Education & Health
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ လမ်းပေါ်နေကလေးငယ်များအတွက် ပညာရေး ဆောင်ကြဉ်းပေးနေသော လူငယ်ပရဟိတသမားများ
ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့၏ နေသာသော တနင်္ဂနွေနံနက်ခင်းတစ်ခုတွင် ဘုန်းတော်ကြီးကျောင်းဝင်းတစ်ခု၌ ကလေးငယ် ၅၀ ခန့် စုစည်းရောက်ရှိနေပြီး ၎င်းတို့၏ ရယ်မောသံများ၊ စကားတွတ်တီးတွတ်တာပြောဆိုသံများက ကျောင်းဝင်းအတွင်း ပြည့်လျှံနေခဲ့သည်။
ပညာလေ့လာသင်ယူနိုင်၊ အာဟာရဖြည့်တင်းနိုင်၊ မျှော်လင့်ချက် အိပ်မက်များမက်နိုင်သော ထိုယာယီစာသင်ခန်းအတွင်း လေ့လာသင်ကြားနေသည့် ကလေးငယ်များတွင် ပန်းရောင်းသူများ၊ ပလုံကောက်သူများ၊ ရေသန့်ဘူးကောက်သူများ ပါဝင်သည်။
အဆိုပါ စာသင်ခန်းလေးသည် ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ ခုံးတံတားအောက်တွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက အစပြုခဲ့သော အခြေခံလူတန်းစားကလေးငယ်များအတွက် တစ်ဖက်တစ်လမ်းမှ ပညာသင်ကြားပေးနေသော ရေချမ်းစင် ပရဟိတစာသင်ဝိုင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ကလေးငယ်ငါးဦးဖြင့်သာ စတင်ခဲ့သော ရေချမ်းစင် ပရဟိတစာသင်ဝိုင်းလေးသည် ယခုအခါ ရန်ကုန်မြို့တစ်ခွင်ရှိ ပညာသင်ယူလေ့လာသူ ၄၀၀ နီးပါး ရှိလာပြီဖြစ်သည်။
အဆိုပါ စာသင်ဝိုင်းလေး၏ ပဲ့ကိုင်ရှင်ဖြစ်သည့် အသက် ၂၇ နှစ်အရွယ် ဦးဖြိုးကိုကိုမောင်သည် လမ်းပေါ်နေကလေးငယ်များကိုလည်း အခြားသောကလေးငယ်များကဲ့သို့ပင် အလားတူပညာရေးအခွင့်အလမ်းများ ပေးအပ်နိုင်ရန် စိတ်အားထက်သန်သူဖြစ်သည်။
“သူတို့ကို ပိုကောင်းတဲ့ဘဝလေးတွေ ရရှိနိုင်ဖို့ ကျွန်တော်တို့ကူညီပေးချင်တယ်” ဟု ဦးဖြိုးကိုကိုမောင်က ဆိုသည်။ ၎င်း၏ ရည်ရွယ်ချက်နှင့် စိတ်ထက်သန်စွာ ကူညီပေးကြသော ပရဟိတလူငယ်များက စာသင်ဝိုင်းလေးကို ပုံဖော်ပေးလျက်ရှိပြီး အများပြည်သူဆိုင်ရာနေရာများတွင် အပတ်စဉ် ပညာသင်ကြားပေးနေသော စာသင်ဝိုင်းလေးများအား တာဝန်ယူသင်ကြားပေးနေသော ပရဟိတ ဆရာ၊ ဆရာမ ၁၀ ဦးမှ ၁၅ ဦးအထိ ရှိကြောင်း သိရသည်။
စာသင်ဝိုင်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ စသည့်ဘာသာရပ်များကို သင်ကြားပေးသလို အပြောအဆို၊ အပြုအမူပိုင်းဆိုင်ရာများကိုလည်း သင်ကြားပေးလျက်ရှိသည်။
“ဒီကလေးတွေအများစုက ကြပ်ကြပ်တည်းတည်းနဲ့ ရုန်းကန်နေကြရသူတွေပါ။ ကျွန်တော်တို့ နည်းလမ်းမျိုးစုံနဲ့ ပြုစုပျိုးထောင်ဖို့ ကြိုးစားနေပါတယ်” ဟု ဦးဖြိုးကိုကိုမောင်က ရှင်းပြသည်။
ထိုကဲ့သို့ကလေးငယ်များအတွက်မူ ပညာရေးက ဆင်းရဲဒုက္ခနှင့် ဆာလောင်မွတ်သိပ်မှုမှ လွတ်မြောက်ရာနေရာတစ်ခု ဖြစ်သည်။ “သူတို့ ဒီကိုလာတဲ့အခါ အနည်းဆုံးတော့ ဒီနေ့တစ်နေ့တာအတွက် ထမင်းတစ်နပ်စာဖူလုံတယ်ဆိုတာ သူတို့သိကြတယ်” ဟု ၎င်းက ဆိုသည်။
ရေချမ်းစင်စာသင်ဝိုင်း၏ ပရဟိတ ဆရာ၊ ဆရာမများအနက် ပုဂ္ဂလိကကျောင်းဆရာမတစ်ဦးဖြစ်သူ အသက် ၂၃ နှစ်အရွယ် ဒေါ်အေးအေးအောင်သည် အပတ်စဉ်စာသင်ဝိုင်းလေးတွင် ကလေးငယ်များအား သင်္ချာဘာသာရပ်ကို သင်ကြားပေးနေသူဖြစ်ပြီး ရေချမ်းစင်သို့ ၂၀၂၃ ခုနှစ် ဧပြီလတွင် ပါဝင်လာခဲ့ခြင်းဖြစ်သည်။
