China
တရုတ်နိုင်ငံပိုင် ရှန်းပင်းကျောင်း ကျောက်ဆောင်မှ ဖိလစ်ပိုင်သင်္ဘော ထွက်ခွာသွားပြီးနောက် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် နောက်ထပ်ခြေလှမ်းများအတွက် အလေးအနက် သုံးသပ်ဆင်ခြင်ရန် လိုအပ်လျက်ရှိ
ပေကျင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နန်ရှားကျွန်းစုထဲတွင် ပါဝင်သော ရှန်းပင်းကျောင်း ကျောက်ဆောင်၏ ပင်လယ်ထုံးအိုင်အတွင်း ၅ လနီးပါးကြာ တရားမဝင် ကျောက်ချရပ်နားခဲ့ပြီးနောက် ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်သင်္ဘော MRRV-9701 သည် စက်တင်ဘာ ၁၄ ရက်တွင် အဆိုပါကျောက်တန်းမှ ထွက်ခွာသွားကာ ဖိလစ်ပိုင်နိုင်ငံရှိ ဆိပ်ကမ်းတစ်ခု၌ ပြန်လည်ဆိုက်ကပ်ခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံဘက်က ထောက်ပံ့ဖြည့်တင်းမှုများ လုပ်ဆောင်ရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သော်လည်း တရုတ်နိုင်ငံ၏ တရားဥပဒေနှင့်အညီ ပရော်ဖက်ရှင်နယ်ပီသစွာ စီမံကိုင်တွယ်မှုနှင့် ထိန်းချုပ်မှု အစီအမံများကြောင့် အဆိုပါသင်္ဘောသည် ထိုနေရာမှ ပြန်လည်ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုအား ဆိုးရွားစွာ ချိုးဖောက်လျက်ရှိသည့် ယင်းသင်္ဘောအား ချက်ချင်းထွက်ခွာသွားရန် တရုတ်နိုင်ငံက ဖိလစ်ပိုင်အစိုးရအား အကြိမ်ကြိမ်အခါခါ တိုက်တွန်းခဲ့သည်။
ထိုသို့ထွက်ခွာသွားခြင်းသည် တစ်ခုတည်းသော မှန်ကန်သည့် ရွေးချယ်မှုဖြစ်သကဲ့သို့ ယခင်က ထောက်ပံ့ဖြည့်တင်းရေးအတွက် ဖိလစ်ပိုင်နိုင်ငံ၏ ကြိုးပမ်းမှုများကလည်း မလိုလားအပ်သည်ကို သက်သေပြလျက်ရှိသည်။ ရှန်းပင်းကျောင်း ကျောက်ဆောင်၌ အခြေအနေတည်ငြိမ်အောင် လုပ်ဆောင်ခြင်းသည် သင့်တင့်လျောက်ပတ်သော အရာဖြစ်သည်။
သို့ရာတွင် ယခုမှစ၍ ရှန်းပင်းကျောင်း ကျောက်ဆောင်၌ ငြိမ်းချမ်းမှု ပြန်လည်ရရှိကာ ငြိမ်းချမ်းမှု အဓွန့်ရှည်တည်တံ့ပါမည်လော။ ဤမေးခွန်းအတွက် အဖြေမှာ ရေရေရာရာမရှိပေ။ ဖိလစ်ပိုင်နိုင်ငံ၏ အမျိုးသားပင်လယ်ရေကြောင်းကောင်စီ တာဝန်ရှိသူများက အဆိုပါသင်္ဘောနေရာတွင် အခြားသင်္ဘောတစ်စင်းနှင့် အစားထိုးမည်ဖြစ်ကြောင်း၊ MRRV-9701 သင်္ဘောသည် ထောက်ပံ့ဖြည့်တင်းမှုနှင့် ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်ပြီးချိန်တွင် ၎င်း၏တာဝန်များကို ပြန်လည်ထမ်းဆောင်မည်ဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့သည်ဟုလည်း သတင်းထွက်ပေါ်လျက်ရှိသည်။ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် ပြောရေးဆိုခွင့်ရှိသူကလည်း ထိုရေပိုင်နက်အတွင်း တည်ရှိမှုကို ဆက်လက်ထိန်းထားမည်ဟု ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံဘက်က မကြာသေးမီက အဖြစ်အပျက်များကို သင်ခန်းစာယူ၍ ၎င်းတို့၏ နောက်ထပ်ခြေလှမ်းများနှင့် ပတ်သက်၍ ဂရုတစိုက် စဉ်းစားဆင်ခြင်သင့်ပေသည်။ ဖိလစ်ပိုင်နိုင်ငံက တောင်တရုတ်ပင်လယ်၌ တရုတ်နိုင်ငံနှင့် ဖြစ်ပွားလျက်ရှိသော သဘောထားကွဲလွဲမှုများကို ဖြေရှင်းရာတွင် ခုတစ်မျိုး တော်ကြာတစ်မျိုး မကြာခဏပြောင်းလဲတတ်သည်ကို ထောက်ရှုလျှင် ၎င်းတို့၏ အပြောနှင့်လုပ်ရပ် နှစ်မျိုးလုံးအား အနီးကပ်စောင့်ကြည့်ကာ ကြိုတင်ကာကွယ်သည့် အစီအမံများကို လိုအပ်လိမ့်မည်ဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံက တရုတ်နိုင်ငံ၏ မြေယာဖော်ယူရေး လုပ်ဆောင်မှုများကို စောင့်ကြည့်ရန် သင်္ဘောများ စေလွှတ်ထားခြင်းဖြစ်သည်ဟု မဟုတ်မမှန် လုပ်ကြံပြောဆိုလျက် ရှန်းပင်းကျောင်း ကျောက်ဆောင်၌ ကာလကြာမြင့်စွာ အခိုင်အမာအခြေစိုက်၍ သိမ်းပိုက်နေရာယူရန် ရည်ရွယ်လျက်ရှိသည်။ စင်စစ်အားဖြင့် တရုတ်နိုင်ငံတွင် ထိုသို့သော အကြံအစည်များ လုံးဝမရှိပေ။ ယင်းသည် တရုတ်နိုင်ငံပိုင် ရန်အိုက် သောင်စွယ်၌ ဖိလစ်ပိုင်နိုင်ငံက ပရိယာယ်ဆင်နေသည့်နည်းတူ နောက်ထပ် လှည့်ဖျားသော လုပ်ရပ်တစ်ခုသာဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံက ၁၉၉၉ ခုနှစ်တွင် ရန်အိုက် သောင်စွယ်၌ စစ်သင်္ဘောတစ်စင်းအား တရားမဝင် ကျောက်ချရပ်နားစေခဲ့ကာ ထိုအချိန်မှစ၍ လက်ရှိအချိန်အထိ ၎င်းစစ်သင်္ဘောအား ကျောက်ချရပ်နားထားခဲ့ခြင်းဖြစ်သည်။
