ပွတ်ကာသီကာ ရှုံးနိမ့်ခဲ့သည်။ (Xinhua)
………………………
(English Version)
Liverpool moves five clear with win over Aston Villa
Liverpool moved five points clear at the top of the Premier League thanks to a 2-0 win at home to Aston Villa on Saturday.
Darwin Nunez put Liverpool in front in the 20th minute after a swift counter-attack following an Aston Villa corner. Mohamed Salah carried the ball forward, before feeding Nunez to score with a shot over goalkeeper Emiliano Martinez from a tight angle. Salah netted Liverpool’s second of the match six minutes from time after his side again won possession in the middle of the park, with the striker keeping his cool before beating Martinez.
…..
Vinicius scores hat-rick, but Real Madrid pays injury price for win over Osasuna
Real Madrid returned to winning ways on Saturday in La Liga with a 4-0 win at home to Osasuna to help forget the consecutive defeats the club had suffered against FC Barcelona and AC Milan.
The win will help lift some of the pressure on coach Carlo Ancelotti after the press had openly debated whether he could be facing the sack in the wake of Tuesday’s 3-1 loss at home to Milan, which will make it difficult for the team to qualify directly for the last-16 of the UEFA Champions League. Vinicius Jr led his side’s win with a hat-trick, while Jude Bellingham also ended his goal drought with Madrid’s second goal three minutes before halftime. Vinicius’ opening goal came just as the fans were starting to get nervous, after an early goal failed to arrive and Madrid had lost Rodrygo and Eder Militao to injury within the first half hour.
…..
China secures women’s singles title at WTT Champions Frankfurt
Top two seeds Wang Manyu and Wang Yidi advanced to the women’s singles final to secure the title for China at the WTT Champions Frankfurt on Saturday.
Defending champion Wang Yidi booked her ticket to the final by defeating Japanese Miwa Harimoto 11-5, 8-11, 11-6, 7-11, 11-9, 11-7.
…..
Chinese sensation Zheng misses title in WTA Finals debut
China’s tennis ace and Olympic champion Zheng Qinwen narrowly missed the title in her WTA Finals debut when she lost to Coco Gauff of the United States 3-6, 6-4, 7-6 (2) here on Saturday.