Connect with us

Africa & Middle East

ဆီးရီးယား ကြားဖြတ်သမ္မတက အသွင်ကူးပြောင်းရေး မျှော်မှန်းချက်များကို ရုပ်သံအင်တာဗျူး၌ ထုတ်ဖော်ပြောကြား

ဆီးရီးယားနိုင်ငံ ဒါရာပြည်နယ်၏ မြို့တော်ဖြစ်သည့် စစ်ဒဏ်သင့် ဒါရာမြို့အား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ၏ ကြားဖြတ်သမ္မတ အာမက် အယ်လ်-ရှာရာက ၎င်းစတင်တာဝန်ယူပြီးနောက် ပထမဆုံး ပြုလုပ်သည့် ရုပ်သံအင်တာဗျူး၌ အာဆတ်အစိုးရကို ဖြုတ်ချခဲ့သည့် နောက်ကွယ်မှ မဟာဗျူဟာ၊ အစိုးရသစ်၏ ဦးစားပေးကိစ္စရပ်များ၊ ဆီးရီးယား၏ ဒီမိုကရေစီ အုပ်ချုပ်ရေးလမ်းစဉ်တို့နှင့် စပ်လျဉ်း၍ အသေးစိတ် ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရသည်။
ယခင်အစိုးရ အလျင်အမြန် ပြိုလဲသွားခြင်းမှာ ဆီးရီးယား အနောက်မြောက်ပိုင်းရှိ အစ်ဒ်လစ်ပြည်နယ်၌ စတင်ဖော်ဆောင်ခဲ့သည့် ငါးနှစ်တာစီမံချက်၏ အကျိုးရလဒ်ပင်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၃ ရက်က ဆီးရီးယားရုပ်သံနှင့် ပြုလုပ်သည့် ကြိုတင်အသံသွင်းထားသော အင်တာဗျူး၌ အယ်လ်-ရှာရာက ဖွင့်ဟပြောဆိုခဲ့သည်။
“အာဆတ်အစိုးရကို ၁၁ ရက်အတွင်း ဖြုတ်ချခဲ့တဲ့ တိုက်ပွဲက သူ့အလိုလို ဖြစ်လာတာမဟုတ်ဘဲ နိုင်ငံရေးအင်အားစုအားလုံး အပါအဝင် အုပ်စုအသီးသီးက စုစည်းညီညွတ်စွာနဲ့ ကြိုးပမ်းအားထုတ်ခဲ့ပြီး အစ်ဒ်လစ်ပြည်နယ်မှာ စတင်ဖော်ဆောင်ခဲ့တဲ့ အသေးစိတ်စီမံချက်ရဲ့ အကျိုးရလဒ်ပါပဲ” ဟု ၎င်းက ဆိုသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0TP

ဆီးရီးယားနိုင်ငံ ဒမတ်စကပ်စ်မြို့၏ ကျေးလက်ဒေသ၌ ရပ်ရွာလူထု သန့်ရှင်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ကိုင်နေသည့် စေတနာ့ဝန်ထမ်းများကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………….
(English Version)
Syria’s interim president outlines vision for transition in televised interview
Syrian interim President Ahmed al-Sharaa, in his first televised interview since assuming office, detailed the strategy behind the fall of the Assad regime, his administration’s priorities, and Syria’s path toward democratic governance.
Speaking to Syria TV in a pre-recorded interview on Monday, al-Sharaa revealed that the swift collapse of the former government was the result of a five-year plan initiated in Idlib in northwestern Syria.
“The battle to bring down Assad’s regime in 11 days was not spontaneous. It was the outcome of meticulous planning that began in Idlib, where we worked to unify factions and include all political forces,” al-Sharaa said. xhtxs.cn/0TP
English Caption 1
This photo taken on Jan. 22, 2025 shows a view of the war-torn Daraa city, the capital of Daraa province, Syria. (Photo by Ammar Safarjalani/Xinhua)
English Caption 2
Volunteers participate in a community cleaning service in rural Damascus, Syria, Feb. 1, 2025. (Photo by Ammar Safarjalani/Xinhua)