ရှန်းပင်းကျောင်း ကျောက်ဆောင်သည် တရုတ်နိုင်ငံပိုင် နန်ရှားကျွန်းစုထဲတွင် ပါဝင်သည်။ တရုတ်နိုင်ငံက နန်ရှားကျွန်းစုကိုသာမက ရန်အိုက်သောင်စွယ်၊ ရှန်းပင်းကျောင်း စသည့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ရေပိုင်နက်များကိုပါ အငြင်းပွားဖွယ်မရှိ အချုပ်အခြာအာဏာ နယ်မြေပိုင်နက်ပြည့်စုံမှုအား အခိုင်အမာထိန်းသိမ်းထားသည်။
တရုတ်နိုင်ငံ၏ ကမ်းခြေစောင့်တပ်အနေဖြင့် တရုတ်နိုင်ငံ၏ စီရင်ပိုင်ခွင့်အောက်တွင်ရှိသော ရေပိုင်နက်များအတွင်း ဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်မှုများကို ဥပဒေနှင့်အညီ အစဉ်တစိုက် လုပ်ဆောင်သွားမည်ဖြစ်ကာ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှု၊ ပင်လယ်ရေကြောင်းဆိုင်ရာ အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ထိန်းသိမ်းကာကွယ်သွားမည်ဖြစ်သည်။ ဖြစ်နိုင်ခြေရှိသော ပရိယာယ်အသစ်များနှင့် ရန်စမှုများကိုလည်း ကမ်းခြေစောင့်တပ်က သတိကြီးကြီးထား၍ ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်သည်။
တောင်တရုတ်ပင်လယ်တွင် ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှု ထိန်းသိမ်းရေးသည် အလွန်ပင်အရေးပါကြောင်း တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများက မကြာသေးမီက ကျင်းပခဲ့သည့် တောင်တရုတ်ပင်လယ် နိုင်ငံများ အပြုအမူဆိုင်ရာ ကြေညာစာတမ်း (DOC) အား အကောင်အထည်ဖော်ရေးဆိုင်ရာ အဆင့်မြင့် အစည်းအဝေးတစ်ရပ်၌ သဘောတူညီခဲ့သည်။ အပြန်အလှန်ဆွေးနွေးမှုများ ခိုင်မာအားကောင်းရေး၊ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရေး၊ မတူကွဲပြားမှုများကို သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဖြေရှင်းရေး၊ အပြန်အလှန်ယုံကြည်မှု တိုးမြှင့်ရေး၊ ပင်လယ်ရေကြောင်းဆိုင်ရာ အခြေအနေ တည်ငြိမ်အောင် ထိန်းသိမ်းရေးတို့အတွက်လည်း ၎င်းတို့က တိုက်တွန်းခဲ့သည်။ ထို့ပြင် ယင်းကြေညာစာတမ်းအား ထိထိရောက်ရောက်နှင့် အပြည့်အဝ ဆက်လက်အကောင်အထည်ဖော်ရန်လည်း သက်ဆိုင်ရာနိုင်ငံအားလုံးက သဘောတူညီခဲ့သည်။
အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံကလည်း ထိုကြေညာစာတမ်းအား ထိထိရောက်ရောက်နှင့် အပြည့်အဝ အကောင်အထည်ဖော်ရေးကို ခြွင်းချက်မရှိ လုပ်ဆောင်သင့်သည်။ ဖိလစ်ပိုင်အစိုးရအနေဖြင့် တစ်ဆိတ်ကို တစ်အိတ်လုပ်၍ ချဲ့ကားပြောဆိုခြင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအား လိမ်ညာလှည့်ဖြားခြင်းကဲ့သို့ လှည့်ကွက်များကို ဖန်တီးကာ မဆင်မခြင် ချိုးဖောက်မှုများလုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်ထားမည့်အစား DOC ကြေညာစာတမ်း၏ လေးနက်မှုနှင့် အရေးပါမှုတို့ကို ထိန်းသိမ်းရန် တရုတ်နိုင်ငံနှင့် လက်တွဲလုပ်ဆောင်သင့်ပေသည်။ ယင်းသည်သာ ယထာဘူတကျ၍ သင့်တင့်လျောက်ပတ်သော ရွေးချယ်မှုဖြစ်ပေလိမ့်မည်။ (Xinhua)
………………….
(English Version)
Xinhua Commentary: Philippines needs to carefully consider next steps after withdrawing ship from China’s Xianbin Jiao
BEIJING, Sept. 16 (Xinhua) — After nearly five months of illegally anchoring in the lagoon of Xianbin Jiao, part of China’s Nansha Qundao, Philippine coast guard vessel MRRV-9701 withdrew from the reef on Saturday and returned to a Philippine port.
