Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် ကြီးမားသောပျက်စီးမှုများကြားမှ ကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံ မန္တလေးမြို့တွင် ငလျင်လှုပ်ခတ်ပြီးနောက် ပျက်စီးနေသော အဆောက်အအုံကို ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မန္တလေး၊ မြန်မာ၊ မတ် ၂၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက် မွန်းလွဲပိုင်းက အဆင့် ၇.၇ ရှိသော အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ပြီးနောက် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကွန်ရက်များ ဆိုးဝါးစွာ ပျက်စီးသွားခဲ့သည့်ကြားမှ ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းမြို့အနီးတွင် လှုပ်ခတ်ခဲ့သော ငလျင်နှင့်အတူ အင်အား ၂.၈ မှ ၇.၅ အဆင့်ရှိသော နောက်ဆက်တွဲငလျင် ၁၂ ခု လှုပ်ခတ်ခဲ့ရာ ငလျင်ဒဏ်သင့်ဧရိယာများ၏ အခြေအနေများကို ပိုမိုဆိုးဝါးခဲ့သည်။
ပျက်စီးမှုများမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် နေပြည်တော် စသည်တို့မှာ ငလျင်ဒဏ်အဆိုးဝါးဆုံးခံစားခဲ့ရသည်။
မြန်မာနိုင်ငံ အစိုးရက အရေးပေါ်အခြေအနေကြေညာထားသလို လိုအပ်သူများကို ကူညီနိုင်ရန် အရေးပေါ်အခြေအနေ တုံ့ပြန်ရေးလုပ်ငန်းများကိုလည်း အချိန်နှင့်တစ်ပြေးညီလုပ်ဆောင်လျက်ရှိသည်။
အရေးကြီးသောသယ်ယူပို့ဆောင်ရေးချိတ်ဆက်မှု လမ်းကြောင်းဖြစ်သည့် ရန်ကုန်-မန္တလေးအမြန်လမ်းမှာလည်း နေပြည်တော်နှင့် မန္တလေးအနီးတွင် ဆိုးဝါးစွာ ပျက်စီးခဲ့ရာ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် စိန်ခေါ်မှုများ ဖြစ်ပေါ်စေခဲ့သည်။
ပြည်သူများအနေဖြင့် ငလျင်ဒဏ်သင့်နေရာများသို့ ရောက်ရှိရန်နှင့် ကယ်ဆယ်ရေးလုပ်ငန်းများ အဆင်ပြေစေရန် ရန်ကုန်-မန္တလေး လမ်းဟောင်းကိုသာ အားထားအသုံးပြုလျက်ရှိသည်။ ထို့ပြင် မန္တလေးလေဆိပ်ရှိ အဆောက်အအုံများနှင့် အမြန်လမ်းရှိ လမ်းပိုင်းများ ပျက်စီးမှုကလည်း မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့နှစ်မြို့ဖြစ်သော ရန်ကုန်နှင့် မန္တလေးကြား ခရီးသွားလာမှုကို ထပ်မံနှောင့်နှေးစေခဲ့သည်။
အောက်မြန်မာပြည်မှ မီးသတ်တပ်ဖွဲ့ဝင်များ အပါအဝင် ကယ်ဆယ်ရေးအဖွဲ့များသည် နေပြည်တော်နှင့် မန္တလေးကဲ့သို့ ငလျင်ဒဏ် ဆိုးဝါးစွာခံစားခဲ့ရသောနေရာများသို့ ရောက်ရှိလာခဲ့သည်။ သို့ရာတွင် ပျက်စီးနေသော အဆောက်အအုံ၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု၊ တယ်လီဖုန်းနှင့် အင်တာနက်ဝန်ဆောင်မှုများ ပြတ်တောက်မှု စသည်တို့ကလည်း ကယ်ဆယ်ရေးလုပ်ငန်းများကို အခက်အခဲဖြစ်စေခဲ့သည်။
နိုင်ငံတကာအကူအညီများလည်း စတင်ရောက်ရှိလာပြီဖြစ်သည်။ တရုတ်ကယ်ဆယ်ရေးအဖွဲ့လည်း မြန်မာနိုင်ငံ၏ အရေးပေါ်အခြေအနေတုံ့ပြန်မှုအား ပံ့ပိုးကူညီရန်နှင့် ငလျင်ဒဏ်သင့်ရပ်ရွာလူထုကို အကူအညီပေးရန် မတ် ၂၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
မြန်မာနိုင်ငံသည် လတ်တလောသမိုင်းကြောင်းတွင် အင်အားအပြင်းဆုံးငလျင်များအနက် တစ်ခုမှ ပြန်လည်နာလန်ထူရေးလုပ်ငန်းကို ရင်ဆိုင်နေရသလို တာဝန်ရှိသူများနှင့် ကယ်ဆယ်ရေးအဖွဲ့များကလည်း ငလျင်ဒဏ်သင့်သူများကို ကူညီရန် အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်လျက်ရှိသည်။
မြန်မာနိုင်ငံ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်တွင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ဖိတ်ခေါ်ထားသည်။ ၎င်းသည် ကယ်ဆယ်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် မတ် ၂၉ ရက် နံနက်ပိုင်းက မန္တလေးမြို့သို့ ရောက်ရှိခဲ့သည်။
