Africa & Middle East
အမေရိကန်က ပိတ်ပင်မှု ရုပ်သိမ်းပြီးနောက် ပေးပို့လိုက်သော ဖျက်အားပြင်းဗုံးများကို အစ္စရေး လက်ခံရရှိ

ဂျေရုဆလမ်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)
အမေရိကန်အစိုးရက ပေါက်ကွဲအားပြင်းထန်သော MK-84 ဗုံးများ ပေးပို့မှုအား ယာယီပိတ်ပင်ထားခြင်းကို မကြာသေးမီက ပြန်လည်ရုပ်သိမ်းခဲ့ပြီးနောက် အစ္စရေးအနေဖြင့် အဆိုပါ ဗုံးအမျိုးအစားများ ပေးပို့မှုကို လက်ခံရရှိခဲ့ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၆ ရက်၌ ပြောကြားခဲ့သည်။
MK-84 ဗုံးမှာ အခိုင်အမာ အကာအကွယ်ပြုလုပ်ထားသော ပစ်မှတ်များကို ဖောက်ထွင်းနိုင်ကာ ပေါက်ကွဲအား ပြင်းထန်သဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးမှုများ ဖြစ်ပေါ်စေနိုင်သော ၉၀၇ ကီလိုဂရမ် အလေးချိန်ရှိ ပဲ့ထိန်းစနစ်မပါဝင်သည့် ဗုံးအမျိုးအစားဖြစ်သည်။
သင်္ဘောဖြင့် ပေးပို့လိုက်သော ယင်းခဲယမ်းမီးကျောက်များမှာ ဖေဖော်ဝါရီ ၁၅ ရက် နှောင်းပိုင်းတွင် အစ္စရေးဆိပ်ကမ်းမြို့ အက်ရှ်ဒေ့ါသို့ ဆိုက်ရောက်လာခဲ့ကြောင်း၊ ယင်းတို့အား ညတွင်းချင်း သင်္ဘောပေါ်မှချကာ လက်ခံရယူခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသ၏ လူဦးရေသိပ်သည်းသော နေရာဒေသများတွင် MK-84 ဗုံးများကို အသုံးပြုနိုင်သည့် အလားအလာနှင့် သက်ရောက်မှုအပေါ် စိုးရိမ်မှုများကြောင့် ယခင် သမ္မတ ဂျိုးဘိုင်ဒန်၏ အမေရိကန်အစိုးရက အဆိုပါဗုံးအမျိုးအစားများ ပေးပို့ခြင်းကို ဆိုင်းငံ့ခဲ့ခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှစ၍ အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုများနှင့် မြေပြင်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ဂါဇာဒေသတွင် လူသောင်းနှင့်ချီ သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/1dI

အစ္စရေးနိုင်ငံ တောင်ပိုင်း ဂါဇာကမ်းမြောင်ဒေသနှင့် နယ်စပ်အနီးရှိ အစ္စရေးတပ်ဖွဲ့ဝင်များကို ၂၀၂၄ ခုနှစ် ဇူလိုင် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………………………………………………………..
(English Version)
Israel receives shipment of U.S. heavy bombs after delivery ban lifted
JERUSALEM, Feb. 16 (Xinhua) — Israel has received a shipment of heavy MK-84 bombs after the United States recently lifted a temporary ban on their delivery, the Israeli Defense Ministry said on Sunday.
The MK-84 is a 907-kg unguided bomb capable of penetrating reinforced targets and causing extensive damage with its strong blast power.
This shipment of munitions arrived at the Israeli port of Ashdod late on Saturday and was “received and unloaded overnight,” a spokesperson for the Defense Ministry said in a statement.
The administration of former U.S. President Joe Biden had suspended the delivery of MK-84 bombs to Israel over concerns about their potential use and impact in densely populated areas of the Gaza Strip, where Israeli bombings and ground attacks have killed tens of thousands of people since October 2023. xhtxs.cn/1dI
English Caption 1
People are seen at the site of an Israeli strike on a camp for displaced people in Rafah in the southern Gaza Strip, May 27, 2024. (Photo by Khaled Omar/Xinhua)
English Caption 2
Israeli troops are seen near the border with Gaza Strip, in southern Israel, on July 2, 2024. (Photo by Jamal Awad/Xinhua)