The withdrawal came after multiple resupply attempts by the Philippine side failed due to China’s lawful and professional management and control measures. China had repeatedly urged Manila to immediately withdraw the ship that gravely infringed on China’s territorial sovereignty.
The withdrawal is the only correct choice and proves the Philippines’ previous resupply attempts were unnecessary. It is a good thing to cool down the situation in Xianbin Jiao.
But will peace return and prevail in Xianbin Jiao from now on? The answer to this question remains uncertain. Philippine National Maritime Council officials reportedly claimed another ship will replace it immediately and that the MRRV-9701 will resume its mission after resupply and repair. A Philippine coast guard spokesperson also said they will “sustain presence” in the waters.
The Philippine side should learn from recent events and carefully consider its next steps. Given that Manila often chops and changes in tackling differences with China in the South China Sea, both its words and actions necessitate close observation and preventive measures.
The Philippines intends to establish a long-term presence and occupy Xianbin Jiao, by fabricating the lie that its vessels are deployed to monitor China’s “land reclamation” activities. China has no such plans at all. This is yet another deceitful act, similar to its trick at China’s Ren’ai Jiao, where a Philippine military vessel was illegally “grounded” in 1999 and has since remained there.
Xianbin Jiao is a part of China’s Nansha Qundao. China maintains indisputable sovereignty over Nansha Qundao and the adjacent waters, including Ren’ai Jiao and Xianbin Jiao.
China’s coast guard will continue to carry out law enforcement activities in the waters under China’s jurisdiction in accordance with the law, safeguarding its territorial sovereignty and maritime rights and interests. It remains vigilant against any new possible ploys and provocations.
At a recent high-level meeting on implementing the Declaration on the Conduct of Parties in the South China Sea (DOC), China and ASEAN countries agreed that maintaining peace and stability in the South China Sea is of great significance. They called for strengthening dialogue, exercising restraint, properly handling differences, enhancing mutual trust and maintaining the stability of the maritime situation. All parties agreed to continue to fully and effectively implement the declaration.
The Philippines, as an ASEAN member, should be no exception in fully and effectively implementing the DOC. Instead of playing the tricks of hyping and cheating the international community, and even committing reckless infringements, Manila should work with Beijing to uphold the DOC’s seriousness and effectiveness. This is the realistic and sensible choice. Enditem
English Caption
The Philippine vessel 9701 (in the background) intentionally rams the port side of the China Coast Guard ship 5205 in the lagoon of Xianbin Jiao of China’s Nansha Qundao, Aug. 31, 2024. (Xinhua/Guo Liangchuan)