မတ် ၂၉ ရက် နံနက်ပိုင်းအထိ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁,၀၀၂ ဦး၊ ဒဏ်ရာရသူ ၂,၃၇၆ ဦးရှိပြီး လူ ၃၀ ကျော် ပျောက်ဆုံးလျက်ရှိကြောင်း မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသော တရုတ်နိုင်ငံမှ ကယ်ဆယ်ရေးသမားများကို ၂၀၂၅ ခုနှစ် မတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
Feature: Rescue efforts intensify despite major disruptions after powerful earthquake hits Myanmar
MANDALAY, Myanmar, March 29 (Xinhua) — Rescue efforts have intensified in Myanmar despite severe disruptions to transportation and communication networks following a powerful 7.7-magnitude earthquake that struck the country on Friday afternoon.
The quake, which originated near Sagaing, triggered 12 aftershocks ranging from 2.8 to 7.5 in magnitude, further worsening conditions in the affected areas.
The devastation has been widespread, with Mandalay, Bago, Magway, northeastern Shan State, Sagaing, and Nay Pyi Taw among the hardest-hit regions.
The Myanmar government has declared a national emergency as emergency responders work tirelessly to assist those in need.
A critical transport link, the Yangon-Mandalay highway, suffered severe damage near Nay Pyi Taw and Mandalay, making relief operations challenging.
People have resorted to using the older Yangon-Mandalay road to arrive at the quake-hit areas and facilitate rescue efforts. Additionally, the collapse of buildings in Mandalay Airport and sections of the highway has further disrupted travel between Yangon and Mandalay, Myanmar’s two largest cities.
Rescue teams, including fire service personnel from lower Myanmar, have arrived at the severely affected areas like Nay Pyi Taw and Mandalay. However, damaged infrastructure, power outages, and disruptions to phone and internet services have complicated relief efforts.
International assistance has begun arriving. A Chinese rescue team landed in Yangon on Saturday morning to support Myanmar’s emergency response and provide aid to affected communities.
As authorities and rescue teams work around the clock to assist those impacted by the disaster, Myanmar faces the daunting task of recovering from one of its most powerful earthquakes in recent history.
Myanmar leader Senior General Min Aung Hlaing has called for humanitarian assistance from both local and international communities. On Saturday morning, Min Aung Hlaing arrived in Mandalay to facilitate the rescue operations.
As of Saturday morning, 1,002 were killed in the disaster, and 2,376 were injured, 30 remained missing, according to the Information Team of Myanmar’s State Administration Council. Enditem
Photo 1: This photo taken on March 28, 2025 shows a damaged building after an earthquake in Mandalay, Myanmar. (Xinhua)
Photo 2: Chinese rescuers arrive at the Yangon International Airport in Yangon, Myanmar, March 29, 2025. (Photo by Haymhan Aung/Xinhua)