အများပြည်သူဆိုင်ရာနေရာများ၌ သင်ကြားရသည့်အခါ ဆူညံမှုကဲ့သို့ စိန်ခေါ်မှုများရှိသော်ငြားလည်း ၎င်းအနေဖြင့် ဆက်လက်ပါဝင်ဆောင်ရွက်သွားမည်ဟု ဆိုသည်။ ပုံမှန်စာသင်ကျောင်းများတွင် သင်ကြားရသော ကျောင်းသား၊ ကျောင်းသူများနှင့် နှိုင်းယှဉ်ပါက “ဒီမှာက မတူဘူးလေ။ ဒီက ကလေးတွေက စာသင်ခန်းပြင်ပမှာ သူတို့ဘဝရပ်တည်ရေးအတွက် ကြိုးစားပြီးရုန်းကန်နေကြရတာ” ဟု ဒေါ်အေးအေးအောင်က ပြောပြသည်။
အစိုးရစာသင်ကျောင်းများထံ သားသမီးများအား ပို့ဆောင်သင်ကြားပေးနိုင်ရန် လက်လှမ်းမမီနိုင်သော ဒေါ်ပြည့်ပြည့်ဖြိုးကဲ့သို့ မိဘများလည်း ရှိနေပေသည်။ အသက် ၃၅ နှစ်အရွယ် ဒေါ်ပြည့်ပြည့်ဖြိုး၏ သားသမီး လေးဦးအနက် နှစ်ဦးမှာ ရေချမ်းစင် စာသင်ဝိုင်း၌ တက်ရောက်လျက်ရှိသည်ဟု ဆိုသည်။
၎င်းနှင့် ခင်ပွန်းဖြစ်သူမှာ မိသားစုစားဝတ်နေရေးအတွက် အလုပ်အကိုင်မျိုးစုံ လုပ်ကိုင်ကြောင်း ဒေါ်ပြည့်ပြည့်ဖြိုးက ပြောသည်။ “အစိုးရကျောင်းကို နေ့တိုင်းသွားပို့ဖို့ရော စားသောက်ဖို့ရောက အခက်အခဲရှိတယ်” ဟု ၎င်းက ဆိုသည်။
ဒေါ်ပြည့်ပြည့်ဖြိုး၏ သမီးဖြစ်သူ အသက် ၁၀ နှစ်အရွယ် မအေးအေးခိုင်က ရေချမ်းစင်စာသင်ဝိုင်းတွင် ပညာသင်ကြားနေသည်မှာ အချိန်ငါးလခန့် ရှိပြီဖြစ်သည်။ ယခုအခါ မအေးအေးခိုင်သည် မြန်မာအက္ခရာများကို ဖတ်နိုင်နေပြီဟု ဆိုသည်။
ထို့ပြင် အသက် ၁၄ နှစ်အရွယ် မောင်ကျော်ဇေယျအတွက် ရေချမ်းစင်စာသင်ဝိုင်းလေးက ၎င်းအတွက် ပထမဆုံး ပညာရေးအတွေ့အကြုံပင်ဖြစ်သည်။ “သားက အရင်ကကျောင်းမတက်ခဲ့ရဖူးပါဘူး။ သားအမေက ပိုက်ဆံရှာဖို့ပဲပြောတယ်။ သားက မနက်ဆိုရင် ငါးဒိုင်မှာအလုပ်သွားလုပ်တယ်။ ပြီးရင် ဘတ်စ်ကားပေါ်မှာ မုန့်ဖိုးလိုက်တောင်းတယ်။ ဒါပေမဲ့ တနင်္ဂနွေနေ့တိုင်းတော့ ရေချမ်းစင်မှာ စာလာသင်တယ်” ဟု မောင်ကျော်ဇေယျက ပြောပြသည်။
ရေချမ်းစင် ပရဟိတစာသင်ဝိုင်းလေးသည် လူမှုအသိုင်းအဝိုင်းကို ပံ့ပိုးကူညီမှုအတွက် စိတ်ကူးကောင်းတစ်ခုလည်း ဖြစ်သည်။ ရန်ကုန်မြို့ရှိ နိုင်ငံတကာကျောင်းတစ်ခုတွင် ဆရာမအဖြစ် လုပ်ကိုင်နေသော အသက် ၂၁ နှစ်အရွယ် မယဉ်ဝေမျိုးသည် နိုဝင်ဘာ ၂၄ ရက်က ရေချမ်းစင်အား စာအုပ်များ လှူဒါန်းခဲ့သည်။
“ညီမအနေနဲ့ ရေချမ်းစင်မှာ စေတနာ့ဝန်ထမ်းဆရာမလုပ်ဖို့လည်း လျှောက်ထားပါတယ်။ ဒီလိုမျိုးစာသင်ဝိုင်းမှာ စိတ်နှစ်မြှုပ်လုပ်ကိုင်နေတဲ့ စေတနာ့ဝန်ထမ်းတွေကို တကယ့်ကို လေးစားပါတယ်” ဟု မယဉ်ဝေမျိုးက ၎င်း၏ အမြင်ကို ပြောခဲ့သည်။
“တိုင်းပြည်တစ်ခု တည်ထောင်တဲ့အခါမှာ ပညာရေးနဲ့ ကျန်းမာရေးက အရမ်းပဲအရေးကြီးပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)
…………………….
(English Version)
Feature: Young volunteers bring education to street kids in Yangon, Myanmar
YANGON, Nov. 26 (Xinhua) — On a sunny Sunday morning in Yangon, Myanmar, laughter and chatter filled the air as about 50 children gathered in an open space at a monastery.
These children, including flower sellers, scrap collectors, and bottle vendors, found solace in this makeshift classroom, where they can learn, eat, dream, and hope.
The classroom is part of Yay Chan Sin, a grassroots education initiative that started in February 2023 under a bridge in Yangon’s Insein township. What began as a small effort with just five children has now grown to nearly 400 learners across the city.
