Connect with us

Asia

ကမ္ဘာလုံးဆိုင်ရာ သဘာဝဘေး အန္တရာယ်ဖြစ်ပွါးမှုတွင် အင်ဒိုနီးရှားနိုင်ငံက နံပါတ်နှစ်ဖြစ်

ဂျကာတာ၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံသည် လက်ရှိ ကမ္ဘာပေါ်တွင် သဘာဝဘေးအန္တရာယ် ဖြစ်ပွါးမှုစာရင်း၌ နံပါတ်နှစ်ဖြစ်သည်ဟု အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအန္တရာယ် လျော့ပါးရေးစီမံခန့်ခွဲမှုဆိုင်ရာ အေဂျင်စီက ပြောသည်။

၂၀၂၃ ခုနှစ် တစ်ကမ္ဘာလုံးဆိုင်ရာ ဘေးအန္တရာယ်အစီရင်ခံစာတွင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံအနက် အင်ဒိုနီးရှားသည် ဒုတိယအဆင့်တွင် ရှိနေဖြစ်ကြောင်း သဘာဝဘေးအန္တရာယ် လျော့ပါးရေးစီမံခန့်ခွဲမှုဆိုင်ရာ အေဂျင်စီမှ အရာရှိ ပရာစင်တာဒီဝီက ၂၀၂၄ ခုနှစ် သဘာဝဘေးကြိုတင်ကာကွယ်ရေးနေ့ အခမ်းအနားတွင် ပြောသည်။

ကမ္ဘာလုံးဆိုင်ရာ ဘေးအန္တရာယ်အညွှန်းကိန်းတွင် အင်ဒိုနီးရှားနိုင်ငံသည် ၄၃ ဒသမ ၅ ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံမှာ ၄၆ ဒသမ ၈၆ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အင်ဒိုနီးရှားသည် အပူပိုင်းဒေသတွင်ရှိပြီး သမုဒ္ဒရာနှစ်စင်းနှင့် တိုက်ကြီးနှစ်တိုက် ဆုံစည်းသည့်နေရာတွင် တည်ရှိသည့်အတွက် ရေကြီးခြင်း၊ မြေပြိုခြင်း၊ မြေငလျင်နှင့် ပြင်းထန်သောရာသီဥတုစသည့် သဘာဝဘေးအန္တရာယ်များကို ကြုံတွေ့ရကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ဧပြီလ ၂၆ ရက်နေ့တွင် ကျင်းပမည့် သဘာဝဘေးကြိုတင်ပြင်ဆင်ရေးနေ့ လှုပ်ရှားမှုများတွင် အင်ဒိုနီးရှားပြည်သူများအားလုံးကို ပါဝင်ရန် ၎င်းက တိုက်တွန်းထားသည်။ (Xinhua)
……………………..
(English Version)
Indonesia ranks 2nd at disaster risk worldwide
JAKARTA, April 3 (Xinhua) — Indonesia currently ranks second at disaster risk in the world, said Indonesia’s National Disaster Mitigation Agency (BNPB) on Wednesday.
“Indonesia is ranked second out of 193 countries in The World Risk Report 2023,” said Prasinta Dewi, deputy for prevention at BNPB, at the launch of Disaster Preparedness Day 2024.
The report showed that Indonesia had a World Risk Index score of 43.5 out of 100, following the Philippines, which was at the top with a score of 46.86, Dewi added.
According to her, Indonesia is in a tropical area and is located at the meeting of two oceans and continents, making the country prone to disasters, such as floods, landslides, earthquakes and extreme weather, etc.
She invited all Indonesian people to participate in the Disaster Preparedness Day activities, which will be held on April 26.
Disaster Preparedness Day was initiated by BNPB in 2017 to increase public awareness of the understanding of disaster risks and life-saving skills. ■