Connect with us

China

၁၁ ကြိမ်မြောက် ပေကျင်း ရှန်းဆန်းဖိုရမ် ဖွင့်ပွဲသို့ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဂုဏ်ပြုသဝဏ်လွှာပေးပို့

တရုတ်နိုင်ငံ၏မြို့တော် ပေကျင်းရှိ ပေကျင်း အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသည့် ၁၁ ကြိမ်မြောက် ပေကျင်း ရှန်းဆန်းဖိုရမ် ဖွင့်ပွဲအခမ်းအနားအား ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပေကျင်းမြို့၌ စက်တင်ဘာ ၁၃ ရက်က ဖွင့်လှစ်ကျင်းပခဲ့သည့် ၁၁ ကြိမ်မြောက် ပေကျင်း ရှန်းဆန်းဖိုရမ်သို့ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။
ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲများသည် ရာစုနှစ်တစ်ခုအတွင်း မကြုံဖူးသေးသည့် အတိုင်းအတာနှင့် ကြုံတွေ့နေရကာ ကမ္ဘာတစ်ဝန်းမှ ပြည်သူများက လုံခြုံမှုနှင့် တည်ငြိမ်မှုအား တောင့်တမျှော်လင့်လျက်ရှိစဉ် တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး အဆိုပြုချက်ကို လက်တွေ့ဖော်ဆောင်ကာ သက်ဆိုင်သူအားလုံးအကြား ဘုံသဘောတူညီမှုများ ခိုင်မာစေရေးအတွက် အစဉ်တစိုက်လုပ်ဆောင်လျက်ရှိပြီး နိုင်ငံတကာ ပဋိပက္ခများ၏ အရင်းခံ အကြောင်းတရားများကို ဖယ်ရှားရေးအတွက် အထောက်အကူပေးလျက် ကမ္ဘာ့လုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်၍ ငြိမ်းချမ်းရေး အဓွန့်ရှည်တည်တံ့ပြီး အကြွင်းမဲ့လုံခြုံမှုရှိသော ကမ္ဘာကြီးအား တည်ဆောက်ရန် မနားမနေ ကြိုးပမ်းလျက်ရှိကြောင်း ရှီက ၎င်း၏သဝဏ်လွှာ၌ အလေးအနက်ဖော်ပြထားသည်။
လက်ရှိကျင်းပလျက်ရှိသော ပေကျင်း ရှန်းဆန်းဖိုရမ်သည် သာတူညီမျှစိတ်ဓာတ်၊ ပွင့်လင်းမှု၊ အလုံးစုံပါဝင်မှုနှင့် အပြန်အလှန်နားလည်မှုတို့ကို ဆက်လက်ထိန်းသိမ်းကာ ကျယ်ပြန့်သော ဘုံသဘောတူညီမှုများကို အားပေးမြှင့်တင်၍ အပြန်အလှန်ယုံကြည်မှုများကို နက်နက်ရှိုင်းရှိုင်းတည်ဆောက်ပြီး ကမ္ဘာ့လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို စုပေါင်းဖြေရှင်းလျက် အေးအတူပူအမျှ လူမှုအသိုက်အဝန်းတစ်ခုအား တည်ဆောက်ရေးကို အထောက်အကူပြုနိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ရှီက ပြောကြားခဲ့သည်။
ယခုနှစ် ပေကျင်း ရှန်းဆန်းဖိုရမ်၏ ဆောင်ပုဒ်မှာ “အေးအတူပူအမျှရှိစေဖို့ ငြိမ်းချမ်းရေးကို မြှင့်တင်စို့” ဟူ၍ဖြစ်ကြောင်း သိရသည်။ (Xinhua)


…………………….
(English Version)
Xi sends congratulatory letter to 11th Beijing Xiangshan Forum
BEIJING, Sept. 13 (Xinhua) — Chinese President Xi Jinping has sent a congratulatory letter to the 11th Beijing Xiangshan Forum that opened in Beijing on Friday.
In the letter, Xi pointed out that in the face of global changes of a magnitude not seen in a century and the expectations of people around the world for security and stability, China has been practicing the Global Security Initiative, continuously consolidating consensus among all parties, promoting the elimination of the root causes of international conflicts, improving global security governance and making unremitting efforts to build a world of lasting peace and universal security.
He expressed the hope that the current forum will continue to uphold the spirit of equality, openness, inclusiveness and mutual learning; foster broad consensus and deepen mutual trust; and make new and greater contributions to collectively addressing global security challenges and promoting the building of a human community with a shared future.
The theme of this year’s forum is “Promoting Peace for a Shared Future.” Enditem
English Caption
The 11th Beijing Xiangshan Forum opens at the Beijing International Convention Center in Beijing, capital of China, Sept. 13, 2024. (Photo by Han Qiyang/Xinhua)