At the heart of this effort, 27-year-old founder Phyo Ko Ko Maung is passionate about giving street children the same educational opportunities as others.
“We want to help them live better lives,” Phyo said. His vision and a few dedicated volunteers have been now shaping the initiative, with 10-15 volunteer teachers holding weekly classes in public spaces.
They teach subjects like Myanmar, English, math, and science, but also focus on personal behaviors.
“Many of these children have faced difficult lives. We are trying to nurture them in every way,” Phyo explained.
For these children, education is a refuge from hardship and hunger. “When they come here, at least they know they will have food for the day,” Phyo said.
Among the volunteers, Aye Aye Aung, 23, a private school teacher who dedicated her weekends to teaching math to the children, joined Yay Chan Sin in April 2023.
Despite the challenges of teaching in noisy public spaces, she said she remained committed. Compared to students from her paid classes, she said, “It’s different here. These children work hard to survive outside of class.”
For parents like Pyae Pyae Phyo, sending children to government schools is often out of reach, she said. The 35-year-old mother said that she has four children, two of whom are attending Yay Chan Sin classes.
She said that she and her husband juggled multiple jobs to provide for the family. “It’s hard to afford the transportation and food for government schools,” she said.
Aye Aye Khine, 10, is the daughter of Pyae Pyae Phyo and now learning at Yay Chan Sin for about five months. She said that she can now read the Burmese alphabets.
For many children, like 14-year-old Kyaw Zeya, this is their first experience with education. “I’ve never been to school. My mom told me to earn money instead,” Kyaw said. He spent his days working at a fish market and begging on buses, but every Sunday, he came to Yay Chan Sin to learn.
The initiative has also inspired community support. Yin Wai Myo, a 21-year-old teacher at an international school in Yangon, also donated books to the group on Sunday.
Yin Wai Myo said, “I have also applied to work as a volunteer at Yay Chan Sin. I really respect the volunteers who have dedicated themselves to this initiative.”
“Education and health are so important for building a country,” she added.
Photo 1, 3: A local teacher tutors street kids at a monastery compound in Yangon, Myanmar, Nov. 24, 2024. (Xinhua/Myo Kyaw Soe)
Photo 2: Street kids study at a monastery compound in Yangon, Myanmar, Nov. 24, 2024. (Xinhua/Myo Kyaw Soe)